ဂျပန်နိုင်ငံကနေ စတင်ပေါ်ပေါက်လာခဲ့တဲ့ Capsule Hotel

Capsule Hotel ဆိုတာကတော့ အိပ်စရာနေရာလေးတစ်နေရာလောက်လေးနဲ့ ဖန်တီးပေးထားတဲ့နေရာလေးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီလိုပုံစံမျိုး guest house နဲ့ ဟော်တယ်လေး တွေရှိမယ်နော်။

လတ်တလောမှာ ဒီလိုချစ်စရာကောင်းတဲ့ ဟော်တယ်တွေ တဖြည်းဖြည်းပိုများလာပါတယ်။

ဓာတ်ပုံထဲကနေရာလေးကတော့ နဂိုယခရိုင် မှာရှိတဲ့ TUBE Sq ဆိုတဲ့ Capsule Hotel ဖြစ်ပါတယ်။ Chubu အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ဘေးကပ်ရပ်မှာရှိလို့ တည်းခိုဖို့ အသင့်တော်ဆုံးနေရာ ဖြစ်ပါတယ်။

အဲ့ဒီမှာတစ်ခါတည်းရင် ယန်း ၃၅၀၀ လောက်ပဲကျသင့်မှာဖြစ်ပါတယ်။ ပုံမှန် business hotel တွေဆိုရင် အနည်းဆုံး ယန်း ၅၀၀၀ လောက်တောင်မှ ကုန်ကျမှာဖြစ်လို့ နှိုင်းယှဥ်ကြည့်ရင် ဈေးသက်သက်သာသာနဲ့ တည်းခိုနိုင်မှာဖြစ်ပါတယ်။

ဒီလို Capsule Hotel တွေဟာ ဂျပန်နိုင်ငံက မူလအစဖြစ်တယ်ဆိုတာကို သိပါသလား?

Capsule Hotel ဒီဇိုင်းကို ခုရိုကဝခိရှော ဆိုတဲ့ ဗိသုကာပညာရှင်ကြီးက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ခုရိုကဝ ဟာ နယ်သလန်နိုင်ငံရဲ့ အမ်စတာဒမ်မှာရှိတဲ့ ဗန်ဂိုးပြတိုက်အခန်းသစ်ကြီးဒီဇိုင်းကို ရေးဆွဲပေးခဲ့တဲ့ နာမည်ကြီးဗိသုကာပညာရှင်ကြီးဖြစ်ပါတယ်။

နောက်ပြီး Osaka Expo ရဲ့ 「住宅カプセル」 Juutaku Capsule ဆိုတဲ့ အဆောက်အဦကို ပြသခဲ့ပါတယ်။

https://images.app.goo.gl/1xikbhb9KbLPDhFj7

Juutaku Capsule ဆိုတာကတော့ အိပ်ရာနဲ့ ရေချိုးခန်း စသဖြင့် အသေးစားအိမ်အသုံးအဆောင်ပစ္စည်းလေးတွေပါဝင်တဲ့ Capsule ပုံစံ ရိုးရှင်းတဲ့အိမ်လေးဖြစ်ပါတယ်။

ဒီလို Capsule Hotel တွေကို စုပုံထပ်ထားတာတဲ့ပုံစံ Nakagin Capsule Tower Building ဆိုတဲ့ အဆောက်အဦကြီးကို ၁၉၇၂ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။

https://images.app.goo.gl/Vs9km5krERFDwmdL8

နောက်ပြီး ဒီ Juutaku Capsule ပေါ်မှာ အကျိုးသက်ရောက်မှုရှိစေခဲ့တာကတော့ New Japan Tourism လို့ခေါ်တဲ့ ကုမ္ပဏီဥက္ကဌ  ယူကီအို နာကနို ဖြစ်ပါတယ်။

New Japan Tourism ဆိုတာကတော့ အိုဆာကာမှာရှိတဲ့ Supa sauna ကိုဖွင့်လှစ်ထားတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။

တစ်ချိန်တုန်းက အဲဒီ Sauna မှာလာတည်းရင် တည်းခိုခသက်သာဖို့အတွက် အိပ်ခန်းအပြင် ဧည့်ခန်းမှာပါ အိပ်တဲ့လခစားတွေအများကြီးရှိပါတယ်။

New Japan Tourism ရဲ့ နာကနိုဥက္ကဌက အဲ့ဒီအခြေအနေကိုကြည့်ပြီး သူတို့တွေအိပ်ယာလေးနဲ့ ကောင်းကောင်းမွန်မွန်အိပ်နိုင်ဖို့အတွက် ဈေးသက်သာတဲ့တည်းခိုခန်းကို ဖန်တီးပေးချင်တယ် ဆိုတဲ့အတွေးကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဥ်စားလိုက်တဲ့အခါ Juutaku Capsule ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ Juutaku Capsule ပုံစံ ဟော်တယ်ကိုဆောက်မယ်ဆိုတဲ့အတွေးတွေ နာကနိုဆီမှာဝင်ရောက်လာခဲ့ပြီး ၁၉၇၉ ခုနှစ်မှာ 「カプセル・イン大阪」Capsule Inn Osaka ဆိုတဲ့ ကမ္ဘာ့ပထမဦးဆုံး Capsule Hotel ကို အိုဆာကာမြို့မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။

https://images.app.goo.gl/7894MPBbrKwEkQFz8

 

အဲ့ဒီနောက်မှာ Capsule Hotel ဆိုတဲ့ ပုံစံမျိုးတည်းခိုခန်းတွေ ဂျပန်နိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံရပ်ခြားမှာပါ ပျံ့နှံ့လာခဲ့ပါတယ်။

အထူးသဖြင့် ဥရောပနိုင်ငံတွေမှာ Capsule Hotel လေးတွေက တစ်ခြားပုံစံလေးတွေ ဖြစ်သွားပါတယ်။

https://tabizine.jp/2017/06/14/140991/

စကားမစပ် ပုံထဲကနေရာလေးက အီတလီမှာရှိတဲ့ Capsule Hotel လေးဖြစ်ပါတယ်။

Capsule Hotel ဆိုတာက မထင်ထားရလောက်အောင် ဖက်ရှင်ကျတယ်နော် ! !

Capsule Hotel တွေက ကျဥ်းမြောင်းပြီး ဘေးကပ်ရပ်မှာမသိတဲ့သူက အိပ်နေတော့ နည်းနည်းကြောက်စရာကောင်းတယ်လို့ ထင်တဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်။

ဒါပေမယ့် တကယ်တည်းခိုကြည့်မယ်ဆိုရင် မမျှော်လင့်ဘဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပြီး  အဖိုးတန်ပစ္စည်းတွေကိုထည့်ဖို့အတွက် Locker လေးတွေထားရှိပေးထားတဲ့အပြင် ယောကျ်ားလေး၊ မိန်းကလေးခွဲခြားပေးထားလို့ တစ်ခေါက်လောက်တော့ Capsule Hotel မှာတည်းဖြစ်အောင်တည်းကြည့်ကြပါနော်…

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: