တိုကျိုသားတွေ အေးတိအေးစက်နိုင်တာလား ?
တိုကျိုအပြင်ဘက်က တခြားဒေသတွေမှာ ဒီလိုပြောသံတွေကို ခဏခဏကြားရပါတယ်။
“တိုကျိုသားတွေက အေးတိအေးစက်နဲ့”
ပြောချင်တာကို နားလည်ပါတယ်။ ဒါပေမယ့် တိုကျိုဖွားဖြစ်တဲ့ စာရေးသူအနေနဲ့ကတော့ အသံကျယ်ကြီးနဲ့ ဒီလိုငြင်းလိုက်ချင်ပါတယ်။
တိုကျိုသားတွေ အေးတိအေးစက်နိုင်တာမဟုတ်ဘူး။
စာရေးငယ်ငယ်တုန်းက၊ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်တုန်းကပေါ့ … တစ်ချိန်တုန်းက တိုကျိုမြို့ဟာစည်ကားပြီး ပြည်သူတွေရဲ့စကားသံတွေက မြို့ထဲမှာပျံ့လွှင့်နေခဲ့ပါတယ်။
https://matome.naver.jp/odai/2143253137227828101/2143349204460175203
အမေကိုကူရင်းနဲ့ ဈေးထဲကိုအတူလိုက်သွားရင် သူငယ်ချင်းတွေရဲ့ အဖေတွေက ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေကို ရောင်းကြပါတယ်။
မုန့်ဆိုင်မှာမုန့်သွားဝယ်မယ်ဆိုရင်လည်း မုန့်ဆိုင်ကအဖွားက အတန်းဖော်သူငယ်ချင်းရဲ့ အဖွားပါပဲ။
အကုန်လုံးနဲ့ ရင်းနှီးနေတော့တာပေါ့။
ကျောင်းအပြန်လမ်းမှာ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်မယ်ဆိုရင် အနားမှာရှိတဲ့ဦးလေးကြီးတွေက ဆူပါတယ်။
အခြေအနေအရနီးရင်နီးသလို ဖုန်းကနဲ ရိုက်ခံလိုက်ရတာမျိုးလည်း အရင်ကရှိခဲ့ဖူးပါတယ်။
တစ်ယောက်နဲ့တစ်ယောက် စကားတွေရင်းရင်းနှီးနှီးပြောပြီး အေးတိအေးစက်နေကြတယ်ဆိုတဲ့ ခံစားချက်မျိုးလုံးဝမရှိခဲ့ပါဘူး။
ဒါကတော့ နေထိုင်စားသောက်မှုပုံစံပြောင်းလဲမှုရဲ့ ကြီးမားတဲ့သက်ရောက်မှုတစ်ခုကြောင့်ဖြစ်ပါတယ်။
ကြီးမားတဲ့သက်ရောက်မှုကို ဖြစ်စေခဲ့တဲ့အရာကတော့ စူပါမားကတ်ကြီးတွေပါ။
https://twitter.com/odanii0414/status/779249568965722113?lang=da
အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အရက် စသဖြင့်လိုချင်တာအားလုံးကို တစ်နေရာထဲမှာ ဝယ်လို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အဖတ်မလုပ်ဘဲ ဝယ်ချင်တာကို ဝယ်နိုင်တာမျိုးဖြစ်လာခဲ့ပါတယ်။
အရင်တုန်းက ငါးသည်က လိုချင်တဲ့ငါးကို လိုသလိုခုတ်ပိုင်းပေးပြီး အသားတွေဆိုရင်လည်း နှုတ်နဲ့ဘယ်နှစ်ဂရမ်လောက်လိုချင်တယ် ခုတ်ပေးပါလို့ပြောလို့ရပါတယ်။
စူပါမားကတ်တွေမှာဆိုရင်တော့ အထုပ်လေးတွေထုပ်ထားပေးတဲ့ အသား၊ငါးတွေကို ယူလိုက်ရုံပဲဆိုတော့ စကားပြောစရာလည်း မလိုတော့ပါဘူး။
အဆင်ပြေသက်သာတယ်ဆိုပြီး စူပါမားကတ်တွေက ကြီးမားတဲ့လွှမ်းမိုးမှုရှိလာခဲ့ပြီး မြို့ထဲကတစ်ဦးဆိုင်တွေကလျှော့နည်းလာခဲ့ရာမှာ ဈေးဝယ်ရင်စကားပြောစရာမလိုတော့လို့ အသိမိတ်ဆွေတွေနဲ့တောင် စကားမပြောကြတော့တာမျိုးဖြစ်လာခဲ့ပါတယ်။
နောက်ပြီး လူဦးရေတိုးပွားလာခဲ့တာကလည်း ကြီးမားတဲ့လွှမ်းမိုးမှုကြီးတစ်ခုဖြစ်လာပါတယ်။
တခြားဒေသတွေကနေ တိုကျိုကိုရောက်လာတဲ့သူတွေ ပိုပိုများလာပြီး ပြည်သူတွေဟာ တစ်ထပ်အိမ်လေးတွေကနေ တိုက်ကြီးတွေဆောက်ပြီးနေဖို့ဖြစ်လာခဲ့ပါတယ်။
တိုက်ရဲ့ဘေးခန်းကလူက ဘယ်သူလဲ၊ ဘယ်လိုလူတွေနေလဲ ဆိုတာမျိုးတွေကို လှည့်တောင်မကြည့်ကြတော့ပါဘူး။
တခြားဒေသကလူတွေထဲမှာ အရှက်အကြောက်ကြီးလွန်းပြီး စကားမပြောဖြစ်တဲ့လူတွေက တော်တော်ကိုများပါတယ်။
Kansai စကားပြောတဲ့သူတွေက အကြမ်းအားဖြင့် ဘယ်ကိုပဲသွားသွား Kansai စကားကိုပြောလိုက်မယ်ဆိုရင် တခြားလူတွေက ရှက်စရာကောင်းတယ်လို့ တွေးကြတာများပါတယ်။
ဒီလိုတွေဖြစ်တာများလာတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြတော့ပါဘူး။
စကားမပြောဖြစ်ကြတော့တာကြောင့် ပြောစရာတွေလည်း မရှိတော့တာမျိုးဖြစ်လာပြီး …..ခုလိုအေးတိအေးစက်နိုင်တဲ့ မြို့ကြီးဖြစ်လာခဲ့တော့တာပါပဲ။
ဒါပေမယ့် တိုကျိုမှာကြီးပြင်းလာခဲ့တဲ့ စာရေးသူအဖို့ကတော့ အတန်းဖော်တွေက ဘာမှသိပ်မသိလို့ အေးတိအေးစက်ဖြစ်တဲ့ခံစားချက်မျိုးမရှိခဲ့ပါဘူး။
ဟုတ်ပါတယ်။ စာရေးသူကတော့ တိုကျိုမြို့ကြီး အေးတိအေးစက်ဖြစ်နေရတာက တိုကျိုသားတွေတင်မကဘဲ အနယ်နယ်အရပ်ရပ်ကရောက်လာတဲ့သူတွေအားလုံး ဒီလိုပဲလို့တွေးမိပါတယ်။
မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ကြီးမှာဆိုရင်လည်း တဖြည်းဖြည်းတိုးတက်မှုတွေရှိလာပြီး တချို့အိမ်နီးနားချင်းတွေနဲ့လည်း သိပ်ရင်းနှီးမှုမရှိဘူးဆိုပေမယ့် အချင်းချင်းနွေးထွေးမှုနဲ့ ကူညီဖေးမမှုတွေရှိနေသေးတာက ဝမ်းသာစရာတစ်ခုပါပဲ။
တိုးတက်လာတာနဲ့အမျှ နွေးနွေးထွေးထွေးပြောဆိုဆက်ဆံမှုတွေ မပျောက်ပျက်သွားစေဖို့ မျှော်လင့်မိပါတော့တယ် …..
Kengo Abe