စတင်ပြောင်းလဲလာတဲ့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင်

ဂျပန်မှာတော့ အလုပ်ခွင်ပတ်ဝန်းကျင်က တော်တော်လေးပြောင်းလဲလို့လာနေပါတယ်။

အကုန်လုံးပြောင်းလဲတာတော့မဟုတ်ပေမယ့် အရင်ကမတွေးမိလောက်တဲ့ အလုပ်လုပ်နည်းတွေကို ဂျပန်လူမျိုးတွေက စတင်ထောက်ခံလာကြပါတယ်။

“ ကိုယ်တိုင်တာဝန်ယူမှု” ကို တောင်းဆိုလာကြတဲ့ လွတ်လပ်တဲ့အလုပ်ခွင်။ သင်ဆိုရင်ရော ဒီလိုနေရာမှာ လုပ်နိုင်ပါ့မလား?

ပထမတစ်ခုက သာမန်အဝတ်အစားတွေပါ။

https://www.pasonacareer.jp/hatalabo/entry/2015/12/16/102350

 

အရင်ကတော့ ဂျပန်အလုပ်ခွင်မှာဆိုရင် အမြဲ အနောက်တိုင်းကုတ်အင်္ကျီနဲ့ နက်ခတိုင်ဝတ်ပေမယ့် နောက်ပိုင်းမှာ တော်တော်လေး သာမန်ကျတဲ့အဝတ်တွေ ဝတ်လာကြပြီး အပေါ်က ဓာတ်ပုံလိုမျိုး နက်ခတိုင်မတပ်လည်း လုံးဝပြဿနာမရှိပါဘူး။

နေရာအလိုက် sneaker တို့ Polo Shirts တို့ဝတ်လို့လည်းရပါတယ်။

ဒါပေမယ့် ရုံးကို အပျော်လာတာမဟုတ်တဲ့အတွက် ကန့်သတ်ချက်တော့ ရှိပါတယ်။

ဘောင်းဘီတိုနဲ့ flip flops တွေ ဝတ်မလာရဘူးဆိုတာကတော့ မေးစရာကိုမလိုဘူးလို့ ထင်ပါတယ်။

အိုင်တီကုမ္ပဏီလိုမျိုး တစ်မူထူးခြားတဲ့လုပ်ငန်းကလွဲပြီး တခြားအလုပ်ခွင်မှာဆိုရင်တော့ ဒါက ကျင့်ဝတ်ချိုးဖောက်မှုမြောက်ပါတယ်။

တစ်နေ့တစ်နေ့ ဘာဝတ်ရမလဲ စဥ်းစားရခက်တဲ့သူအတွက်တော့ အနောက်တိုင်းဝတ်စုံပဲ အလွယ်ရွေးပြီး ရုံးတက်ရင်လည်း ပြဿနာမရှိပါဘူး။

 

နောက်တစ်ခုကတော့ မိမိအဆင်ပြေသည့်နေရာတွင် အလုပ်လုပ်နိုင်ခြင်း(Free Address)ပါ။

https://www.qualitysoft.com/corporate/csr/work/

အလုပ်ခွင်မှာ ကိုယ့်အတွက် ထိုင်ခုံသတ်မှတ်ပေးထားတဲ့အတွက် အဲ့ထိုင်ခုံမှာပဲ ထိုင်ပြီး အလုပ်လုပ်ရတာက သဘာဝပါ။

ဒါပေမယ့် အခုခေတ်မှာတော့ မိမိအဆင်ပြေသည့်နေရာတွင် အလုပ်လုပ်နိုင်ခြင်း (Free Address) ဆိုပြီး နေရာမသတ်မှတ်ထားတဲ့ ရုံးတွေလည်း တဖြည်းဖြည်းများလာပါတယ်။

ဘယ်နေရာမှာ ထိုင်ထိုင် ထိုင်လို့ရတယ်ဆိုတဲ့ သဘောပါ။

ဘာလို့ဒီလိုမျိုးစနစ်ကို လုပ်ဆောင်တာလဲဆိုရင် ပထမတစ်ချက်ကတော့ နေရာချွေတာတာပါ။

ထိုင်ခုံသတ်မှတ်ထားတယ်ဆိုရင် အဲ့ဒီနေရာမှာပဲ ပစ္စည်းကို ထားရပါတယ်။

Free Address ဆိုရင် ကိုယ့်ပစ္စည်းကိုသိမ်းပြီး ချက်ချင်းပြန်နိုင်လောက်မယ့် ပစ္စည်းလေးပဲ ထားမှာဖြစ်တဲ့အတွက် နေရာလည်းမယူဘဲ ခြုံကြည့်မယ်ဆိုရင် နေရာယူတာနည်းပါတယ်။

ဒီလိုနဲ့ တစ်ယောက်ချင်းစီရဲ့ အလုပ်နေရာကို ၄၀% ကနေ ၅၀ %လောက်လျော့ချနိုင်ပါတယ်။

ပြီးတော့ ဒီလိုမျိုးအလုပ်ခွင်မှာဆိုရင် စာရွက်စာတမ်းကလည်း ရှုပ်ယှက်ခတ်တတ်ပါတယ်။

စာရွက်စာတမ်းအသုံးပြုတာကလည်း လျော့ကျ၊ ကုန်ကျစရိတ်လည်း လျော့ကျတာဆိုတော့ ကမ္ဘာကြီးအတွက်လည်း ထည့်စဥ်းစားပေးရာကျတာပေါ့။

ပြီးတော့ နေ့တိုင်းသန့်ရှင်းရေးလုပ်ပြီးမှ အိမ်ပြန်တာကြောင့် ရုံးကလည်း အမြဲသန့်ရှင်းနေပါတယ်။

ဒါ့အပြင် တစ်နေ့တစ်နေ့ မတူညီနဲ့လူတွေနဲ့ ဘေးချင်းယှဥ်ထိုင်ပြီးအလုပ်လုပ်ရတာမို့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုတိုးလာတာကလည်း ကောင်းကျိုးတစ်ခုပါပဲ

ဒါပေမယ့် တစ်ဖက်မှာလည်း ရုံးတွင်းစီမံရတာ ခက်ခဲလာတယ်ဆိုတဲ့ မကောင်းတဲ့အချက်လည်း ရှိနေပြန်ပါတယ်။

အမြဲတစ်နေရာထဲမှာ ထိုင်နေတာမဟုတ်တော့ ဝန်ထမ်းဦးရေများတဲ့အခါ ရုံးလာမလာစစ်ဆေးရတာမှာလည်း ခက်ခဲလာပြီး အချောင်ခိုတဲ့သူတွေလည်း ရှိလာပါတယ်။

 

တတိယတစ်ခုက သင့်တော်တဲ့အလုပ်ချိန်ပါ။

https://tenshoku.mynavi.jp/knowhow/caripedia/65

အလုပ်ချိန်ကို ကိုယ်အဆင်ပြေသလို ညှိလို့ရပါတယ်။

မနက်ခင်းနေမြင့်မှထရတာကြိုက်တဲ့သူက မနက်ခင်းပိုင်း ရုံးမတက်လည်းရတာတို့ ရထားလူကြပ်တာကို မကြိုက်တဲ့သူဆိုရင် နည်းနည်းနောက်ကျပြီးမှ လာလို့လည်း ရပါတယ်။

အလွန်ဆုံးပြောရမယ်ဆိုရင် ညနေခင်းမှ ရုံးလာပြီး တစ်ညလုံးအလုပ်လုပ်လို့လည်း ရပါတယ်။

ဒါပေမယ့် အဓိကအလုပ်ချိန်(Core Time)ဆိုပြီး သတ်မှတ်ထားတာမျိုးလည်း ရှိပါတယ်။

အားလုံးစုပြီး အစည်းအဝေးလုပ်ဖို့လိုတဲ့ အလုပ်ခွင်မှာဆိုရင် ဝန်ထမ်းအားလုံးစုံတဲ့အချိန်ကို သတ်မှတ်ပြီး အဲ့ဒီအချိန်ကို Core Timeလို့ သတ်မှတ်ပါတယ်။

အပေါ်မှာပြောခဲ့သလိုမျိုး Free Address နဲ့ အလုပ်လုပ်မယ်ဆိုရင် ရှိတဲ့ဝန်ထမ်းထက် ပိုနည်းတဲ့ ထိုင်ခုံနဲ့ ကုမ္ပဏီကို ဆက်လည်ပတ်နိုင်တာက ကုမ္ပဏီအတွက်တော့ အတော်ကြီးမားတဲ့ကောင်းကျိုးပါ။

 

 

နောက်ဆုံးတစ်ခုက အလုပ်ခွင်ပြင်ပမှ အလုပ်လုပ်ခြင်း (Remote Work)ပါ။

https://www.lifehacker.jp/2016/11/161123remote_work_howtoask.html

အလုပ်ကို သေချာလုပ်ပေးရင် ရုံးမလာလည်း ရတယ်ဆိုတဲ့သဘောပါ။

ကိုယ့်အိမ်မှာဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ကော်ဖီဆိုင်ဖြစ်ဖြစ် ဒါမှမဟုတ် ကမ်းခြေလေးမှာ ပင်လယ်ပြင်ကို ငေးရင်းနဲ့ အလုပ်လုပ်ရင်တောင် ရပါတယ်။

Core Time မှာလည်း တော်တော်ကြာမှ မီတင်လုပ်တတ်တာမို့ နိုင်ငံခြားမှာ သွားပြီးတောင် လုပ်လို့ရပါတယ်။

Free Address လောက်တောင် အလုပ်နေရာမယူဘဲလုပ်နိုင်တာမို့ ကုမ္ပဏီကုန်ကျစရိတ်လည်း အတော်လေး လျော့ပါတယ်။

ပြီးတော့ မီတာခလည်း သိပ်မကုန်တော့ဘူးပေါ့။

နောက်တစ်ချက်က ကလေးထိန်းဖို့ ခွင့်ယူရတဲ့ အမျိုးသမီးတွေအတွက်ဆိုရင်လည်း ကလေးထိန်းရင်း အလုပ်လုပ်နိုင်တာမို့ တော်တော်အဆင်ပြေလှပါတယ်။

ဒါပေမယ့် စည်းမရှိရင်တော့ အချိန်ဖြုန်းသလိုပဲ ဖြစ်မှာပါ။

 

အခုတလော ဒီလိုပုံစံပြောင်းလာတဲ့ ဂျပန်ရုံးခန်းတွေက ကုမ္ပဏီအတွက်ရော ဝန်ထမ်းတွေအတွက်ရော ကောင်းမွန်သင့်တော်တဲ့အလုပ်ခွင်ဖြစ်လာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အလုပ်ခွင်မှာ အဓိကကျတာကတော့ ညွှန်ကြားမှုမရှိပေမယ့်လည်း ကောင်းကောင်းအလုပ်တဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ပြင်းပြတဲ့ အလုပ်လုပ်ချင်စိတ်ဖြစ်ပါတယ်။

သင်ဆိုရင်ရော ဒီလိုအလုပ်ပတ်ဝန်းကျင်မှာဆို အလုပ်ကောင်းကောင်းလုပ်နိုင်ပါ့မလား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: