မျက်မှန်တပ်ခွင့်မရှိတဲ့ ဂျပန်လုပ်ငန်းခွင်တွေများတယ်ဆို ?

စာရေးသူလည်း မျက်လုံးသိပ်မကောင်းလို့ အမြဲတမ်းမျက်မှန်တပ်ထားရပါတယ်။

မျက်ကပ်မှန် ဆိုတာမျိုးကိုလည်း ရွေးချယ်လို့ရပေမယ့် မျက်မှန်တွေက ပိုပြီးနေလို့ကောင်းပါတယ်။

ကိုယ့်စိတ်ကြိုက် ကြိုက်တာကို ရွေးချယ်တာကောင်းတယ်လို့ထင်ပေမယ့် ဒီလိုလွယ်လွယ်နဲ့ ပြီးသွားမှာမဟုတ်တဲ့ နေရာမျိုးရှိပါတယ်။

မိန်းကလေးတွေ မျက်မှန်မတပ်ရဆိုပြီး ပိတ်ပင်ထားတာမျိုးပါ။

https://www.j-cast.com/kaisha/2019/11/10372067.html

သူ့နေရာနဲ့သူ ပိတ်ပင်ထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဥပမာ လေယာဥ်ကုမ္ပဏီမှာ အလုပ်လုပ်နေကြတဲ့ လေယာဥ်မယ်လေးတွေဖြစ်ပါတယ်။

အရေးပေါ်အခြေအနေမျိုးတွေမှာဆိုရင် မျက်မှန်ကကျွတ်ကျသွားပြီး ကွဲကြေသွားတာမျိုးဖြစ်တတ်ပါတယ်။

ကယ်ဆယ်ရေးတွေပြုလုပ်တဲ့အခါမှာလည်း မျက်မှန်လိုက်ရှာနေရတာမျိုးဖြစ်တတ်လို့ မျက်မှန်မတပ်ခိုင်းတာပါ။

လေယာဥ်ထဲမှာ မီးခိုးတွေရှိနေရင် ကောင်းကောင်းမမြင်ရတာကလည်း အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

ဒါကတော့ လက်ခံရမယ့် အကြောင်းပြချက်ပါပဲနော်။

နောက်တစ်ခုကတော့ အလှပြင်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာဆိုရင် ဧည့်သည်တွေကို မိတ်ကပ်နဲ့ပက်သတ်တာတွေ ရှင်းပြနေတဲ့အချိန်မှာ မျက်မှန်တပ်ထားမယ်ဆိုရင် စိတ်အနှောက်အယှက်ဖြစ်စေမယ်ဆိုတဲ့အကြောင်းပြချက်ပါ။

ဘာမှလည်းမဟုတ်တာလေးကို ရေးကြီးခွင်ကျယ်လုပ်နေတယ်လို့တွေးမိပေမယ့်လည်း စတိုးဆိုင်ကိုလာတဲ့ ဧည့်သည်ရဲ့မျက်နှာမှာမဟုတ်ဘဲ ကိုယ့်မျက်နှာမှာစမ်းပြခိုင်းမယ်ဆိုရင်ရော ….. ဒီလိုမျိုးတော့ရှိပါမလားနော် ?

ဒါ့အပြင် ဌာနကြီးတွေရဲ့ ကောင်တာ၊ ကုမ္ပဏီကြီးတွေရဲ့ကောင်တာ၊ ဟော်တယ်တွေမျာကျင်းပပြုလုပ်တဲ့ ပွဲအခမ်းအနားရဲ့ဝန်ထမ်းတွေကိုလည်း တားမြစ်ထားတာများတာတွေက အမြင်နဲ့ဆုံးဖြတ်ကြတဲ့ ပြဿနာပါ။

မျက်မှန်မတပ်ထားတာက ရှင်းရှင်းလင်းလင်းမြင်ရတယ်ဆိုတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။

ဂျပန်စားသောက်ဆိုင်တွေ တော်တော်များများမှာလည်း မျက်မှန်တပ်တာကို တားမြစ်ထားပါတယ်။

ကီမိုနိုနဲ့မလိုက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တားမြစ်ထားတာဖြစ်ပါတယ်။

အမြင်ကအရေးကြီးတယ်ဆိုတာကို နားလည်ပေမယ့်လည်း မိန်းကလေးတွေလုပ်ရမယ့်အလုပ်က အမြင်ပိုင်းနဲ့လုပ်ရမယ့်အလုပ်မျိုးမဟုတ်ပါဘူး။

အမြင်ကိုဦးစားပေးတာက ဘယ်လိုပါလိမ့် ?

နောက်ထပ်လက်ခံလို့မရတာက တူညီတဲ့လုပ်ငန်းခွင်မှာတောင် ယောက်ျားလေးတွေကတော့ မျက်မှန်တပ်ခွင့်ရှိတာများပြီး မိန်းကလေးတွေက တပ်ခွင့်မရှိဘူးဆိုတာဟာ  ခွဲခြားဆက်ဆံတာမဟုတ်ဘူးလားဆိုပြီးဖြစ်လာပါတယ်။

စာရေးသူကိုယ်တိုင်ကလည်း မျက်မှန်တပ်ထားတဲ့မိန်းကလေးတွေဆိုရင် အရမ်းသဘောကျတာရယ် အလုပ်လုပ်ရတာပိုလွယ်ကူပြီး အလုပ်ကိုတိတိကျကျလုပ်ပေးတာက ပိုကောင်းတယ်လို့တွေးမိပေမယ့်လည်း …

အပြန်အလှန်အားဖြင့် မျက်မှန်တပ်ဖို့အားပေးတဲ့ နေရာလည်းရှိပါတယ်။

ဒါကတော့ မျက်မှန်ဆိုင်ပါ။

မျက်မှန်ဆိုင်မှာ မျက်မှန်တပ်ထားတဲ့ ကောင်မလေးချောချောလေးကိုသာ အလုပ်ခန့်ထားမယ်ဆိုရင် မျက်မှန်လာဝယ်တဲ့သူတွေလည်း ပိုများလာမယ်ထင်တယ်နော်။

ဒါက ဂျပန်နိုင်ငံမှာ ခုလတ်တလောဖြစ်ပွားနေတဲ့ မိန်းကလေးပြဿနာဖြစ်ပါတယ်။

ဒါတွေကို ပြောနေရမယ့် ခေတ်မဟုတ်တော့ဘူးဆိုတော့ ကျားမမခွဲခြားဘဲ တန်းတူဆက်ဆံပေးရင်ပိုကောင်းမှာပဲနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: