ယောကျ်ားလေးတွေရဲ့ ကလေးထိန်းခွင့်ဒုက္ခ
ကလေးတွေကို ပြုစုပျိုးထောင်ဖို့ဆိုတာဟာ တွေးထားတာထက်ကိုပိုပြီး ခက်ခဲပင်ပန်းလွန်းပါတယ်။
ကလေးငယ်တွေမွေးဖွားပြီးခါစမှာ ချက်ချင်းရုံးပြန်တက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
မိန်းကလေးတွေတော်တော်များများဟာ မီးဖွားခွင့်ယူပြီး ဒီလိုနဲ့အလုပ်ထွက်လိုက်ကြတာမျိုးလည်းရှိပါတယ်။
ဒါပေမယ့် ဒီလိုဖြစ်တာဟာ မိန်းကလေးတွေမှမဟုတ်ပါဘူး။
ယောကျ်ားလေးတွေကလည်း တက်တက်ကြွကြွနဲ့ပါဝင်ရမှာဖြစ်လို့ ယောကျ်ားလေးတွေကပါ အမျိုးသမီးမီးဖွာခွင့် ခွင့်ရက်ရှည်ကိုပေးတဲ့ ကုမ္ပဏီတွေလည်း ပိုပိုများလာပါတယ်။
https://bizhint.jp/report/132035
ယောကျ်ားလေးတွေကလည်း ကလေးထိန်းအတူတူထိန်း၊ နှစ်ယောက်စလုံး ရုံးကိုပြန်လာပြီးအလုပ်လာလုပ်နိုင်စေဖို့ဆိုတဲ့ ပြဿနာကြီးတစ်ခုရှိပါတယ်။
ကုမ္ပဏီငယ်လေးတွေအပြင် အယောက် ၁ သောင်းကျော်လောက်အလုပ်လုပ်နေတဲ့ ကုမ္ပဏီကြီးတွေမှာလည်း ကလေးထိန်းခွင့်ယူကြပါတယ်။
အယောက် ၁ သောင်းကျော်ရှိတဲ့ လုပ်ငန်းခွင်ထဲမှာ တခြားသူတွေအများကြီးရှိသေးတာကြောင့် အဲ့ဒီထဲကနှစ်ယောက်လောက်တော့ ကလေးထိန်းခွင့်ယူလို့ရပါတယ်။
ကုမ္ပဏီကနေ ကျင့်သုံးနေတဲ့စနှစ်ဖြစ်တာကြောင့် ဘာပြဿနာမှမရှိဘဲ ကလေးတွေကို ပြုစုပျိုးထောင်ခွင့်ကို ပေးတာဖြစ်ပါတယ်။
ဒါပေမယ့် ကလေးထိန်းခွင့်ပြီးသွားတဲ့နောက် အလုပ်ပြန်တက်တဲ့အခါမှာ သူ့ကိုသူဌေးကခေါ်ပြီး အဝေးကိုပြောင်းဖို့ အမိန့်ပေးခံခဲ့ရပါတယ်။
မွေးကင်စ ၃ လအရွယ်ကလေးက အိမ်မှာရှိနေပါတယ်။
မိခင်ကလည်း ကလေးစောင့်ရှောင့်ရေးကျောင်းတွေကို အပ်ပြီးမှ အလုပ်လုပ်နိုင်မယ်ဆိုပေမယ့် ဒီအရွယ်က ဘယ်လိုမှပို့လို့မဖြစ်သေးပါဘူး။
ကလေးမွေးလာပြီးခါစမှာပဲ ဒီတစ်လအတွင်း အိမ်အသစ်ဝယ်ပြီး ပြောင်းရတော့မလိုဖြစ်နေပါတယ်။
ကလေးတွေရဲ့ဝေယာဝဇ္ဇတွေရယ်၊ အိမ်ပြောင်းထားတဲ့ပစ္စည်းတွေကို နေရာချရမှာက ပင်ပန်းရတဲ့အရာတွေအားလုံးက ခင်ပွန်းရဲ့အကူအညီလိုအပ်တယ်ဆိုတာ ဘယ်သူမှနားမလည်ပေးနိုင်တဲ့ အလုပ်ပြောင်းရွေ့မှုပါပဲ။
ပြင်ဆင်စရာလေးတွေရှိသေးလို့ ၂ လ ၃ လလောက် အချိန်ပေးလို့မရဘူးလား ?
လို့ပြောရင်လည်းမရပါဘူး။
အလုပ်နားနေတဲ့အချိန်အတောအတွင်းလစာပေးထားလို့ အဲ့ဒီအချိန်အတွင်းမှာပဲ ပြီးအောင်ပြင်ဆင်ပါ။
ဆိုပြီးတော့ ငြင်းပယ်ခံရပါတယ်။စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။
ယောကျ်ားလေးတွေအတွက် ကလေးထိန်းခွင့်ကလည်း…….
ဒီလိုခံစားမိတဲ့သူတွေလည်းရှိမှာပေါ့နော်။
ဂျပန်နိုင်ငံဟာ ဟိုးအရင်ကတည်းကနေ ယောကျ်ားလေးတွေက အပြင်ထွက်အလုပ်လုပ်ရပြီး မိန်းကလေးတွေက အိမ်မှာပဲနေရမယ်ဆိုတဲ့ ရှေးရိုးစွဲတွေရှိပါတယ်။
မိန်းကလေးတွေကလည်း အပြင်ထွက်အလုပ်လုပ်နေမယ်ဆိုရင် ယောကျ်ားလေးတွေက အိမ်အလုပ်နဲ့ ကလေးထိန်းရမယ်ဆိုတာ ဟိုးအရင်ကတည်းကပါပဲ။
ဂျပန်နိုင်ငံမှာ ဒီလိုရှေးရိုးစွဲတွေက ဂျပန်တစ်နိုင်ငံလုံးရဲ့ မိရိုးဖလာဆင်းသက်လာခဲ့ပြီး ကိုယ့်အတွက်ဒုက္ခပိုရောက်စေမယ်ဆိုတာကိုတော့ မတွေးတတ်ကြတော့ပါဘူး။
ဒီလိုပြဿနာတွေကြောင့်ပဲ ဂျပန်နိုင်ငံမှာ မွေးဖွားနှုန်းတွေကျဆင်းလာရတာဖြစ်ပါတယ်။