ပိုက်ဆံမပေးဘဲ ကျေးဇူးတင်တဲ့နည်းလမ်း

ဂျပန်နိုင်ငံဟာ ဟိုးအရင်ကတည်းကနေ အပိုဆုအနေနဲ့ ထပ်ပေးတာမျိုးလုံးဝမရှိတဲ့နိုင်ငံဖြစ်ပါတယ်။

နောက်ပြီး ဒီလိုအပိုဆုကြေးငွေ ( မုန့်ဖိုး ) ပေးတဲ့သူတွေကို မကောင်းဘူးလို့မြင်တတ်ကြပြီး အပေးခံရတဲ့သူတွေကလည်း လက်ခံလေ့မရှိပါဘူး။

အပိုဆု ( မုန့်ဖိုး ) ဆိုတာက တစ်ခုခုကိုလုပ်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ပေးတာဖြစ်ပါတယ်။

ဥပမာ စားသောက်ဆိုင်တွေမှာ လာရောက်စားသုံးတဲ့ဧည့်သည်တွေက ဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ အပိုပေးခဲ့တဲ့ပိုက်ဆံဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံမှာတော့ ပိုက်ဆံမပေးဘဲ စိတ်ကျေနပ်ကြောင့် ဖော်ပြတဲ့အနေနဲ့ Kimo Tip နည်းလမ်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။

https://gogotsu.com/archives/50931

 

ဒီလိုအသုံးပြုတာတွေကို တွေ့လာရပါတယ်။

https://gogotsu.com/archives/50931

ဒီကဒ်နဲ့ဆိုရင် ပိုပြီးအလုပ်ရှုပ်မယ်လို့ထင်ပေမယ့် အဲ့ဒီကဒ်နဲ့တွဲဖက်ပြီး အပိုဆုငွေတွကိုထားခဲ့မယ်ဆိုရင် ဂျပန်လူမျိုးတွေမှ မဟုတ်လဲ တခြားနေရာမှာဆိုရင်ရော အဆင်ပြေမယ်လို့ထင်ပါသလား?

ဂျပန်နိုင်ငံမှာ တော်ရုံနဲ့ဝယ်လို့မရနိုင်သေးဘဲ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကနေ စတင်ရောင်းချလာခဲ့ပြီး အွန်လိုင်းပေါ်မှာတော့ ကန့်ကွက်တဲ့ရလဒ်ဘက်ကိုပဲ ရောက်နေပါတယ်။

 “ စကားနဲ့ပြောလိုက်ရုံနဲ့မလုံလောက်သေးဘူးလား ?

အင်း….ဒီလိုဆိုတော့လည်း ဟုတ်တယ်နော် …

ပိုက်ဆံတင်မဟုတ်ဘဲနဲ့ လက်ရေးနဲ့ပါ ကိုယ်စိတ်ကိုဖော်ပြရချင်တဲ့စိတ်ရှိပေမယ့် ဒီလိုဖော်ပြတာ သိပ်မကောင်းဘူးလို့ထင်ပါတယ်။ အားလုံးကရော ဘယ်လိုထင်ပါသလဲ ?

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: