ကျဉ်ဆံရထားတွေက ကားလမ်းပေါ်မှာပြေးဆွဲထားတာလား ?

မြန်မာနိုင်ငံမှာလည်း တွဲကားရှည်ကြီးတွေကို မကြာခဏတွေဖူးကြလိမ့်မယ်လို့ထင်ပါတယ်။

ဒီလို အံ့အားသင့်ရလောက်တဲ့ထိအောင် ကြီးတာတွေလည်းရှိတယ်ဆိုပေမယ့် ဒီလိုအရွယ်အစားမျိုးမဟုတ်ဘဲ ဒီထက်ပိုပြီးကြီးတဲ့အရာက ဂျပန်နိုင်ငံရဲ့လမ်းတွေမှာ သွားလာနေတတ်ပါတယ်။

အဲ့ဒါကတော့ ရထားတွေပါ။

ရထားတွေက သံလမ်းပေါ်မှာ သွားနေရမယ်ဆိုပေမယ့် စက်ရုံကနေ သံလမ်းပေါ်ဘယ်လိုပိုလဲဆိုတာကို သိပါသလား?

စက်ရုံထဲမှာပဲ သံလမ်းတွေရှိနေတာလား ? ဒါမှမဟုတ်စက်ရုံကပဲ သံလမ်းပေါ်မှာလား ?

ရထားတွေပြေးဆွဲတဲ့နေရာတော်တော်များများက မြို့ထဲမှာဖြစ်နေလို့ ဒီလိုနေရာမျိုးမှာ စက်ရုံအကြီးတွေကို ထောင်ထားလို့မဖြစ်ပါဘူး။

ယာဥ်ကြီးတွေ၊ ကျဥ်ဆံရထားတွေ ဘယ်လိုရွေ့လျားနေလဲဆိုတာကို ကြည့်လိုက်ကြစို့နော်…

https://www.dailyshincho.jp/article/2018/02271650/?all=1

ကျဥ်ဆံရထားက လမ်းပေါ်မှာသွားနေတယ်နော်..

http://denshawotorou.blog73.fc2.com/blog-entry-1389.html

အရမ်းရှည်လွန်းတဲ့အခါမျိုးမှာဆိုရင် ဒီလိုကွေ့ရပါတယ်။

https://ganref.jp/m/turezurephoto/portfolios/photo_detail/7e4ec77aafe943babf0a5f8d6af92a64

ဒီလိုအကြီးကြီးပါ။

https://minkara.carview.co.jp/userid/913819/car/759445/3822780/1/photo.aspx#title

ဒီလိုအကြီးစားရွေ့လျားမှုတွေကို ကြည့်ချင်လို့ ညသန်းခေါင်မှာရွေ့လျားမှုတွေပြုလုပ်တဲ့အချိန်မှာ လာကြည့်တဲ့သူတွေတော်တော်များပါတယ်။

ကားတွေရှင်းနေတဲ့အချိန်မှာ မရွေ့မဖြစ်ရွေ့ရမှာဖြစ်လို့ လူတွေမရှိတော့တဲ့ ညသန်းခေါင်ယံချိန်ဖြစ်တာကြောင့် မြင်ဖူးတဲ့သူတွေလည်းနည်းမယ်ထင်လို့ ဒီလိုအကြီးစားရွေ့လျားမှုတွေလုပ်နေတာ တစ်ခေါက်လောက်တော့ မြင်ဖူးချင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: