Porsche ရဲ့ကိုယ်စားပြုဒီဇိုင်းနာက ဂျပန်လူမျိုးလား?

ကမ္ဘာပေါ်မှာ ဂျာမဏီနိုင်ငံထုတ် ဇိမ်ခံကားလို့ပြောရရင် Porsche တံဆိပ်ကို လူကြိုက်များကြပါတယ်။

Sport ကားတွေကတော့ အဓိကအမျိုးအစားဖြစ်ပြီး လက်ရှိမှတော့ SUV နဲ့ တံခါးလေးပေါက်ပါတဲ့ကားတွေကိုလည်း ရောင်းချပေးနေပြီး လူတွေတော်တော်များများကို အကြိုက်တွေ့စေပါတယ်။

ဒီလို Porsche ရဲ့ကိုယ်စားလှယ်အနေနဲ့ ကိုယ်စားပြုတဲ့ 911 ဆိုတဲ့ မော်ဒယ်တစ်မျိုးရှိပါတယ်။

၁၉၆၃ ခုနှစ်ရဲ့ First generation 911 ကနေတဖြည်းဖြည်းနဲ့ ဆက်လက်ပြောင်းလဲလာပြီး အဝေးကနေမြင်လိုက်တာနဲ့ 911 လို့တန်းသိနိုင်မှာဖြစ်ပါတယ်။

ဟုတ်ပါတယ် Porsche ကနေထုတ်နေကျပုံစံဒီဇိုင်းပဲဖြစ်ပါတယ်။

ဒီ 911 ရဲ့  8th generation ဖြစ်တဲ့ Type 992 ရဲ့ဒီဇိုင်းကို ကြေငြာလိုက်ပါပြီ။

http://news.livedoor.com/article/detail/16535674/

 

ဒီတစ်ခေါက်ထုတ်လိုက်တဲ့ကားက ရှေးမူမပျက် မူရင်းဒီဇိုင်းတွေနဲ့ ပိုပြီးတော့ခေတ်မှီလာပါတယ်။

လှလိုက်တာဗျာ….

အထဲမှာတော့ ဒီလိုပုံစံမျိုးပါ။

http://news.livedoor.com/article/detail/16535674/

 

တကယ်ဆို အဆင့်တန်မြင့်မြင့်နဲ့ ဇိမ်ခံကားပီသတယ်နော်…

ဒီအသစ်ထုတ် 911 ရဲ့ဒီဇိုင်းကို ဒီပုဂ္ဂိုလ်က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

http://news.livedoor.com/article/detail/16535674/

ဒါဆိုရင် ဂျပန်လူမျိုးပေါ့နော်…

၁၉၆၁ ခုနှစ် တိုကျိုမြို့မှာမွေးဖွားခဲ့ပြီး အိုဆာကာမြို့မှာ ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။

အမေရိကတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။

Mercedes ဒီဇိုင်နာအနေနဲ့စတင်လုပ်ကိုင်ခဲ့ပြီး ဆွီဒင်နိုင်ငံရဲ့ကားမိတ်ကာ SAAB ကနေ အလုပ်ထွက်ခဲ့ပြီး Porsche မှာဆက်လက်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။

ဂျာမနီနိုင်ငံရဲ့ ရှေးဟောင်းဇိမ်ခံကားထုတ်လုပ်တဲ့မိတ်ကာရဲ့ ကိုယ်စားပြုထုတ်ကုန်ဒီဇိုင်းကို နိုင်ငံခြားသားတစ်ယောက်က တာဝန်ယူထားတယ်ဆိုတာ  တကယ်ကိုထူးခြားပါတယ်။

ဒါကတော့ Porsche မှာတင်မဟုတ်ဘဲ အီတလီထုတ်ဇိမ်ခံကား Ferrari ကားမှာလည်းဒီလိုပါပဲ။

အဲ့ဒီမှာ ၁၉၉၈ ခုနှစ်ကနေစပြီးလုပ်ကိုင်ခဲ့တဲ့ 奥山清行(おくやま きよゆき)さん အိုခုယမ ခိရောယူခိ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိပါတယ်။

သူလည်းပဲ အမေရိကန်လူမျိုးတွေပဲရှိတဲ့ Ferrari ရဲ့ဒီဇိုင်းကိုရေးဆွဲပေးခဲ့တဲ့ ပထမဆုံးနိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။

ဂျပန်လူမျိုးရဲ့ဒီဇိုင်းဟာ ကမ္ဘာ့ထိပ်တန်းအနေနဲ့ စတင်ပြီးဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ဒီဇိုင်နာတွေလည်း တစ်ချိန်မှာကမ္ဘာကို ထိုးဖောက်နိုင်မယ်လို့မျှော်လင့်မိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: