ဂျပန်လူမျိုးတွေပဲ ဝယ်လို့ရမယ့်ဆိုင်

“ဂျပန်လူမျိုးတွေပဲ ဝယ်လို့ရမယ် !”

အဓိကရောင်းချတဲ့ဆိုင်ကြီးရဲ့ Yodobashi ကင်မရာကျိုတိုဆိုင်မှာ အံ့ဩစရာကောင်းလောက်တဲ့အရာတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုအခြေအနေတွေအတွက် အင်တာနက်ပေါ်မှာ လူပြောများနေပါတယ်။

ဘာဖြစ်လို့လဲနော် ? ?

https://news.livedoor.com/article/image_detail/16674622/?img_id=21513331

၂၀၁၉ ခုနှစ် ၆ လပိုင်း ၂၄ ရက်နေကနေ အရမ်းကိုနာမည်ကြီးတဲ့ Anime၊ ရာစုသစ်ရဲ့ Evangelion ရဲ့ပုံစံဖြစ်တဲ့ Metal Build Evangelion 2 ကိုရောင်းချဖို့အစီအစဥ်ကို စတင်ခဲ့တာဖြစ်ပါတယ်။

ပစ္စည်းရဲ့ဈေးနှုန်းကတော့ ယန်း 24,200 ဖြစ်ပါတယ်။ ( အခွန်မပါဝင်ပါ )

အဲ့ဒီရဲ့မူရင်းက ယန်း 10,000 အထက်ပေါက်ဈေးနဲ့ လူကြိုက်များနေတာဖြစ်ပါတယ်။

https://tamashii.jp/item/12945/

လတ်တလောဂျပန်နိုင်ငံမှာ ဒီလိုအရေအတွက်သတ်မှတ်ထားတဲ့ အထူးကုန်ပစ္စည်းတွေကို နိုင်ငံခြားမှာ အချိန်ပိုင်းအနေနဲ့ တန်းစီပြီး ပြန်ရောင်းကြတဲ့သူတွေ ပိုပိုတိုးလာပါတယ်။

အဲ့ဒီရလဒ်က တကယ်ရချင်တဲ့သူတွေ မဝယ်နိုင်တော့ဘူးဆိုတာတွေဖြစ်လာပါတယ်။

မရောင်းတာက နိုင်ငံခြားသားတွေမှမဟုတ်ပါဘူး။

ပစ္စည်းရဲ့နာမည်မပြောနိုင်တဲ့သူ ပစ္စည်းရဲ့အရည်အသွေးကို မသတ်မှတ်နိုင်တဲ့သူတွေရှိပါတယ်။

“ရှေ့တစ်ယောက်လိုမျိုးထည့်ပေးပါ ”

ဆိုတဲ့သူတွေကို မရောင်းဘူးဆိုတဲ့ အကြောင်းအရာတွေဖြစ်ပွားနေခဲ့ပြီး သေသေချာချာကို စီစစ်ခဲ့တာဖြစ်ပါတယ်။

ခါတိုင်းလိုပဲ ပြဿနာတွေကတော့ ဖြစ်ဆဲပါပဲ။

အဲ့ဒီအပေါ်မှာမူတည်ပြီး ဆိုင်ဝန်ထမ်းတွေကို ယဥ်ယဥ်ကျေးကျေးနဲ့ မျက်လွှာချပြီးတောင်းပန်ရင်တောင် ထုတ်မရောင်းပါဘူး။

ကဲ …. တကယ်ကို မျှော်လင့်တကြီးနဲ့ တန်းစီခဲ့နိုင်ငံခြားသားတွေလည်းရှိလိမ့်မယ်လို့ထင်ပါတယ်။

ဒီလိုလူတွေဆိုရင်တော့ ဘယ်လိုမှအဆင်မပြေပါဘူး။ လူမျိုးခွဲခြားပြီးရောင်းချတယ်လို့ထင်ပါတယ်။

အဲ့ဒီလိုတွေမှာဆိုရင် အဲ့ဒီဆိုင်တွေက မှန်တယ်လို့ပြောလို့မရပါဘူး။

ဒါပေမယ့် အင်တာနက်အသုံးပြုသူတွေများလာတဲ့အပေါ်မူတည်ပြီး ဒီလိုဝယ်ပြီးပြန်ရောင်းတဲ့သူတွေက တကယ်ကိုပိုပြီးများလာတာလည်း အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

နောက်ပြီး အဲ့ဒီမှာ တရုတ်လူမျိုးတွေကလည်း ပါတင်နေပါတယ်။

လူတိုင်းလိုချင်တဲ့ပစ္စည်တွေဝယ်နိုင်ဖို့အတွက် တစ်ခုခုတော့ဝယ်လို့ရအောင်လုပ်ပေးရမယ်ထင်တယ်နော်…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: