အဲဒိုခေတ်ကတည်းကနေ ရေဝယ်သောက်ခဲ့ကြတယ်

ဂျပန်နိုင်ငံရဲ့ ရေပိုက်ခေါင်းတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပါတယ်။

ပိုက်ကနေ ဒီတိုင်းတောင်သောက်လို့ရပါတယ်။

https://magazine.border.co.jp/localinfo/france/warter-in-france

စာရေးသူကလေးဘဝတုန်းက ရေပိုက်ခေါင်းကနေ သောက်ခဲ့ဖူးပါတယ်။

ပုလင်းနဲ့ရေနွေးတွေကို ရောင်းချတဲ့အချိန်မှာ တစ်ချို့ကလည်း ရေနွေးကြမ်းတွေကိုဝယ်ပါတယ်။

ဒါကတော့ ဟိုအရင်တုန်းက ရောင်းသလိုမျိုး ရေသန့်တွေကို ရောင်းချနေတာဖြစ်ပါတယ်။

 

ရေဝယ်သောက်တာ စိတ်ရောမှန်ရဲ့လား ?

 

လို့တွေးခဲ့မိပေမယ့် အခုသောက်ရေအနေနဲ့ သောက်ရေသန့်ကို ဝယ်သောက်ခဲ့တယ်ဆိုတာ ဟိုးအရင်ကတည်းကပါ။

ခေတ်တွေပြောင်းလဲသွားပေမယ့်လည်း ဟိုးအရင် အဲဒိုလို့ခေါ်တဲ့ တိုကျိုမြို့မှာ သောက်ရေသန့်တွေကို ဝယ်သောက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒိုခေတ်တုန်းက တိုကျိုမြို့ကို အဲဒိုမြို့လို့ခေါ်ခဲ့ကြပြီး ပြန်လည်ထူထောင်ထားခဲ့တဲ့မြို့ဖြစ်ပါတယ်။

https://mag.japaaan.com/archives/98414

မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်စကနေ ရေပေးဝေရေးအဆောက်အဦတွေကို တည်ဆောက်ထားခဲ့ပြီး မြစ်ချောင်း၊အင်းအိုင်ကရေတွေကို ရေအရင်းအမြစ်အနေနဲ့ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက ရေအိုင်တွေဟာ ခုချိန်ထိရှိပြီး လက်ရှိမှာ  မိနတို ရေကန်အနေနဲ့ ကျန်ရှိနေပါတယ်။

ဘူတာအနေနဲ့ဆိုရင်တော့ 溜池山王駅(ためいけさんのう)တမဲအိခဲဆန်နိုး မှာရှိပါတယ်။

ဒါပေမယ့် လူဦးရေက တော်တော်ကိုများပါတယ်။

ပဲရစ်မြို့ထက် ၂ ဆ များတဲ့ မြို့ကြီးတစ်မြို့ဖြစ်လာခဲ့ပြီး ရေပိုက်တွေက ပိုပြီးခေတ်စားခဲ့ပါတယ်။

ရေတွင်းတူလိုက်ရင် ရေထွက်တဲ့မြေဖြစ်တာရယ် ပင်လယ်နဲ့နီးပြီး ဆားရေတွေဖြစ်နေလို့ သုံးလို့မရတာကြောင့်ဖြစ်ပါတယ်။

နောက်ထပ်ရေတွေစီးဆင်းကြလာမယ်ဆိုပေမယ့် လက်ရှိရေသန့်စက်ရုံတွေမရှိဘဲ အအေးခံဖို့ ရေခဲသေတ္တာတွေလည်းမရှိပါဘူး။

နွေရာသီရောက်လာရင် ရေတွေကအနံ့ထွက်လာပြီး တော်တော်နဲ့သောက်လို့မရပါဘူး။

ဒါကြောင့် ရေရောင်းတာတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

https://mag.japaaan.com/archives/98414/2

စာရေးသူတို့ရဲ့ဒေသမှာ စမ်းရေကိုရရှိနိုင်ပြီး အဲဒိုမြို့ကို လမ်းလျှောက်ပြီး သွားရောင်းခဲ့ရတာဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ခုခေတ်မှာရောင်းချနေတဲ့ သောက်ရေသန့်တွေလိုပါပဲ။

ရောင်းတဲ့နေရာတွေက ကုမ္ပဏီတွေက မဟုတ်ဘဲ တစ်နေရာထဲမှာပဲရောင်းတာလည်း မဟုတ်ပါဘူး။

ရေကို ဟိုးအရင်ကတည်းကနေ ဝယ်ပြီးသောက်ကြတာဆိုတော့ သောက်ရေသန့်ဆိုတာ မထူးဆန်းပါဘူး။

နွေရာသီမှာ ရေရောင်းတဲ့တာဟာ အဲဒိုကမူလအစလို့ ပြောလို့ရပါတယ်။

 

ဟိယခိုးအိ၊ ဟိယခိုးအိ  ( ရေသန့်အေးအေးလေး )

 

အေးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ အဲဒိုခေတ်က ဒီလိုပြောပြီး ရောင်းတာကိုမြင်ရုံနဲ့ စိတ်ထဲအေးသွားသလို ခံစားရလိမ့်မယ်လို့ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: