စစ်ကိုင်းတိုင်းက ဂျပန်လူမျိုး ပရဟိတ ဆရာဝန်

ငွေကြေးချို့တဲ့နွမ်းပါးပြီး ဆေးကုသမှု မခံယူနိုင်တဲ့ ကျေးလက်တောရွာက မြန်မာလူမျိုးတွေကို စစ်ကိုင်းတောင်ရိုး ၀ါးချက်ဇီ၀ိတဒါန သံဃာ့ဆေးရုံမှာ အခမဲ့ ခွဲစိတ်ကုသမှုတွေပြုလုပ်ပေးနေတဲ့ ဒေါက်တာ ယောရှိအိုခ လို့ခေါ်တဲ့ ဂျပန်လူမျိုးဆရာ၀န်တစ်ဦးကို သိနှင့်ပြီးသူတွေ ရှိကြမယ်လို့ ထင်ပါတယ်။ ဒေါက်တာဟာ အသက် 54 နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ အခကြေးငွေမယူပဲ ဆေးကုပေးနေတာ 1995 ခုနှစ်ကတည်းက အခုထိဆိုတော့ 24 နှစ်ကြာပြီဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ နွမ်းပါးသူတွေဆေးကုသမှုခံယူနိုင်တဲ့ ဆေးရုံအနည်းငယ်ပဲရှိပါတယ်။ ခွဲစိတ်ကုသမှုကို မဖြစ်မနေခံယူဖို့လိုအပ်နေတဲ့ လူနာတွေအတွက် တတ်နိုင်သလောက် ကုသမှုတွေလုပ်ပေးချင်ပါတယ်။ ဒီဆေးရုံမှာဆိုရင် အသက် 18 အထက်လူနာတွေကို အခမဲ့ခွဲစိတ်ကုသပေးနေပြီး 18 နှစ်အောက် ကလေးငယ်တွေဆိုရင် ခွဲစိတ်ခအပြင် ဆေးရုံမှာကုန်ကျတဲ့ စရိတ်အားလုံးအခမဲ့

ဖြစ်ပါတယ်။ ” လို့  ဒေါက်တာယောရှိအိုခ ကရှင်းပြပါတယ်။

https://usaponn.com/wp-content/uploads

ဒေါက်တာဟာ မနက်မိုးလင်းကစပြီး ညသန်းခေါင်အထိ ခွဲစိတ်ကုသမှုပေါင်းများစွာကို နေ့စဥ်လုပ်ဆောင်လျက်ရှိတဲ့အပြင် လူနာတွေအရေးပေါ်လိုအပ်လာရင် ကုသပေးနိုင်ဖို့အတွက် ဆေးရုံအပေါ်ထပ်ကအခန်းငယ်လေးထဲမှာပဲ နေထိုင်ပါတယ်။ အစားအသောက်ကအစ ခြိုးခြံချွေတာစွာစားသုံးတတ်တဲ့ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ချွေတာလိုက်လို့ပိုထွက်လာတဲ့ ပိုက်ဆံနဲ့ ဆေးထိုးအပ်တစ်ချောင်းပဲဖြစ်ဖြစ် လိုအပ်တဲ့ဆေး၀ါးအနည်းငယ်ပဲဖြစ်ဖြစ် ၀ယ်ပြီးလူနာတွေကို ကုသပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

“အမေ့ရဲ့ ပျောက်ရခက်တဲ့ရောဂါကို ဆရာကပျောက်အောင်ကုသပေးခဲ့လို့ လာသမျှလူတိုင်းကို ဆရာ့ဆီညွှန်ပေးပါတယ်” ၊ “ကျွန်မအဖို့ ဆရာကလွဲပြီး အားကိုးစရာ မရှိတော့ပါဘူး” “ဆရာ့ဆီမှာ ကုသမှုခံယူဖို့အတွက် ရထား 10 နာရီကျော်စီးပြီးလာခဲ့ပါတယ်” “လူတိုင်းက ဆရာ့ကို လေးစားအားကိုးကြပါတယ်” စသည်ဖြင့် ဒေါက်တာ့ရဲ့  ဂုဏ်သတင်းက မွှေးပျံ့လှပါတယ်။

ဒါ့အပြင် ဒေါက်တာက “မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကတည်းက ပတ်သက်ဆက်နွယ်မှုတွေရှိခဲ့ပါတယ်။ မြန်မာလူမျိုးတွေကို ဂျပန်တပ်သားတွေက ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့ကြပေမယ့် ဂျပန်တွေဆုတ်ခွာတဲ့အချိန်မှာတော့ စစ်ပြေးဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂျပန်တွေကို မြန်မာလူမျိုးတွေက အငြိုးမထားပဲ ပြုစုစောင့်ရှောက်ခဲ့တာတွေ၊ ဒုတိယကမ္ဘာစစ်အပြီး စစ်ရှုံးနိမ့်မှုကြောင့် ပြာပုံဖြစ်ခဲ့ရတဲ့ ဂျပန်နိုင်ငံကို မြန်မာနိုင်ငံက ဆန်ရေစပါးထောက်ပံ့ပေးခဲ့တယ်လို့ သမိုင်းတစ်လျှောက်မှာ ကြားသိခဲ့ရပါတယ်။ ဒီကျေးဇူးတရားတွေကို သူတတ်တဲ့ပညာနဲ့ တတ်နိုင်သလောက် ပြန်လည်ပေးဆပ်ချင်ပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာဟာ Japan Heart ဆိုတဲ့ ဂျပန်နိုင်ငံ အခြေစိုက် (Non Profit Organization) တစ်ခုကို 2004 ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။

https://www.japanheart.org/wp-content/uploads

ဒီအဖွဲ့ဟာ မြန်မာနိုင်ငံကျေးလက် ဒေသအနှံ့အပြားက ဒေသခံပြည်သူတွေကို ဆေး၀ါးကုသပေးခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခြင်း၊

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊

ဆေးပညာရပ်ဆိုင်ရာ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊

မျက်မမြင်များ အကြောပြင်သင်တန်းကျောင်းများ၊

အမျိုးသမီးသူနာပြုသင်တန်းများ အပြင်

Dream Train  (အိပ်မက်လှရထားလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ)

စတဲ့ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

Japan Heart အဖွဲ့ဟာ မြန်မာနိုင်ငံအပြင် ဂျပန်၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေမှာလည်း ဆေးကုသမှုတွေ အခမဲ့လုပ်ဆောင်ပေးလျက်ရှိပါတယ်။

htttp://www.japanheart.org

https://scontent.frgn4-1.fna.fbcdn.net

 

Japo စာဖတ်ပရိသတ်ကြီး ဆက်သွယ်လှူဒါန်းလို့ရအောင် ဆက်သွယ်လို့ရမယ့် ရုံးချုပ်ရဲ့ ဖုန်းနံပါတ်လေးပါ ဖော်ပြပေးလိုက်ပါတယ်။

ဖုန်း 01 658 259 ကို ဆက်သွယ်စုံစမ်းလိုက်ပါနော်။

Cherry Khaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: