Yokohama မြို့က ဂျပန်နိုင်ငံရဲ့ဆိပ်ကမ်းမြို့လား ?

ကုန်ပစ္စည်းအကြီးကြီးတွေကိုတင်ဆောင်ထားတဲ့ ကွန်တိန်နာသင်္ဘောကြီးတွေနဲ့ ကမ္ဘာတစ်ဝှမ်းကို ကုန်ပစ္စည်းတွေပို့ဆောင်နေတယ်ဆိုတာကိုသိပြီးကြမယ်လို့ ထင်ပါတယ်။

http://www.houwa.net/container/container-zukan/containership-gallery/

ပစ္စည်းတွေတင်ဆောင်နိုင်တဲ့ ပမာဏတွေများရင်များသလို ကုန်တင်သင်္ဘောတွေကလည်းကြီးပါတယ်။

ဒီလိုကုန်ပစ္စည်းကြီးတွေတင်ဆောင်ထားတဲ့ ကုန်တင်သင်္ဘောကြီးတွေ တော်တော်များများဝင်ထွက်နေတဲ့ Yokohama က Kanagawa ခရိုင်မှာတည်ရှိပါတယ်။

ဂျပန်နိုင်ငံကပဲဆိုတာသေချာပေမယ့် Yokohama ဆိပ်ကမ်းက ဂျပန်နိုင်ငံရဲ့ဆိပ်ကမ်းမဟုတ်ဘူးလို့ ပြောပါတယ်။

ဘာကြောင့် ဒီလိုပြောရတာလဲ ?

Yokohama ဆိပ်ကမ်းက ဂျပန်နိုင်ငံရဲ့ဆိပ်ကမ်းမဟုတ်ပါဘူး။

အာစီယမ်ဆိပ်ကမ်းဖြစ်တယ်။

လို့ဆိုပါတယ်။

တရုတ်နိုင်ငံကနေ ထုတ်လုပ်တာတွေကိုလည်း Yokohama ကို အရင်ဆုံးတင်ဆောင်လာခဲ့ပြီး အဲ့ဒီကနေမှတဆင့် အမေရိကန်နိုင်ငံစတဲ့နိုင်ငံတွေဆီကို ဦးတည်ပြီး ဖြန့်ချီပို့ဆောင်ပေးတာများပါတယ်။

စက်မှုဝေါဟာရ အရဆိုရင် the last port လို့ခေါ်ပါတယ်။

မျက်လုံးအမြင်အရ မရောက်သေးခင်နောက်ဆုံးဆိပ်ကမ်းက Yokohama ကသင်္ဘောတွေများတယ်လို့ မြင်ကြပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံရဲ့ဆိပ်ကမ်းဆိုတာထက် အာစီယမ်နိုင်ငံအားလုံးရဲ့ အထွက်ဂိတ်လိုပုံစံမျိုးဖြစ်နေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ဆိပ်ကမ်းဟာလည်း တော်တော်လေးကိုကြီးမားပြီး Yokohama ထက်ပိုကြီးတဲ့ ဆိပ်ကမ်းတွေလည်းရှိတဲ့ထဲမှာမှ ဘာကြောင့် Yokohama ကနေ ထွက်ခွာရလဲဆိုရင် Yokohama ကနေ ထွက်ခွာတဲ့သင်္ဘောတွေက တိမ်းမှောက်မှုမရှိတာကြောင့်လို့ဆိုပါတယ်။

ပင်လယ်ထဲမှာ လှိုင်းလုံးကြီးတွေကြမ်းတမ်းတဲ့အချိန်မျိုးရှိတတ်ပါတယ်။

အပေါ်မှာပြထားတဲ့ပုံထဲကလို ကွန်တင်နာကြီးတွေတင်ဆောင်ထားတဲ့သင်္ဘောကြီး လှုပ်ခတ်တဲ့အချိန်မှာ ဒီလိုမျိုးဖြစ်လာပါတယ်။

https://togetter.com/li/1355680

တန်ဖိုးကြီးတဲ့ပစ္စည်းတွေ ပင်လယ်ထဲကိုပြုတ်ကျကုန်ပါတယ်။

ဒါ့အပြင် လှုပ်ခတ်မှုကပိုပြီးပြင်းထန်တယ်ဆိုရင်တော့ ကုန်ပစ္စည်းတွေညီမျှမှုမရှိတော့ဘဲ လဲပြိုကုန်တာကြောင့် အောက်ကပုံထဲကလိုတောင်ဖြစ်သွားပါတယ်။

https://togetter.com/li/1355680

ဟုတ်ပါတယ်။ သင်္ဘောတစ်ခုလုံးပါ နှစ်မြှုပ်သွားတာမျိုးလည်းရှိပါတယ်။

ကမ္ဘာပေါ်မှာတစ်နှစ်အတွင်း ကွန်တိန်နာပေါင်း ၁ သောင်းလောက်ကို ပင်လယ်ထဲမှာ သယ်ယူပို့ဆောင်နေကြတာဖြစ်ပါတယ်။

အဲ့ဒီအတွက် အာမခံဆိုတာမျိုးတွေလည်းရှိပေမယ့် ပစ္စည်းတွေကိုမှာယူတဲ့သူတွေက မတော်တဆမှုအနည်းဆုံးဆိပ်ကမ်းကိုပဲ ရွေးချယ်ကြပါတယ်။

ဒီလိုနဲ့ Yokohama ဆီကနေထွက်ခွာတဲ့ သင်္ဘောတွေတော်တော်များများကို ရွေးချယ်ဖို့ဖြစ်လာပါတယ်။

Yokohama ကနေထွက်ခွာရင် ဘာကြောင့် မတော်တဆမှုတွေ မဖြစ်ရတာလဲ?

ဒါကတော့ ကွန်တိန်နာစီတဲ့စနစ်က ကမ္ဘာပေါ်မှာထိပ်တန်းအကောင်းဆုံးဖြစ်နေလို့ပါ။

အလေးချိန်ညီမျှမှုကို သေသေချာချာတွက်ချက်ပြီး စီထားတာရယ် ဝါယာကြိုးတွေနဲ့ သေချာချည်နှောင်ထားတာကြောင့်ပါ။

ဒီလုပ်ငန်းတွေက ကျွမ်းကျင်ပိုင်နိုင်တာကြောင့် သင်္ဘောကနည်းနည်းသေးနေရင်တောင် တိမ်းမှောက်တာမျိုးတွေမဖြစ်နိုင်ပါဘူး။

သင်္ဘောကိုယ်ထည်က ၄၅ ဒီဂရီစောင်းနေသွားရင်တောင် မမှောက်နိုင်ဘူးလို့ပြောကြတဲ့ နည်းပညာနဲ့ နိုင်ငံရပ်ခြားခရီးရှည်နှင်ပြီး သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ပစ္စည်းတွေထုတ်လုပ်ရာမှာတင်မဟုတ်ဘဲ ဒီလိုသယ်ယူပို့ဆောင်တဲ့အခါမှာလည်း နည်းပညာမြင့်မားတယ်ဆိုတာကို တွေ့ရပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: