ရယ်စရာဖြစ်နေတဲ့ အလုပ်ထွက်ရတဲ့အကြောင်းပြချက်

အလုပ်ထွက်ချင်တဲ့အခါမျိုးမှာ ဘယ်လိုအကြောင်းပြချက်တွေနဲ့ ထွက်တဲ့သူတွေများပါသလဲ။

ကျန်းမာရေးအခြေအနေကြောင့် ဆက်မလုပ်နိုင်တော့လို့၊ ကိုယ့်ရဲ့အရည်အချင်းကို ပိုပြီးမြင့်ချင်လို့၊ အခုလက်ရှိရထားတဲ့လစာက မလုံလောက်ဘူးလို့ ပြောတဲ့ အကြောင်းပြချက်တွေရှိပါတယ်။

https://w-kawara.jp

ဒါပေမယ့် “ ဟင်.. ဒီအကြောင်းပြချက်နဲ့ အလုပ်ထွက်တယ် ? “ လို့ ပြောချင်လောက်အောင် မခိုင်လုံတဲ့အကြောင်းပြချက်

ဂျပန်လူမျိုးတွေက အရမ်းကိုမုန်းစရာကောင်းတဲ့ ကိစ္စတွေရှိနေရင်တောင်မှ တည်တည်တံ့တံ့နဲ့ နှစ်လရှည်ကြာစွာ အလုပ်လုပ်တဲ့သူတွေများတဲ့ ပုံစံဆိုပေမယ့် တစ်ချို့ကခဏလောက်လုပ်ပြီး  အကြောင်းပြချက်တွေပေးပြီး သိပ်မကြာခင်မှာပဲ ထွက်သွားခဲ့တဲ့သူတွေရှိပါတယ်။

အရင်ဦးဆုံး လူသားတွေရဲ့ဆက်ဆံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းပြချက်တွေကနေ စပါမယ်။

https://s3-ap-northeast-1.amazonaws.com

အထက်လူကြီး နဲ့ ဆက်ဆံရေးသိပ်မကောင်းလို့ အလုပ်ထွက်ချင်တယ်ဆိုတာကို မကြာခဏကြားဖူးကြပေမယ့် အံ့သြစရာကောင်းတာက အချစ်ရေးကိစ္စကြောင့် အလုပ်ထွက်လိုက်တဲ့သူတွေလည်း များပါတယ်။

ရုံးထဲက ကောင်မလေးကို တစ်ဖက်သတ် ကြိတ်ခိုက်နေရတာ ပင်ပန်းလာလို့

အသဲကွဲပြီး မျက်နှာတွေထပ်မတွေ့ချင်တော့လို့

ဒါ့တွေအပြင် convenience store မှာအချိန်ပိုင်းအလုပ်သမားတစ်ယောက်က ဒီလိုအကြောင်းပြချက်နဲ့ အလုပ်ထွက်ခဲ့ပါတယ်။

စတိုးဆိုင်နားက ဂက်စ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဖောက်သည်အချောလေး လက်ထပ်သွားပြီဆိုတဲ့ သတင်းကိုကြားပြီး လန့်သွားလို့ အလုပ်ထွက်လိုက်တယ်။

အဲ့ဒီဖောက်သည်လေးကို ကြွေနေတာသေချာပါတယ်။

တစ်ခါတည်း ချစ်သူရည်းစားခံစားချက်တွေနဲ့ အလုပ်ထွက်လိုက်နိုင်တဲ့ လူတွေလည်း ရှိတဲ့ပုံပဲနော်။

နောက်ပြီး Takoyaki ဆိုင်မှာ အလုပ်လုပ်နေတဲ့လူက ဒီလိုအကြောင်းပြချက်နဲ့ အလုပ်ထွက်ခဲ့ပါတယ်။

https://www.any-times.com

Takoyaki လုပ်တတ်ချင်လို့  Takoyaki ဆိုင်မှာ အလုပ်လုပ်တယ်ဆိုပေမယ့် တစ်နေ့မှာ သူဌေးက  “ ရေဘဝဲကိုင်လိုက် ” လို့ ပြောလိုက်လို့ ငိုရင်းနဲ့ အလုပ်ထွက်ခဲ့ပါတယ်။ အသည်းယားလွန်းလို့ မလုပ်နိုင်ခဲ့ပါဘူး။

https://suinaka.info

တစ်ယောက်ယောက်က အသက်ရှင်နေတဲ့ ရေဘဝဲကိုကိုင်ရတာက စိတ်ထဲမကောင်းတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါအပြင် ရယ်စရာအကြောင်းပြချက်တွေ အများကြီးရှိပါတယ်။

အလုပ်နည်းပြီး အားလွန်းနေလို့

ရုံးခန်းက ညစ်ပတ်လွန်းလို့

ဘူတာကနေ ရုံးအထိဝေးလွန်းလို့ သွားလာရတာပင်ပန်းတယ်

ရုံးမှာသရဲခြောက်ခံရလို့

 

တခြားသူတွေ အမြင်အရ ” ရယ်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ” လို့ တွေးကောင်းတွေးနိုင်ပေမယ့် အလုပ်ထွက်လိုက်ရတဲ့လူတွေအတွက်ကတော့ ကြီးမားတဲ့စိတ်ဖိစီးမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သည်းခံရင်းနဲ့ ဆက်ပြီးအလုပ်လုပ်တာက စိတ်ထိခိုက်စေမှာထက်စာရင် အလုပ်ထွက်လိုက်တာက ပိုကောင်းမယ်လို့ထင်ပါတယ်။

မြန်မာလူမျိုးတွေက အလုပ်ထွက်ချင်တဲ့အခါမျိုးမှာ ဘယ်လိုအကြောင်းပြချက်တွေနဲ့ ထွက်တာများပါသလဲ ?

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: