ဝက်ဝံကိုသတ်ပစ်လိုက်လို့ သေနတ်ကိုင်ဆောင်ခွင့် ရုတ်သိမ်းခံခဲ့ရတဲ့ရဲ
ဂျပန်နိုင်ငံရဲ့တောင်ပေါ်ဒေသတွေမှာ ဝက်ဝံတွေနေထိုင်ကြပါတယ်။
တောင်တန်းတွေထဲမှာဆိုရင် သိပ်ပြီးတော့ ပြဿနာမရှိပေမယ့် တောင်တန်းတွေထဲမှာ စားစရာမရှိတဲ့မချိန်မျိုးမှာ ဆင်းလာတတ်ကြပါတယ်။
https://www.aohigetozan.com/entry/2018/10/20/200000
ဝက်ဝံတွေထွက်လာနိုင်တဲ့နေရာတွေမှာ ဒီလိုဆိုင်းဘုဒ်မျိုးတပ်ထားပါတယ်။
http://hashimoto-news.com/news/2016/06/12/36005/
ဒါတောင်မှ တွေ့ရင်လန့်သွားတတ်တာက ဟိုအရင်ကတည်းကပါပဲ။
နောက်ပြီး လူတွေကလန့်သွားရင် ဝက်ဝံတွေလည်းလန့်သွားတတ်ကြပါတယ်။
လန့်သွားတဲ့ဝက်ဝံတွေက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လူတွေကိုတိုက်ခိုက်တယ်ဆိုတဲ့ ကြောက်စရာကောင်းတာတွေဖြစ်လာပါတယ်။
အဲ့ဒီလိုအချိန်မျိုးမှာ ဝက်ဝံတွေက အမဲလိုက်ဖို့အသင့်ဖြစ်နေပါတယ်။
မှတ်ပုံတင်ထားတဲ့ သေနပ်ကိုင်ဆောင်ခွင့်ရှိသူတွေက အန္တရာယ်ရှိတဲ့တိရိစ္ဆာန်တွေကို နှိမ်နင်းကြပါတယ်။
ရဲတပ်ဖွဲ့တွေကိုယ်တိုင်ကလည်း အာမမခံနိုင်ကြတာများပြီး တောလိုက်မုဆိုးအဖွဲ့အစည်းတွေကို တောင်းဆိုထားရတာတွေလည်းများ ပါတယ်။
၂၀၁၈ ခုနှစ် ဟိုကိုင်းဒိုးမှာ ထူးခြားဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။
သစ်သီးစိုက်ခင်းတစ်ခုမှာ ဝက်ဝံထွက်လာတာကြောင့် ရဲတွေနဲ့တာဝန်ရှိသူတွေရောက်လာပြီး တောလိုက်မုဆိုးတွေက ဝက်ဝံလေးကို တစ်ခါထဲသတ်ပစ်လိုက်ကြပါတယ်။
ဝက်ဝံလေးဆိုပေမယ့် သူသာပြန်တိုက်ခိုက်မယ်ဆိုရင် ပိုပြီးဒုက္ခရောက်ရမှာပါ။
မှန်ကန်တဲ့လုပ်ရိုးလုပ်စဥ်အတိုင်း လုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီဝက်ဝံကို သတ်ပေးခဲ့တဲ့ရဲက အလုပ်ရွေ့ပြောင်းခြင်းခံရပါတယ်။
တောရိုင်းတိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဥပဒေကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။
တိရိစ္ဆာန်ကာကွယ်ထိန်းသိမ်းရေးရှု့ထောင့်ကနေဆိုရင် တိရိစ္ဆာန်တွေကို ထိခိုက်စေပြီး သတ်ဖြတ်ခဲ့တဲ့ ဥပဒေနဲ့ညှိစွန်းနေတယ်ဆိုပေမယ့် အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်ဆိုရင်တော့ တစ်မျိုးပေါ့နော်…
ဝက်ဝံက အန္တရာယ်ရှိမရှိဆိုတဲ့ပေါ်မှာမူတည်ပြီး ဆုံးဖြတ်ချက်ထွက်လာမှာဖြစ်ပါတယ်။
နောက်ဆုံးမှာ တရားဆွဲဆိုမှုတွေဖြစ်လာပြီး သေနတ်ကိုင်ဆောင်မှုကြောင့် သေနတ်ကိုင်ဆောင်ခွင့်ကို ဖြတ်သိမ်းမှာဖြစ်ပါတယ်။
http://blog.livedoor.jp/dqnplus/archives/1991123.html
ရဲတွေနဲ့ တာဝန်ရှိတဲ့သူတွေက သေနတ်နဲ့ပစ်သတ်ခဲ့တာကလည်း လွန်ပါတယ်။
ရဲဘက်က ရှု့ထောင့်နဲ့ကြည့်မယ်ဆိုရင် ပစ်ဖို့ခွင့်မရလို့ ဒီအတိုင်းဘေးနားမှာပဲ နေနေမှာမဟုတ်ဘူးနော်…
ဒါကြောင့်လည်း ပစ်ခတ်ခဲ့တယ်ဆိုတာက ရဲဖြစ်နေတယ် ဆိုတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
မုဆိုးအနေနဲ့ အလုပ်လုပ်ကိုင်ရာမှာ သေနတ်ကိုင်ဆောင်ခွင့်ကို ရုတ်သိမ်းခံရမှာဖြစ်လို့ အလုပ်လည်းဖြစ်တော့မှာမဟုတ်ပါဘူး။
ဂျပန်ရဲတွေ အဆင်ပြေပါ့မလားနော် ? ? ?