အလိုအလျောက်မောင်းယာဥ်တွေကိုပဲ သုံးတော့မယ့်အနာဂတ်

TOYOTA、NISSAN စတဲ့ ဂျပန်တံဆိပ်တွေမှမဟုတ်ဘဲ ကမ္ဘာပေါ်က တံဆိပ်တွေက အလိုအလျောက်မောင်းနှင်နိုင်တဲ့ကားတွေကို ထုတ်လုပ်နိုင်ဖို့ အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိပါတယ်။

GPS ကို အသုံးပြုပြီး အကွာအဝေးတိုင်းတာမှု၊ ဆင်ဆာတွေကိုအသုံးပြုပြီး မတိုက်မိဖို့အာရုံခံမှုတွေကို ပြုလုပ်ပါတယ်။

နောက်ပြီးတော့ လမ်းရဲ့အချက်ပြသင်္ကေတတွေကို အလိုအလျောက်သိနိုင်ပါတယ်။

လူတွေကိုတိုက်မိတဲ့အခါ အလိုအလျောက်မောင်းတဲ့ယာဥ်ဆိုရင် ဘယ်သူကတာဝန်ယူမှာလဲ ? ဆိုတဲ့ ပြဿနာလည်းကျန်ရှိနေတယ်ဆိုပေမယ့် အဲ့ဒီလောက်ထိ ကမ္ဘာပေါ်က ယာဥ်အမှတ်တံဆိပ်တွေဟာ ဆက်လက်လုပ်ဆောင်နေတယ်ဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် အလိုအလျောက်မောင်းတဲ့ယာဥ်တွေ ရှိလာမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ Tesla Motor ရဲ့ CEOElon Musk ဟာ ၂၀၂၀ ခုနှစ်မှာ အားလုံးအလိုအလျောက်လုပ်ဆောင်နိုင်တဲ့ Robot Taxi စီးပွားရေးကို စတင်လုပ်ကိုင်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာလည်း အလိုအလျောက်မောင်းတဲ့ Taxi နဲ့ ဘက်စ်ကားတွေရဲ့ စမ်းသပ်မှုတွေကို လမ်းမတွေပေါ်မှာ စတင်လုပ်ဆောင်နေကြပါပြီ။

၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်ရောက်သည်အထိ လက်ရှိအတောအတွင်းလေးမှာ မှီဖို့အတွက် အစီအစဥ်တွေရှိခဲ့ပေမယ့် နည်းနည်းတော့ နောက်ကျလိမ့်မယ်လို့ထင်ပါတယ်။

ဒါပေမယ့် အချိန်ရဲ့ပြဿနာနဲ့ ချက်ချင်းကြီး ပေါ်ထွက်လာမယ်ထင်တယ်နော်။

ဒါဆို အလိုအလျောက်မောင်းယာဥ်တွေသာ ပုံမှန်ဖြစ်လာခဲ့ရင် ဘယ်တွေဖြစ်လာမလဲမသိဘူးနော် ?

ဒီလိုတော့ခန့်မှန်းထားပါတယ်။

ကားတွေကိုငှားစီးဖို့ဖြစ်လာမယ်

https://gigazine.net/news/20190810-self-driving-revolutionize-world/

လိုအပ်တဲ့အချိန်မှာ အော်ဒါခေါ်ထားလိုက်ရုံနဲ့ အလိုအလျောက်မောင်းတဲ့ကားက သင့်အိမ်ရှေ့ကို ရောက်လာပေးမှာဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ်ပိုင်အိမ်ကားတွေရှိနေရင်တောင် ဘာမှမထူးဘူးပေါ့နော်။

အထူးသဖြင့် ဇိမ်ခံကားတွေစီးချင်တယ်ဆိုတာမျိုး မရှိဘူးဆိုရင်ပေါ့နော်။

 

ယာဥ်မောင်းတွေမလိုတာမျိုးဖြစ်လာမယ်

https://gigazine.net/news/20190810-self-driving-revolutionize-world/

မောင်းရတာပျော်ဖို့ကောင်းတယ်ဆိုတဲ့ လူတွေကလွဲရင် မောင်းမယ်သူမရှိတော့တာမျိုးဖြစ်လာမှာကြောင့် ယာဥ်မောင်းတွေကို မလိုအပ်တော့ပါဘူး။

ကားမောင်းပြိုင်ပွဲမှာရော လူတွေရှိဦးမလားမသိဘူးနော် ?

 

ပင်စင်ယူတဲ့သူတွေပိုများလာမယ်

https://gigazine.net/news/20190810-self-driving-revolutionize-world/

အငြိမ်းစားယူပြီး ကိုယ့်အိမ်မှာကိုယ်အေးအေးဆေးဆေးနေနေရတဲ့ အသက်ကြီးတဲ့သူတွေရှိပါတယ်။

အဲ့ဒီအကြောင်းအရင်းအရင်းရဲ့ ထိပ်ဆုံးက အကြောင်းပြချက်ကတော့ အလုပ်အကိုင်မရှိဘဲ သွားလာရတဲ့ပြဿနာတွေဖြစ်လာမယ်လို့ပြောကြပါတယ်။

ကမ္ဘာပေါ်ကမြို့ကြီးတွေမှာ လမ်းတွေပိတ်လွန်းလို့ မဖြစ်မနေ ရထားနဲ့သွားလာရပါတယ်။

နောက်ပြီး ကားမောင်းရင်လည်း ဂရုစိုက်ရလွန်းလို့ စိတ်ပင်ပန်းစေပါတယ်။

အလိုအလျောက်မောင်းယာဥ်တွေနဲ့သာဆိုရင် ပိုပြီးတော့အလုပ်ဖြစ်လိမ့်မယ်နော် ?

 

ကုမ္ပဏီတွေက ဝယ်သူတွေအများကြီးကို ရောင်းချလာနိုင်မယ်

https://gigazine.net/news/20190810-self-driving-revolutionize-world/

တခြားမှာနေတဲ့သူတွေက မြို့မှာရှိတဲ့ဆိုင်ကို သွားရတာပင်ပန်းပါတယ်။

အဲ့ဒီအကြောင်းအရင်းကြောင့် မဝယ်တော့တဲ့ သူတွေလည်းရှိပါတယ်။

Amazon ကနေစမ်းသပ်နေတဲ့ delivery အတွက် အလိုအလျောက်မောင်းနှင်နိုင်တဲ့ Drone တွေပေါ်လာခဲ့ရင် တခြားမြို့မှာနေတယ်ဆိုရင်လည်း OK ပါတယ်။

နောက်ပြီးညဘက်မှာ လိုက်လံပို့ဆောင်ဖို့အတွက် ဝန်ထမ်းတွေက မလုပ်နိုင်ပေမယ့် အလိုအလျောက်မောင်း Drone တွေနဲ့ဆိုရင် ညသန်းခေါင်မှာလည်း လိုက်လံပို့ဆောင်နိုင်မှာဖြစ်ပါတယ်။

အရက်မူးနေလို့ “ အခုချက်ချင်းလိုချင်တယ် ! ” လို့ပြောတဲ့  ဝယ်သူတွေရှိနေရင်လည်း ပို့ပေးနိုင်ပါလိမ့်မယ်။

 

ငွေကြေးနဲ့ အချိန် ချွေတာမှု

https://gigazine.net/news/20190810-self-driving-revolutionize-world/

 

ကားတွေက အရမ်းဈေးကြီးလွန်းလို့ မဝယ်နိုင်ဘူးဆိုရင်လည်းရပါတယ်။

အလိုအလျောက်မောင်းနှင်နိုင်တဲ့ကားတွေက ပြီးပြည့်စုံတဲ့ထိန်းချုပ်မှုတွေရှိလို့ အချက်အလက်တွေကို အင်တာနက်နဲ့ အပြန်အလှန်ပို့ဆောင်လို့ရပြီး ယာဥ်ကြောပိတ်ဆို့မှုတွေကို တားဆီးလျှော့ချနိုင်ပါတယ်။

 

ယာဥ်မတော်တဆမှုကို လျှော့ချပေးခြင်း

https://gigazine.net/news/20190810-self-driving-revolutionize-world/

အမေရိကန်နိုင်ငံမှာရှိတဲ့ Tesla ကုမ္ပဏီမှာ အလိုအလျောက်မောင်းယာဥ်တွေနဲ့ ၇၀ ရာခိုင်နှုန်းထက်ပိုပြီး ယာဥ်တိုက်မှုတွေကို တားဆီးနိုင်ပါတယ်။

 

လမ်းအသုံးပြုသူတွေနဲ့ လမ်းသွားလမ်းလာတွေရဲ့ လုံခြုံရေးကို မြင့်တင်ပေးခြင်း

https://gigazine.net/news/20190810-self-driving-revolutionize-world/

အလိုအလျောက်မောင်းနှင်တဲ့ကားတွေကို အကုန်လုံးကမျှဝေပြီးစီးနှင်းကြမှာဖြစ်လို့ ကားရပ်နားစရာနေရာတွေလည်း အများကြီးလျှော့ချပေးနိုင်ပါတယ်။

မြို့ပြဒေသတွေမှာရှိတဲ့ ကားရပ်နားစရာနေရာတွေကို ဆိုင်တွေအနေနဲ့ပြောင်းလဲလိုက်မယ်ဆိုရင် ပိုပြီးအဆင်ပြေလွယ်ကူတဲ့ မြို့ကြီးဖြစ်လာပါလိမ့်မယ်။

ရှော့ပင်းမောလ်စတဲ့နေရာတွေမှာလည်း ပါကင်ကျယ်ကြီးတွေမလိုတော့တာလည်း ကျေးဇူးတင်စရာတစ်ခုဖြစ်လာမှာ သေချာပါတယ်။

နောက်ပြီး အလွန်အကျွံလမ်းဘေးကားရပ်နားမှုတွေ ရှိလာတော့မှာမဟုတ်ဘဲ ကားနောက်ကနေ ထွက်လာတဲ့လူတွေကို တိုက်မိတာမျိုးကိုလည်း ကြီးကြီးမားမားလျှော့ချနိုင်ပါတယ်။

 

မသန်စွမ်းတဲ့သူတွေလည်း လွတ်လွတ်လပ်လပ်သွားလာနိုင်ခြင်း

လှုပ်ရှားသွားလာတဲ့အခါမှာ အခက်တွေ့နေတဲ့သူတွေကလည်း အလုပ်သွားတာတို့ ခရီးသွားတာတွေကို အလွယ်တကူဖြစ်လာပါလိမ့်မယ်။

 

တခြားနေရာကို ရွေ့ပြောင်းဖို့အတွက် လွယ်ကူလာခြင်း

သွားလာရတဲ့ပြဿနာကြောင့် ဈေးကြီးတဲ့မြို့ထဲမှာ နေထိုင်နေရပေမယ့် ဒါတွေမလိုအပ်တော့တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

 

ကိုယ်တွင်းအင်္ဂါအစားထိုးဖို့မလုံလောက်ခြင်း

https://gigazine.net/news/20190810-self-driving-revolutionize-world/

ဥပမာ အမေရိကန်နိုင်ငံမှာဆိုရင် ကိုယ်တွင်းအင်္ဂါလှူတန်းတဲ့ အလှူရှင်တွေရဲ့ ၁၃ ရာခိုင်နှုန်းက ယာဥ်တိုက်မှုနဲ့သေဆုံးတဲ့သူတွေဖြစ်ပါတယ်။

ယာဥ်တိုက်မှုတွေကို လျှော့ချပေးတာဟာ ကောင်းတယ်ဆိုပေမယ့် ကိုယ်တွင်းအင်္ဂါလဲလှယ်အစားထိုးဖို့အတွက် လုံလောက်မှုမရှိနိုင်တော့ဘူးလို့ ခန့်မှန်းထားပါတယ်။

 

ဒီလိုအနာဂတ်တွေ ဘယ်တော့ဖြစ်လာမလဲမသိဘူးနော် ?

အလိုအလျောက်မောင်းနှင်တဲ့ယာဥ်တွေကို အထူးတလည်အသုံးပြုတဲ့ အနာဂတ်ကြီးက မြန်မာနိုင်ငံကို ပြောင်းလဲပေးနိုင်မယ်ဆိုရင် ပျော်စရာကြီးနော်…

kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: