ဆင်းရဲသားတွေကိုပစ်မှတ်ထားတဲ့ ကြောက်စရာစီးပွားရေးလုပ်ငန်းရှင်

အိုဆာကုမြို့ကြီးထဲမှာ 大阪市西成区(おおさかし にしなりく)အိုဆာကာ နိရှိနရိခု လို့ခေါ်တဲ့ မြို့နယ်လေးတစ်ခုရှိပါတယ်။

အဲ့ဒီမြို့လေးမှာ လုံခြုံရေးအလွန်နည်းပါးပြီး အိုဆာကာမှာနေထိုင်တဲ့သူတွေက အဲ့ဒီနေရာကိုရှောင်ရှားကြပါတယ်။

https://tocana.jp/2019/03/post_87971_entry.html

 

နောက်ပြီး အဲ့ဒီမြို့နယ်ထဲမှာ “あいりん地区” အအိရင်းချိခု ဆိုတဲ့နေရာက အခြေနေအဆိုးဆုံးပါပဲ။

အောက်ခြေလူတန်းစားတွေ စုဝေးနေတဲ့နေရာအဖြစ် နာမည်ကြီးပြီး လတ်တလောအဲ့ဒီမှာ ဈေးသက်သက်သက်သာသာနဲ့ တည်းခိုတတ်တဲ့ နိုင်ငံခြားသားခရီးသွားတွေ တော်တော်ကိုများလာပါတယ်။

ရဲတွေကလည်း လုံခြုံရေးထိန်းသိမ်းမှုတွေကို အမြဲတမ်းလုပ်ဆောင်နေရလောက်အောင် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို လုပ်နေကြတဲ့မြို့လည်းဖြစ်ပါတယ်။

အိုဆာကာတစ်မြို့လုံးရဲ့ အယောက် ၁၉ ယောက်ထဲက တစ်ယောက်လောက်ပဲမကောင်းတာ လုပ်တတ်ပြီး နိရှိနခုရိမှာဆိုရင် ၄ ယောက်မှာတစ်ယောက်လောက်က မကောင်းတာတွေလုပ်နေတတ်ပါတယ်။

အအိရင်းမြို့နယ်မှာလည်း ရာခိုင်နှုန်းတွေ တိုးပွားလျက်ရှိတယ်လို့ ကောက်ချက်ချခံရပါတယ်။

နေထိုင်စားသောက်ရမယ့် အခြေခံက နေထိုင်စားသောက်ဖို့ ခက်ခဲကြမ်းတမ်းတဲ့လူတွေကို အစိုးရကထောက်ပံ့တာဖြစ်ပါတယ်။

ဒါတွေကို လုယူတဲ့စီးပွားရေးတွေက တော်တော်လေးကို ကျယ်ပြန့်နေပါတယ်။

နေထိုင်စားသောက်မှုအတွက် ထောက်ပံ့မှုတွေကိုရရှိကြတဲ့သူတွေကို ပစ်မှတ်ထားလို့လွယ်တယ်ဆိုတာ ဒီလိုကြောင့်ပါ။

 

အကြိမ်တိုင်း သတ်မှတ်ထားတဲ့ရက်မှာ ငွေတွေပုံမှန်ဝင်နေလို့ဖြစ်ပါတယ်။

 

ပုံမှန်ရနေတဲ့ ကုမ္ပဏီလစာလိုမျိုးမဟုတ်ဘဲ အားလုံးဒီတစ်ရက်မှာ အတူတူပဲဆိုတော့ ပိုပြီးသိလွယ်ပါတယ်။

အဲ့ဒီပိုက်ဆံတွေကို အသုံပြုပြီး အအိရင်းမြို့နယ်မှာ လတ်တလော ကာရာအိုကေအရက်ဆိုင်တွေ ပိုများလာပါတယ်။ Girls bar လိုပုံစံမျိုးဖြစ်ပါတယ်။

တရုတ်လူမျိုးက စီမံခန့်ခွဲကြတာဖြစ်ပါတယ်။

ဒီလို Girls bar တွေမှာသွားသောက်ဖို့ဆိုတာ ပိုက်ဆံတွေတော်တော်များများကုန်ကျပါတယ်။

ထောက်ပံ့မှုစရိတ်တွေနဲ့ အသက်ရှင်နေရတဲ့သူတွေက အိမ်ငှားတွေပေးရပြီး ကျန်တဲ့ပိုက်ဆံနဲ့ လောက်ငှအောင်နေထိုင်စားသောက်ရတော့မှာဖြစ်ပါတယ်။

အရက်မသောက်ရတာမျိုးတွေကန့်သတ်ထားတာမျိုးမရှိတာကြောင့် ထောက်ပံ့ကြေးစရိတ်ထောက်ခံချက်လက်မှတ်ရှိထားမယ်ဆိုရင် ကုန်သွားလည်းနောက်ထပ်ထပ်ရလို့ထပ်သောက်ကြပါတယ်။

နေထောက်မှုထောက်ပံ့စရိတ်နဲ့ အသက်ရှင်နေတဲ့လူတွေက လူ့ဘောင်ကျင့်ဝတ်ဆိုတာမျိုးမရှိလို့ ချေးငှားလို့လည်းမရပါဘူး။

ဒါကိုလည်း ဥပဒေကပိတ်ပင်ထားပါတယ်။

ဒါပေမယ့် သောက်ချင်တဲ့အချိန်မျိုးလည်းရှိပါတယ်။

နောက်ပြီး အရက်ထဲမှာနှစ်မြှုပ်လွယ်တဲ့လူဟာ ထောက်ပံ့မှုတွေကိုရနေမယ်ဆိုရင် ဆွဲဆောင်ရတာလွယ်ကူလို့ အဲ့ဒီလူတွေကိုပစ်မှတ်ပေးရပါတယ်။

အဲ့ဒီမြို့မှာနေတဲ့ X ဆိုတဲ့လူတစ်ယောက်ရှိပါတယ်။

Girls Bar မှာနောက်မှပေးမယ်ဆိုပြီး သောက်တာများပြီး အကြွေးတွေစုပြုံနေတာကြောင့် တခြားလူတွေကို နမူနာပေးတဲ့အနေနဲ့ ပြသခံခဲ့ရတဲ့လူတစ်ယောက်ဖြစ်ပါတယ်။

https://tocana.jp/2019/03/post_87971_entry_2.html

 

ဈေးသက်သက်သာသာနဲ့သောက်နိုင်ပြီး ခုချက်ချင်းမရှင်းနိုင်ရင်တောင် နောက်မှထောက်ပံ့ကြေးငွေတွေထဲကနေ ပေးလို့လည်းရပါတယ်။

ဒီလိုစိတ်ချလက်ချနဲ့ နေ့တိုင်းသောက်ပြီး ယန်း ၁၀ သောင်းကျော်အကြွေးတွေတင်သွားခဲ့ပါတယ်။

နေထိုင်မှုထောက်ပံ့စရိတ်ဆိုတာက အောက်ခြေလူတန်းစားအတွက်ပါပဲ။

ယန်း ၁၀ သောင်းလောက်ရဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်ပါဘူး။

တစ်နေ့မှာတော့ တရုတ်လူမျိုးတစ်ယောက်က X ရဲ့အိမ်ကိုလာရောက်ပြီး X ကိုရှာဖွေခဲ့ပါတယ်။

နမူနာပြတဲ့အနေနဲ့ လက်ညှိုးဖြတ်ခံခဲ့ပါတယ်။

ခုလက်ရှိလက်ညှိုးရဲ့ပုံကတော့ဒီမှာပါ။

https://tocana.jp/2019/03/post_87971_entry_3.html

တရုတ်လူမျိုးတွေဟာ အကြောင်းပြချက် အမျိုးမျိုးနဲ့လက်ညှိုးဖြတ်ရတဲ့ ဖြေရှင်းချက်ကို ကြိုတင်ပြင်ဆင်ပြီးသားဖြစ်ပါတယ်။

X က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတာဖြစ်ပြီး အဲ့ဒီအလုပ်ချိန်အတွင်းမှာ ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

နောက်ပြီး ဆေးရုံအထိပါ ပြင်ဆင်ထားခဲ့ပြီး သေသေချာချာ ကုသပေးခဲ့ပါတယ်။

အလုပ်သမားတွေကြားထဲမှာတော့ အလုပ်လုပ်ရင်းရထားတဲ့ ဒဏ်ရာလို့ သိထားကြပြီး ဆေးဝါးကုန်ကျစရိတ်အပြင် အလုပ်မလုပ်နိုင်တဲ့အချိန်အတောအတွင်းမှာ လစာအပြည့်ရထားတာဖြစ်ပါတယ်။

သေချာတာကတော့ အဲ့ဒီရလာတဲ့လစာတွေကို တရုတ်ကြီးတွေဆီပြန်ပေးရမှာဖြစ်ပါတယ်။

ဒီလိုကြောက်စရာကောင်းတာတွေကို X တစ်ယောက်ကြုံတွေ့ခဲ့ရပါတယ်။

လက်ညှိုးဖြတ်ခဲ့တာကြောင့် အကြောထိပြီး အောက်ပိုင်းသိပ်လှုပ်လို့မရအောင်ဖြစ်ခဲ့ပါတယ်။

ဒီလိုကြုံတွေ့ခဲ့ရတဲ့သူက အအိရင်းမြို့နယ်ကို စွန့်ခွာခဲ့ပါတယ်။

ဒီလိုမျိုးကိစ္စတွေဖြစ်နေတဲ့ အအိရင်းနယ်မြို့လေးမှာ ခုချိန်ထိ Girls bar တွေက ခေတ်စားနေပါတယ်။

နောက်ထပ်သားကောင်တွေများ ထပ်ပြီးပေါ်လာဦးမလားဆိုတာ မတွေးရဲစရာပဲနော်…

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: