အရင်က ယာကူဇာလုပ်ခဲ့တာမို့လို့ ထောင်ကထွက်ပြီးတဲ့နောက် လမ်းပေါ်မှာ နေရတာက သဘာဝပဲလား?

စစ်ပြီးတဲ့နောက် ဂျပန်နိုင်ငံရဲ့ အလျှင်အမြန်တိုးတက်လာအရာတွေထဲမှာ  ယာကူဇာအဖွဲ့အစည်းကလည်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

https://www.nippon.com/ja/currents/d00205/

 

သူတို့တွေက ကြမ်းဖက်မှု၊ခြိမ်းခြောက်မှု၊ တရားမဝင်လှုပ်ရှားမှုတွေကို ထပ်ထပ်ခါလုပ်ပြီး လူတွေကို ကြောက်ရွံ့စေပါတယ်။

ဒါပေမယ့် ဂျပန်ရဲတွေက ယာကူဇာအဖွဲ့တွေကို လိုက်လံဖျက်သိမ်းပစ်ရာကနေ အသက်ဆက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ယာကူဇာတွေဟာ များပြားလာပါတယ်။

 

အဲ့ဒီထဲကမှ Mr.Kurodaဆိုတဲ့ အမျိုးသားတစ်ဦးကတော့ မူးယစ်ဆေး လက်ဝယ်ပိုင်ဆိုင်မှု၊ သုံးစွဲမှုတို့နဲ့ ထောင်နန်းစံရပါတယ်။ ယာကူဇာအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရာဇဝတ်မှုမှတ်တမ်းပေါင်းများစွာ ရှိတာကတော့ မထူးဆန်းတော့ပါဘူး။

အဲ့ဒီလိုကနေ အသက်ငါးဆယ်အရွယ်မှာ ထောင်ကနေထွက်လာတဲ့သူက သူ့ဘဝမှာပထမဆုံးအနေနဲ့ အလုပ်အကိုင်အတည်တကျလုပ်ဖို့ ကြိုးစားလာပါတယ်။ အသိတွေထဲမှာလည်း အားကိုးရတဲ့သူမရှိတာကြောင့် မြို့နယ်စည်ပင်သာယာရုံးကို သွားပြီး လူမှုဖူလုံရေးအတွက် လျှောက်လွှာတင်ခဲ့ပါတယ်။

လူမှုဖူလုံရေးဆိုတာ အလုပ်ချက်ချင်းမရှာနိုင်တဲ့သူတွေ၊ မသန်စွမ်းတွေအတွက် ထောက်ပံ့ငွေပေးအပ်တဲ့စနစ်ပါ။ ဒါပေမယ့် ဒီလိုစနစ်မှာတောင် ယာကူဇာဆိုရင် မထောက်ပံ့ဘူး ဆိုပြီး Mr.Kuroda က အငြင်းခံခဲ့ရပါတယ်။

 

ဒါပေမယ့် Mr.Kuroda က ထောင်ကမထွက်မှီ သူအရင်ကလုပ်ခဲ့တဲ့ယာကူဇာအဖွဲ့နဲ့ ဆက်သွယ်စကားပြောပြီး ယာကူဇာအဖြစ်ကနေ နှုတ်ထွက်ထားပါတယ်။

ဒီအကြောင်းကို စည်ပင်သာယာရေးဝန်ထမ်းကို ရှင်းပြပြီး စည်ပင်သာယာရေးဝန်ထမ်းက ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ရဲစခန်းမှာတာဝန်ရှိသူမရှိလို့ ဒီနေ့တော့မလုပ်ပေးနိုင်ဘူးလို့ပဲ ပြောခဲ့ပါတယ်။

ဒီလိုမျိုးနဲ့ Mr.Kuroda က အိပ်စရာနေရာတောင်မရှိတဲ့ဘဝ ရောက်ရပါတော့တယ်။

 

အရင်က ယာကူဇာလုပ်ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးလာတာ အမှန်ဖြစ်ပေမယ့် အဲ့လိုလုပ်ခဲ့အတွက် အပြစ်ကြွေးကို ထောင်ထဲမှာ ဆပ်ခဲ့ပြီးပါပြီ။

 

အဲ့လိုမကောင်းတဲ့အလုပ်နေရာကနေ ထွက်လာပြီး လူမှုဖူလုံရေးလည်းမရ ပြန်စရာလည်းမရှိ စားဖို့တောင်ပိုက်ဆံမရှိတဲ့ အနေအထားအထိဖြစ်လာတဲ့ ယာကူဇာဟောင်းတစ်ယောက်ဟာ

ယာကူဇာအဖွဲ့ထဲကို ပြန်ဝင်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။

ဒီလိုယာကူဇာအဖွဲ့ထဲ နောက်တစ်ခေါက်ပြန်ဝင်သွားတဲ့လူအဖို့တော့ တော်တော်နဲ့ဒီနွံ့ထဲက မထွက်နိုင်ကြတော့ပါဘူး။

 

ဒီလို အရင်က ယာကူဇာလုပ်ခဲ့လို့ဆိုပြီး သာမန်လူအဖြစ်နေထိုင်ဖို့ ကြိုးစားနေတဲ့သူကို အပေါ်ကလိုမျိုး ပစ်ပယ်တဲ့လုပ်ရပ်က မှန်ကန်ရဲ့လား။

ဒီလိုအတွေးမျိုးတွေးမိတာက စာရေးသူတစ်ဦးထဲ မဟုတ်ဘူးလို့ ထင်ပါတယ်။

 

ယာကူဇာတွေက မကောင်းတာမှန်ပေမယ့် လူမှုပတ်ဝန်းကျင်ကိုလည်း တည်ငြိမ်အောင်လုပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။

ရှောဝခတ်မှာဆိုရင် ယာကူဇာအကြောင်းအခြေခံတဲ့ ဇာတ်ကားတွေလည်း လွှင့်ခဲ့ပါတယ်။

တာဝန်၊ လူသားဆန်မှု၊ တရားမျှတမှု ဆိုတဲ့စကားလုံးတွေအတိုင်း လိုက်နာနေထိုင်ကြတဲ့ယာကူဇာတွေကို ဂျပန်ပြည်သားတွေက “မိုက်လိုက်တာ”ဆိုပြီး ကောင်းတဲ့ဘက်ကနေတောင် တွေးခဲ့ကြဖူးပါတယ်။

 

ပြီးတော့ မြို့မှာယာကူဇာလိုလူရှိတဲ့အတွက် လူငယ်တွေ မဟုတ်တာမလုပ်နိုင်တော့ပါဘူး။ ဥပမာပေးရမယ်ဆိုရင် ကားကို ပရမ်းပတာမောင်းရင်း တခြားယာကူဇာရဲ့ကားကို အနှောက်အယှက်ပေးမိရာက အသတ်ခံရလိုက်တဲ့ဖြစ်စဥ်မျိုးလည်း ရှိပါတယ်။

ဒီလိုနဲ့နောက်ပိုင်း ယာကူဇာအဖွဲ့တွေ အားနည်းလာတဲ့အခါ လူငယ်တွေက ဆူပူအုံကြွလာပြီး ပရမ်းပတာကားမောင်းလာတာတွေကလည်း မြင်တွေ့လာရပါတယ်။

 

အကြမ်းဖက်မှု၊ ကြောက်ရွံ့မှုနဲ့ လူတွေကို ထိန်းချုပ်တာက မကောင်းပေမယ့် အဲ့ဒါတွေမရှိတော့တဲ့အခါ ငြိမ်းချမ်းသွားလားလို့ ပြောပြန်ရင်လည်း ပိုပြီး အန္တရာယ်တွေများလာတယ်လို့သာ တွေးမိပါတယ်။

 

ဒါနဲ့ဆက်စပ်ပြီးပြောရမယ်ဆိုရင် ဂျပန်မှာ လိုအပ်သောမကောင်းမှု”(hitsuyouaku、必要悪)ဆိုတဲ့ စကားလုံးရှိပါတယ်။ တရားမျှတမှုနဲ့ပဲသာဆိုရင် အားလုံးကို ငြိမ်းချမ်းအောင် မစွမ်းဆောင်နိုင်ပါဘူး။ရဲစခန်းကနေလည်း ဖြေရှင်းလို့မကုန်နိုင်တဲ့ အမှုတွေ အများကြီးပါ။ တစ်ခါတစ်လေမှာတော့ အားလုံးကောင်းဖို့အတွက် လူကြမ်းကြီး ရှိနေပေးဖို့တော့ လိုပါတယ်။

 

ဒီလိုမျိုး ယာကူဇာတွေနဲ့ မပြတ်သားတဲ့ပုံစံနဲ့ ထိန်းသိမ်းလာခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးမှာ “လိုအပ်သောမကောင်းမှု”ဆိုတာကို ဖယ်ရှားလိုက်ရင် နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲ။ ဂျပန်လူမျိုးအားလုံးရဲ့စိတ်ထဲမှာတော့ စိတ်အေးတစ်ဝက်၊ မအေးတစ်ဝက်ဖြစ်နေမယ်လို့ပဲ ထင်မိပါတော့တယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: