မကောင်းတဲ့သူတွေရှိသလို လူကောင်းတဲ့တွေကကူညီပေးတတ်တယ်

အင်တာနက်နဲ့ပဲဖြစ်ဖြစ် ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် စားသောက်ဆိုင်ကနေ မှာလို့ရတဲ့အဆင်ပြေလွယ်ကူတဲ့ခေတ်ကိုရောက်လာခဲ့ပါပြီ။

ဒါပေမယ့် မကောင်းတဲ့အကြံအစည်နဲ့ ကောက်ကျစ်တဲ့သူတွေကလည်း များလာပါတယ်။

ဒါကတော့ နရခရိုင်မှာရှိတဲ့ Tonkatsu ဆိုင်ဖြစ်ပါတယ်။

ဝက်သားကိုထူထူလှီး၊ ပါးမုန့်ခြောက်နဲ့ကပ်ပြီး ဆီပူထဲမှာကြော်ထားတဲ့အစားအစာတွေကို ရောင်းတဲ့ဆိုင်ပါ။

ဒါကိုဆော့စ်များများလေးထည့်ပြီးစားမယ်ဆိုရင် ထမင်းဘယ်နှစ်ပန်းကန်ပဲဖြစ်ဖြစ်စားလို့ရတဲ့ ဂျပန်ဟင်းလျာတစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။

https://grapee.jp/759929

 

အဲ့ဒီဝက်သားကြော်ဆိုင်ကို ဖုန်းနဲ့ထမင်းဘူးတွေအများကြီးမှာယူပြီးမှ လာမယူတဲ့ မကောင်းကြံမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

Tonkatsu ကကြော်ခါစမှာပဲ ပူပူလေးနဲ့အရသာရှိပါတယ်။

အချိန်ကြာသွားလေလေ စားချင်စရာမကောင်းတော့ဘဲ တန်းဖိုးလည်းကျသွားပါတယ်။

ဒါက ဒုက္ခပေးတာထက်ပိုတဲ့ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်လိုက်တာပါပဲ။

မကောင်းကြံခံရတာကို Twitter မှာတင်လိုက်တဲ့အခါမှာတော့ ဒီအကြောင်းကိုဖတ်မိတဲ့ သူတွေဆီကနေ ဒီလိုတုံ့ပြန်မှုတွေရှိခဲ့ပါတယ်။

ဆိုင်ရှင်ရေ ဒီတစ်ခေါက်ထမင်းဘူးတွေကျန်နေရင် ကျွန်တော်ဝယ်မယ်!

 

ဒီအချိန်မှာ ဆိုင်ကိုလာတဲ့ယောက်ျားလေးတစ်ယောက်ကလည်း၊ “ဟိုလေ… နောက်ပြောင်ပြီးမှာယူထားတဲ့ထမင်းဘူးတွေ ပိုလျှံနေတယ်ထင်လို့ ကျွန်တော်ဝယ်မယ်နော် “လို့ပြောခဲ့ပါတယ်။

https://grapee.jp/759929

 

ကောင်မလေးနောက်တစ်ယောက်ကဖုန်းဆက်ပြီး၊ “ ထမင်းဘူးတွေကျန်နေသေးလားရှင့်?” လို့မေးပြီးဝယ်ယူခဲ့ပြန်ပါတယ်။

ပုံကြီးချဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီလိုနွေးထွေးတဲ့အင်တာနက်က ဂျပန်နိုင်ငံရဲ့အနာဂတ်ကို မြင့်တင်ပေးနေတယ်လို့ထင်ပါတယ်။

ဒုက္ခရောက်နေတဲ့အချိန်မျိုးမှာ အပြန်အလှန်ကူညီဖေးမပေးလို့ရတာကိုလည်းတွေ့ရပါတယ်။

ဒီလိုမကောင်းကြံခဲ့တဲ့လူတွေကလည်း တော်တော်လေးကိုဆိုးရွားလွန်းပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: