ကမ္ဘာကြီးကို ပြောင်းလဲပေးခဲ့တဲ့ အပြာရောင် LED

တီဗီသေးသေးလေးမှာ လင်းနေတဲ့မျက်နှာပြင်နဲ့ စမတ်ဖုန်းတွေထွက်လာပါပြီ။

ခုလက်ရှိမှာတော့ နာရီအနေနဲ့တောင် မျက်နှာပြင်သေးသေးလေးတောင်ပေါ်နေတဲ့ ခေတ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။

အိမ်တွင်းအလင်းရောင်တွေရရှိဖို့အတွက် ရေနံဆီမီးခွက်တွေကနေ LED အဖြစ်ကို ပြောင်းလဲသွားပြီး အချိန်ကြာကြာနဲ့ အလင်းရောင်တွေကို ပိုမိုရရှိနိုင်ခဲ့ပါတယ်။

ဒီလိုခေတ်ကို ဖန်တီပေးခဲ့တဲ့ တီထွင်သူရဲ့ ဝမ်းနည်းစရာအကြောင်းကို ပြောပြပါမယ်။

ယခုလက်ရှိ ဂျပန်ကုမ္ပဏီတွေရဲ့ သုတေသနနှင့်ဖွံ့ဖြိုးရေး ပြဿနာတွေက ပိုပိုပြီးများလာပါတယ်။

 

 

LED ကို ဒီလောက်ထိအသုံးပြုလာနိုင်တယ်ဆိုတာက ၁၉၉၄ ခုနှစ်ရဲ့ ဒေါက်တာ နကမူရ ရူးဂျိ ကဖော်ထုတ်လိုက်တဲ့  အပြာရောက် LED ရဲ့ကျေးဇူးကြောင့်ဖြစ်ပါတယ်။

https://curazy.com/archives/40714

 

LED ရဲ့ အသုံးဝင်မှုကို ဟိုးအရင်ကတည်းက ကောင်းကောင်းသိခဲ့ကြပြီး အနီနဲ့ အစိမ်းဟာ အစောပိုင်းကတည်းက ပေါ်ထွက်လာခဲ့ပေမယ့် အပြာရောင်ကိုတော့ တော်တော်နဲ့ မပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

အလင်းရောင်တွေက အနီရောင်၊ အပြာရောင်၊ အစိမ်းရောင် တွေကိုပေါင်းစပ်ပြီး တခြားအရောင်ကို ပေါ်ထွင်လာစေပါတယ်။

အပြာရောင်မရှိတဲ့အခါမှာ မဖော်ထုတ်နိုင်တဲ့အရောင်တွေ တော်တော်များများရှိလို့ အကန့်အသတ်နဲ့သာ အသုံးပြုနေရတာဖြစ်ပါတယ်။

အပြာရောင်ထုတ်လွှတ်တဲ့ diode ရဲ့ သုတေသနကို ၁၉၆၀ ခုနှစ်လောက်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စတင်ခဲ့ပါတယ်။

အပြာရောင်ကို ဖန်တီးနိုင်မယ်ဆိုရင် တခြားအရောင်တွေကိုလည်း ဖန်တီးနိုင်ပါလိမ့်မယ်။

ကမ္ဘာကြီးကိုလည်း ပြောင်းလဲနိုင်မယ် !

လူတိုင်းက ဒီလိုအိမ်မက်မျိုးကို မက်ပြီးဖွံဖြိုးတိုးတက်မှုတွေကို မျှော်မှန်းနေကြတာဖြစ်ပါတယ်။

ဒီလိုတွေကြားထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ 名城大学(めいじょうだいがく)မဲဂျောတက္ကသိုလ် ရဲ့ ဒေါက်တာ အကဆခိ ဆိုတာရှိပါတယ်။

သူကတော့ ၁၉၇၀ ခုနှစ်လောက်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သုတေသနတွေကို ဆက်လက်လုပ်ဆောင်သွားတဲ့အခါ ဖြစ်နိုင်တာတွေအားလုံးကို မမြင်နိုင်ဘဲ တော်တော်များများက လက်လွှတ်အရှုံးပေးခဲ့ကြပါတယ်။

ဒီလိုတွေကြားထဲမှာ ဒေါက်တာ အကဆခိ နဲ့ နဂိုယတက္ကသိုလ်ရဲ့ ဒေါက်တာ အမနို ရဲ့ သုတေသနအဖွဲ့က ကမ္ဘာ့ပထမဆုံး အပြာရောင်ထုတ်တဲ့ diode ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒါပေမယ့် အနီရောင်၊အစိမ်းရောင် တို့နဲ့ နှိုင်းယှဥ်ကြည့်လိုက်တဲ့အခါ တော်တော်လေးကိုမှိန်ပြီး လက်တွေ့မှာ အသုံးပြုဖို့ မသင့်တော်သေးတဲ့ အရာဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် ၁၉၉၄ ခုနှစ် ဒေါက်တာ နကမူရက အဆ ၁၀၀ လင်းတဲ့ အပြာရောင်ထုတ်လုပ်တဲ့ diode ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ ခြေလှမ်းတစ်လှမ်းလှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

သူက အဲ့ဒီနောက်မှာ ငလျင်ထဲမှာ ပါဝင်သွားခဲ့တဲ့ 日亜化学工業(にちあかがくこうぎょう)နိချိအသိပ္ပံစက်ရုံကြီးနဲ့ ပြင်းထန်တဲ့ အငြင်းပွားမှုတွေရှိခဲ့ပါတယ်။

ကုမ္ပဏီမှာသုတေသနနဲ့ ပတ်သပ်ပြီး သူ့ရဲ့ သုတေသနအဖိုးအခနဲ့ လစာတွေကို ကုမ္ပဏီကနေပေးချေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် တိုးတက်လာခဲ့တဲ့ နည်းပညာအသစ်တွေကို ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပါတယ်။

နောက်ပြီး အဲ့ဒီနည်းပညာအသစ်တွေကနေရရှိလာတဲ့ အမြတ်အစွန်းတွေကို ကုမ္ပဏီကပိုင်ဆိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် ထုတ်လုပ်မှုတွေအောင်မြင်ခဲ့တယ်ဆိုတာက တီထွင်သူရဲ့ အားစိုက်မှုက တော်တော်လေးကို ပြင်းထန်ခဲ့တာသေချာပါတယ်။

ဂျပန်နိုင်ငံရဲ့နည်းပညာက အတိတ်မှာကတည်းက တိုးတက်ဖွံ့ဖြိုးခဲ့ပြီး တိုးတက်ဖွံ့ဖြိုးစေခဲ့တဲ့သူအနေနဲ့ ဆုကြေးအတွေအလွန်နည်းခဲ့တယ်လို့ဆိုပါတယ်။

နောက်ပြီး အခုတစ်ခေါက်က ကမ္ဘာကြီးကို ပြောင်းလဲစေမယ့် တီထွင်မှုကြီးဖြစ်ပါတယ်။

အဲ့ဒီအချက်နဲ့ ဝင်ငွေတွေဘယ်လောက်ရရှိလာမလဲဆိုတာက စိတ်တောင်မကူးထားလောက်အောင် များမယ်လို့လူတိုင်းထင်နေကြပါလိမ့်မယ်။

ကုမ္ပဏီကနေ ဒေါက်တာ နကမူရကို ပေးတဲ့ ဆုကြေးငွေကတော့ ယန်း ၂၀,၀၀၀ တည်းသာဖြစ်ပါတယ်။

သုတေသန အတူတကွလုပ်ဆောင်တဲ့ အမေရိကန်လူမျိုးက “မင်းကကုမ္ပဏီရဲ့ကျွန်လား ? ” လို့တောင်အမေးခံခဲ့ရပါတယ်။

ခက်ခက်ခဲခဲနဲ့ ရလဒ်ကိုဖော်ထုတ်ပေးခဲ့တဲ့ ဒေါက်တာနကမူရအနေနဲ့ အဲ့ဒီလောက်ထိ ကုမ္ပဏီကနေ လုပ်ရက်နိုင်တာကြောင့် တော်တော်လေးကို အေးစက်ခဲ့တာဖြစ်ပါတယ်။

သူကစိတ်ဆုံးဖြတ်ခဲ့ပြီး တရားစွဲခဲ့ပါတယ်။

အဆိုပါတီထွင်မှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ယန်း 20,000,000,000 ပေးချေမှုကို တောင်းဆိုခဲ့ပါတယ်။

ပထမတစ်ကြိမ်တရားစွဲတဲ့အခါမှာ ဒေါက်တာရဲ့ တောင်းဆိုမှုအတိုင်းဖြစ်လာခဲ့ပေမယ့် အဲ့ဒီနောက်မှာ ကုမ္ပဏီဘက်ကနေ ယန်း 843,910,000 နဲ့ ညှိနှိုင်းခဲ့ပါတယ်။

ကုမ္ပဏီဘက်ကနေ ဒီလိုထုတ်လုပ်မှုအတွက်ရရှိလာတာတွေကို ထည့်သွင်းစဥ်းစားမယ်ဆိုရင် ယန်း 60,000,000,000 လို့ဆိုပေမယ့် တကယ့်ကို နည်းတဲ့ငွေပမာဏဖြစ်ပါတယ်။

ဒီလိုဒေါက်တာဟာ ခုချိန်မှာတော့ အမေရိကန်နိုင်ငံမှာရှိတဲ့တက္ကသိုလ်ရဲ့ ပရော်ဖက်ဆာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီ၊ တက္ကသိုလ်တွေက ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သူတွေအနေနဲ့ သိပ်ပြီးအေးစက်တဲ့ ကုစားမှုတွေကိုရရှိတာကြောင့် ဂျပန်နိုင်ငံကို ကျော်ခိုင်းထွက်ခွာခဲ့ကြပါတယ်။

သူက အိပ်တဲ့အချိန်ကို လျှော့ချခဲ့ပေမယ့် အကြိမ်ကြိမ်စမ်းသပ်မှုတွေကိုပြုလုပ်ပြီး အမျိုးမျိုးသော ကုန်ကြမ်းတွေကို အမျိုးမျိုးသောအခြေအနေတွေနဲ့ ထုတ်လုပ်ခဲ့ပြီး ၂ နှစ်အကြာမှာ အကြိမ်ပေါင်း ၁၅၀၀ လောက်စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဒေါက်တာ နကမူရရဲ့အောင်မြင်မှုက နိုဘယ်ဆုကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံက အတိတ်ကိုပြန်ကြည့်ရမယ်ဆိုရင် အံ့သြပြောင်မြောက်စရာကောင်းတဲ့ တီထွင်မှုတွေပိုပိုပြီး ထွက်ပေါ်လာခဲ့ပါတယ်။

USB  Memory တွေမှာအသုံးပြုလို့ရတဲ့ semiconductor၊ အသင့်စားခေါက်ဆွဲဘူး၊ အသင့်သောက်ကော်ဖီ၊ cutter knife၊ mechanical pencil၊ ကာရာအိုကေ၊ ဗိုလ်ထိုင်အိမ်သာ၊ ဓာတ်ခဲ၊ မျက်မမြင်အချက်ပြ လူသွားလမ်း၊ အူလမ်းကြောင်းကင်မရာ၊ Optical fiber၊ Microprocessor၊ ရုပ်မြင်သံကြားတီဗီ၊ CD (compact disc)၊ VHS video၊ digital camera၊ FAX၊ Camera auto focus၊ Hybrid engine၊ Artificial heart စတာတွေကို တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ တိုက်လေယာဥ် F-22 နဲ့ F-35 စတဲ့ ရေဒါ တွေကို ဂျပန်နိုင်ငံကတီထွင်ခဲ့တာဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း အံ့သြစရာကောင်းလောက်တဲ့ နည်းပညာဆွေကို ကမ္ဘာတစ်ဝှမ်းမှာ ထွက်ပေါ်လာတဲ့တွေတော်တော်လေး တိုးပွားလာစေဖို့အတွက် ကုမ္ပဏီတွေကနေ မိမိတို့ရဲ့အမြတ်အစွန်းတွေကိုပဲမကြည့်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်စေတဲ့သူတွေကို ပိုပြီးတော့ကောင်းမွန်တဲ့ ဆုကြေးငွေတွေနဲ့ ခံစားခွင့်တွေပေးသင့်တယ်လို့ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: