ရှလွတ် နဲ့ ရိုးရာဟင်းခေါက်ဆွဲ ထုတ်လုပ်နေတဲ့ Acecook စက်ရုံသို့တစ်ခေါက် !

အရင်တစ်ပတ်တုန်းက ကျွန်မတို့တွေ သီလဝါမှာစက်မှုဇုံမှာရှိတဲ့ Acecook ရဲ့ မြန်မာစက်ရုံကို သွားရောက်လေ့လာခဲ့ကြပါတယ်။

ရန်ကုန်မြို့လယ်ကနေ ၁ နာရီလောက်သွားရတဲ့ နေရာမှာ သီလဝါ SEZ ရှိပြီး Acecook ရဲ့မြန်မာစက်ရုံက ဇုန် A ထဲမှာရှိပါတယ်။

ဒါနဲ့ Acecook က ဘာလုပ်တဲ့ ကုမ္ပဏီလဲဆိုတာကို သိပါသလား ?

Acecook ဆိုတာက ဂျပန်နိုင်ငံရဲ့ အသင့်စားခေါက်ဆွဲတွေကို ထုတ်လုပ်ရောင်းချပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Wonton စတဲ့ နာမည်ကြီးကုန်ပစ္စည်းများစွာကို ထုတ်လုပ်လျက်ရှိပါတယ်။

https://images.app.goo.gl/aCmdX7etoUET5SvRA

ဒီလို Acecook က ရန်ကုန်မှာ ရုံးခွဲဖွင့်လှစ်ခဲ့တာဟာ ၂၀၁၄ ခုနှစ် ၄ လပိုင်းတုန်းက ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကနေ မြန်မာနိုင်ငံအသင့်စားခေါက်ဆွဲဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။

2015 ခုနှစ် 3 လပိုင်းမှာ ACECOOK MYANMAR ဈေးကွက်ကုမ္ပဏီကို တည်ထောင်ပြီး ၂၀၁၇ ခုနှစ် နွေဦးရာသီမှာ အချိန်ကြာကြာစောင့်မျှော်နေခဲ့ရတဲ့ ရန်ကုန်စက်ရုံသစ်ကြီးကို ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အသင့်စားခေါက်ဆွဲဈေးကွက်ရဲ့ ဖြစ်တည်မှုက တစ်ရက်တစ်ခြား ကြီးမားလာခဲ့ပြီး ဂျပန်ကုမ္ပဏီတွေရဲ့ အာရုံစိုက်မှုကို ခံလာကြရပါတယ်။

အရင်ဦးဆုံး စက်ရုံရဲ့ကိုယ်စားလှယ်တစ်ဦးက ကုန်ထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းပြခဲ့ပြီးနောက်မှာ စက်ရုံထဲက ကုန်ထုတ်လုပ်တဲ့နေရာတွေကို ဝင်ရောက်လေ့လာခဲ့ကြပါတယ်။

ကုန်ပစ္စည်းထုပ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းပြပြီးတဲ့အခါမှာ လာရောက်သူတွေအနေနဲ့ ကိုယ်သိချင်တာမေးမြန်းခွင့်လည်း ရခဲ့ပါတယ်။

 

ကုန်ပစ္စည်းထုတ်လုပ်နေတဲ့နေရာထဲကို ဝင်ရောက်လေ့လာဖို့အတွက် ဒီလိုခေါင်းစွပ်နဲ့ Mask တပ်ပြီး ကုတ်အင်္ကျီအဖြူကိုဝတ်ဆင်ရပါတယ်။

အဖြူရောင်ကုတ်အင်္ကျီပေါ်က အမွှေးအမျှင်တွေနဲ့ ဖုန်တွေကိုဖယ်ရှားပြီး လက်ကိုဆပ်ပြာနဲ့သေချာဆေးရပါတယ်။ ပြီးရင်လက်နှစ်ဖက်ကိုလည်း ပိုးသတ်ဆေးနဲ့ ပွတ်ရပါတယ်။ အဲ့ဒီနောက်မှာ Air-Shower နဲ့တစ်ကိုယ်လုံးမှာရှိတဲ့ဖုန်တွေကို မှုတ်ထုတ်လိုက်ပါတယ်။ ဒီလောက်ထိစုံစုံလင်လင်နဲ့ စီမံထားတာက ဂျပန်လူမျိုးတွေရဲ့ စက်ရုံဖြစ်နေလို့ထင်တယ်နော်။

ထုတ်လုပ်နေတဲ့ စက်ရုံအတွင်းထဲဝင်ရောက်တဲ့အခါ ဓာတ်ပုံရိုက်လို့မရလို့ Sorry ပါ။

အသင့်စားခေါက်ဆွဲခြောက်တွေကို အောက်ပါအချက်အလက်တွေအတိုင်းထုတ်လုပ်ပါတယ်။

  • ခေါက်ဆွဲလုပ်တဲ့ဂျုံမှုန့်စတဲ့ ကုန်ကြမ်းတွေကို ရောမွှေပြီး ခေါက်ဆွဲမုန့်အနှစ်တွေကိုလုပ်ပါတယ်။
  • ခေါက်ဆွဲမုန့်အနှစ်တွေကို ခေါက်ဆွဲမျှင်လေးတွေရအောင်ဖြတ်ပြီး နူးညံ့သွားအောင် ပေါင်းခံပါတယ်။
  • တစ်ပွဲစာလောက်ဖြတ်ပြီး ဆီနဲ့ပြန်ကြော်ပါတယ်။

အအေးခံပြီးနောက် ဟင်းရည်ထုပ်တွေနဲ့အတူ ထုပ်ပိုးပြီး၊ ဘူးတွေနဲ့ထုပ်ပိုးပြီးရင် စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ စစ်ဆေးတဲ့အခါမှာ X-Ray တွေကို အသုံးပြုပြီး စစ်ဆေးတာကြောင့် အရည်အသွေးမပြည့်ဝမှာ၊ အလေးချိန်မပြည့်မှာကို မစိုးရိမ်ရပါဘူး။

စက်ရုံတွေမှာ တော်တော်များများကို စက်ပစ္စည်းတွေအသုံးပြုထားပါတယ်။

ဒါပေမယ့် နံပါတ် ၄ ရဲ့ ခေါက်ဆွဲမှာ ဟင်းရည်ထုပ်တွေကို ထည့်တဲ့အခါနဲ့ ခေါက်ဆွဲတွေကို ထုပ်ပိုးတဲ့နေရာ၊ နောက်ဆုံးစစ်ဆေးတဲ့နေရာတွေကိုတော့ လူတွေလက်နဲ့ ကိုယ်တိုင်လုပ်နေကြရတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ Acecook စက်ရုံနဲ့နှိုင်းယှဥ်ကြည့်ရမယ်ဆိုရင် လက်နဲ့လုပ်နေရတာတွေ များနေတာကို တွေ့ရပါတယ်။

စားသောက်ကုန်တွေထုပ်လုပ်မှုကို လက်တွေ့မြင်ရဖို့ဆိုတဲ့ အခွင့်အရေးက တော်တော်ကိုနည်းတာပဲနော်…

နောက်ဆုံးမှာတော့ Acecook ရဲ့ခေါက်ဆွဲအစစ်ကို လက်တွေ့မြည်းစမ်းခဲ့ရပါတယ်။

ရှလွတ်ဆိုတဲ့ ချဥ်စပ်ခေါက်ဆွဲကို စားခဲ့ရတာဖြစ်ပြီး ၂၀၁၇ ခုနှစ် ၆ လပိုင်းကနေ စတင်ဖြန့်ချီခဲ့တဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။

သူ့အရသာကတော့ အရမ်းမစပ် အရမ်းမချဥ်ဘဲ အငံအရသာလေးနဲ့ အရသာ ၃ မျိုးမျှတနေတဲ့ အရသာဖြစ်ပါတယ်။ ခေါက်ဆွဲကလည်း မနပ်တာမျိုးမရှိလို့ အိအိလေးနဲ့ တကယ်ကိုစားကောင်းပါတယ်။

ခေါက်ဆွဲပြုတ် အမြဲစားနေတဲ့သူတွေအတွက် ကိုက်ညီမယ်လို့ အာမခံပါတယ်။

မြန်မာလူမျိုးတွေရဲ့အကြိုက် ချဥ်စပ်အရသာ ကိုထုတ်လုပ်ပေးထားတာကြောင့် ထုတ်လုပ်ရောင်းချတဲ့အခါ နာမည်ကြီးတယ်လို့ထင်ပါတယ်။

ဒါ့အပြင် ရိုးရာလို့ခေါ်တဲ့ မြန်မာ့ရိုးရာဟင်းလျာနဲ့ ခေါက်ဆွဲတွေကို ပေါင်းစပ်ပြီးထုပ်လုပ်ထားတဲ့ ကုန်ပစ္စည်းလည်းရှိပြီး မြန်မာလူမျိုးတွေ တော်တော်များများ ကြိုက်နှစ်သက်ကြပါလိမ့်မယ်။

အိမ်ပြန်လက်ဆောင်အနေနဲ့ ခေါက်ဆွဲထုပ်လေးတွေကို လက်ဆောင်ပေးခဲ့ပါသေးတယ် !

အိမ်ပြန်လက်ဆောင်ထဲမှာ ခေါက်ဆွဲ ၃ မျိုးထည့်ပေးလိုက်တယ်။ အိမ်ရောက်ရင်စားမယ်နော် ….

လက်ရှိ မြန်မာနိုင်ငံထဲမှာ ထိုင်းနိုင်ငံနဲ့ ကိုးရီးယားနိုင်ငံကနေလာတဲ့ ခေါက်ဆွဲတွေကပဲ တော်တော်များများရောင်းရနေတာကြောင့် Acecook က မြန်မာလူမျိုးတွေအကြိုက်တွေ့စေမယ့် အရသာတွေကို ပြန်လည်ထုတ်လုပ်တာကို concept အနေနဲ့ တစ်နေ့တစ်နေ့ထုပ်လုပ်မှုပိုမို တိုးတက်လာအောင်လုပ်ဆောင်နေပါတယ်။

ဗီယက်နမ်နိုင်ငံမှာလည်း ၁၉၉၅ ခုနှစ်ကနေ အသင့်စားခေါက်ဆွဲထုပ်လုပ်ရောင်းချမှုတွေကို ပြုလုပ်လျက်ရှိပြီး (Hao Hao)ဆိုတဲ့ကုန်ပစ္စည်းကို လူကြိုက်များပြီး ဗီယက်နမ်နိုင်ငံရဲ့စားစရာတစ်ခုအနေနဲ့တောင် နာမည်ကြီးလာခဲ့ပါတယ်။

အဲ့ဒီရလဒ်တွေရှိတဲ့ Acecook Vietnam ကနိုင်ငံထဲမှာရှိတဲ့ အသင့်စားခေါက်ဆွဲထုတ်ဝေမှုက ၅၀ ရာခိုင်နှုန်းကို ကျော်လွန်ပြီး နံပါတ် ၁ နေရာမှာရှိနေပြီး ဗီယက်နမ်မှာ အသင့်စားခေါက်ဆွဲလို့ပြောလိုက်တာနဲ့ Acecook လို့တောင် ပြောလို့ရပါတယ်။

Yuuki

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: