ယာကူဇာအသိုင်းအဝိုင်းက သက်ကြီးပိုင်းတွေတိုးပွားလာ

ဂျပန်နိုင်ငံမှာ အသက်ကြီးပိုင်းလူတွေ တိုးလာပြီး ဘယ်အသိုင်းအဝိုင်း၊ ဘယ်နယ်ပယ် မှာပဲ ဖြစ်ဖြစ် အလုပ်လုပ်နိုင်စွမ်းရှိတဲ့ လူငယ်လူရွယ်တွေ နည်းပါးလာကာ အခက်တွေ့နေပါတယ်။

အဲ့ဒီအတွက် ဂျပန်နိုင်ငံမှာ နည်းပညာသင် Intern ကျောင်းသားများ အပါအဝင်၊ နိုင်ငံခြားသားများထံမှ အကူအညီရယူရတဲ့ အခြေအနေကို ရောက်လာပါတယ်။

နယ်ပယ်အသီးသီးမှာ ဒီအခြေအနေအတိုင်း ဖြစ်နေပြီး အဆိုးဝါးဆုံး အခက်ကြုံနေရတာကတော့ ယာကူဇာ(Yakuza)အသိုင်းအဝိုင်း ဖြစ်နေပါတယ်။

https://www.cinematoday.jp/movie/T0019648

အရင်ရက်ပိုင်းက ယာကူဇာအဖွဲ့အစည်းကြီးတစ်ခုမှာ ပြဿနာတစ်ခုဖြစ်ခဲ့ပြီး တစ်ဖက်က ယာကူဇာကို သတ်လိုက်တဲ့လူဟာ အသက် ၆၈နှစ်အရွယ် ဖြစ်ပါတယ်။

တစ်ဖန် တစ်ချိန်တည်းမှာပဲ ထောင်ကထွက်လာခဲ့တာက အသက် ၇၂နှစ်ရှိပြီဖြစ်တဲ့ ယာကူဇာဖြစ်နေပါတယ်။

အရင်တုန်းကတော့ ယာကူဇာ(Yakuza)အသိုင်းအဝိုင်းမှာ ခိုက်ရန်ဖြစ်ရင် လူငယ်လူရွယ်တွေက အရှေ့မှာ နေရာယူရကာ၊ ရန်သူကို သတ်လိုက်ပါက ၁၅နှစ် နှစ်၂၀ထောင်ကျပြီး ပြန်လွတ်လာရင် ရာထူးကြီးကြီးရနိုင်တယ်ဆိုတဲ့ ပုံစံဖြစ်ခဲ့ပါတယ်။

သို့သော် ယာကူဇာ(Yakuza)တွေအတွက် ပြစ်ဒဏ်က ပိုမို ကြီးလေးလာပြီး လူတစ်ယောက်သတ်ပါက ထောင်ဒါဏ် တစ်သက်တစ်ကျွန်း၊ အဲ့ဒီလိုနဲ့ ထောင်ကနေ ထွက်မလာနိုင်တော့တာတွေ ဖြစ်လာတဲ့အတွက် လူငယ်တွေကို ရန်ဖြစ်တဲ့အခါ မသွားခိုင်းတော့ပါဘူး။

အဲ့ဒီ‌တော့ ထွက်လာရတာက အသက်ကြီးပိုင်း ယာကူဇာ(Yakuza)တွေ ဖြစ်လာတယ်။

အတင်းအကျပ် ခိုင်းစေခံရတာခြင်းမျိုး မဟုတ်ဘဲနဲ့ ကိုယ်တိုင် စိတ်ပါလို့ လုပ်နေကြပုံပါပဲ။

 

ယခုခေတ်မှာ ယာကူဇာတွေဟာ အလုပ်အကိုင်လည်း လုပ်ခွင့်မရှိကြပါဘူး။ ဂျပန်နိုင်ငံမှာ ဝင်ငွေလည်း ကောင်းကောင်းမွန်မွန် မရှာဖွေ လာနိုင်တော့ပေမယ့်၊ ထောင်ထဲဝင်ရင် အနည်းဆုံးတော့ နေထိုင်စားသောက်မှုအတွက်တော့ အာမခံပေးနိုင်ပါတယ်။

ထောင်ထဲမှာ အသက်ကြီးသွားတဲ့ ယာကူဇာတွေအတွက်ကတော့ ထောင်ဆိုတာ ဘိုးဘွားရိပ်သာသဖွယ် ဖြစ်နေပါတယ်။

 

ဒီတစ်ခေါက် ပြဿနာဖြစ်တာက အသက် ၆၈နှစ်ရှိတဲ့ လူသတ်သမား ယာကူဇာ တစ်ယောက်ဖြစ်ပါတယ်။

သူဟာ ဂျပန်နိုင်ငံ ယာကူဇာအသိုင်းအဝိုင်းရဲ့ အကြီးဆုံးအဖွဲ့အစည်း၊ ယာမဂုချိဂိုင်းရဲ့ လက်အောက်ခံဂိုင်းတစ်ခုဖြစ်တဲ့ ခိုးဒိုးကိုင်(Kodokai) ဆိုတဲ့ အဖွဲ့အစည်းကပါ။

ယာမဂုချိဂိုင်းဟာ ဒီအဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးရင်း ထောင်ကျသွားရင် အဲ့ဒီလူရဲ့ မိသားစုကို ထောက်ပံ့မှုတွေ လုံလုံလောက်လောက်ပေးတယ်လို့ ဆိုကြပါတယ်။

ပိုက်ဆံသာမက သားသမီး၊ မြေးများကို မူလတန်းစတက်တာနဲ့ ယောကျ်ားလေးဆို စက်ဘီး၊ မိန်းကလေးဆို Organ (ဂီတတူရိယာ တစ်မျိုး) စတာတွေကို ဝယ်ပေးပြီး၊ သေသေချာချာ ဂရုစိုက်ပေးတဲ့ပုံပါပဲ။

အဲ့ဒါအပြင် ကျွန်တော်တို့တွေ အိပ်ကောင်းစာကောင်း နေရတာဟာ ကျွန်တော်တို့အစား ထောင်ထဲဝင်ပေးနေတဲ့ အဖွဲ့ဝင်တွေရဲ့ ကျေးဇူးကြောင့်ပါ !ဆိုတဲ့ စကားဟာ အဖွဲ့ဝင်အားလုံးရဲ့ လက်သုံးစကားဖြစ်နေပုံပါပဲ။

ဒီလို အကြောင်းအရာတွေ ရှိတဲ့အတွက် အသက်ကြီးသွားတဲ့ ယာကူဇာတွေဟာ စိတ်အေးလက်အေး နေနိုင်တာလို့ တွေးလို့တော့ရတာပေါ့။

ယာကူဇာအသိုင်းအဝိုင်း ဆိုတာကိုက ကောင်းတာတော့မဟုတ်ပေမယ့် သက်ကြီးရွယ်အို အချင်းချင်း သတ်ဖြတ်နေကြတဲ့ ဒီလို အခြေအနေတွေကြောင့်၊ စိတ်ချမ်းမြေ့စရာမရှိဘဲ ဝမ်းနည်းမှုကိုသာ ခံစားမိပါတော့တယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: