အကျဥ်းသားတွေအတွက်ရည်ရွယ်တဲ့ မဂ္ဂဇင်း

အရင်ကတော့ အလုပ်အကိုင်သတင်းအချက်အလက်တွေနဲ့သက်ဆိုင်တဲ့ မဂ္ဂဇင်းဖြစ်ပြီး အဓိကရည်ရွယ်ချက်ပြောင်းလဲသွားတဲ့ မဂ္ဂဇင်းရှိပါတယ်။

https://ddnavi.com/interview/520365/a/

Chance!! ဆိုတဲ့နာမည်နဲ့ မဂ္ဂဇင်းက ထောင်ထဲမှာရှိတဲ့ အကျဥ်သားတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တာဖြစ်ပါတယ်။

အထဲကိုဖွင့်ကြည့်လိုက်မယ်ဆိုရင် စုဆောင်းရေးအကြောင်းအရာတွေပါဝင်ပြီး တခြားမဂ္ဂဇင်းတွေနဲ့ ကွာခြားပါတယ်။

“ ထောင်ထဲမှာကျန်ရှိနေတဲ့ နှစ်အရေအတွက်နဲ့ လျှောက်ထားနိုင်တယ် ” ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဘယ်နှစ်ရောက်ရင် အလုပ်လုပ်နိုင်မယ်ဆိုတဲ့ အစီအစဥ်နဲ့ လျှောက်ထားနိုင်ပြီး အင်တာဗျူးကိုလည်း ထောင်ထဲမှာလုပ်လို့ရပါတယ်။

ဂျပန်နိုင်ငံမှာ တစ်နှစ်အတွင်း အယောက် ၂၄,၀၀၀ လောက် အကျဥ်းသားဘဝကနေ လွတ်မြောက်ကြပါတယ်။

ဒါပေမယ့် အဲ့ဒီ ၅၀ ရာခိုင်နှုန်းက နောက်တစ်ခေါက် ရာဇဝတ်မှုကျူးလွန်ကြပြီး ထောင်ထဲကို ပြန်ရောက်သွားတတ်ကြပါတယ်။

ဘာကြောင့် ရာဇဝတ်သားတွေ ဒီလောက်များနေရတာလဲနော် ?

အလုပ်လုပ်တယ်ဆိုတာကောင်းပေမယ့် ပြစ်မှုမှတ်တမ်းရှိထားတဲ့လူတစ်ယောက်အတွက် အလုပ်ဆိုတာမရှိဘဲ အားကိုးစရာလူလည်းမရှိတာကြောင့် တိုက်ခန်းငှားနေလို့လည်းမရပါဘူး။

ထောင်ထဲမှာပဲ ထောင်အလုပ်ကိုပဲ အားကိုးကြပါတော့တယ်။

အချိန်နည်းလို့ ရတာလည်းနည်းတယ်ဆိုပေမယ့် ပိုက်ဆံတော့ရကြပါတယ်။

ဒါပေမယ့် အဲ့ဒီသောင်းဂဏာန်လောက်လေးနဲ့ အပြင်ထွက်လာရင်လည်း ဒါတွေကိုသုံးပြီး အလုပ်ရှာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အဲ့ဒါနဲ့ နောက်ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ဖို့ဆိုတာ မဆန်းတော့တဲ့အခြေအနေကို ရောက်ရှိလာပါတယ်။

 

ဒီလိုရာဇဝတ်သားတွေနဲ့ ကိုက်ညီမယ့်အလုပ်ကိုမိတ်ဆက်ပေးပြီး နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်တာကို တားဆီးဖို့ ဒီ Chance ဆိုတဲ့ မဂ္ဂဇင်းကရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

အထဲမှာပါတဲ့အကြောင်းအရာတွေဟာ အရမ်းကိုယဥ်ကျေးပျော့ပြောင်းပြီး စာရွက်တိုင်းမှာ  အလုပ်တွေကိုနားလည်လွယ်အောင် ဓာတ်ပုံတွေအများကြီးကို ထည့်သွင်းပေးထားပါတယ်။

နောက်ပြီးပညာရေးအပိုင်းမှာမပြည့်စုံသေးတဲ့သူတွေအတွက်လည်း Kanji တွေကို ထည့်သွင်းရေးသားထားပေးပါတယ်။

ဒီသတင်းစာကိုထုတ်လုပ်ခဲ့တဲ့သူကတော့ 三宅晶子さん(みやけ あきこ)မိယခဲ အခိခို ဖြစ်ပါတယ်။

https://ddnavi.com/interview/520365/a/

 

သူမဟာ ၂၀၁၉ ခုနှစ် ၄ လပိုင်းမှာ ၁၇ နှစ်အရွယ် ခင်မင်ရင်းနှီးတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။

အဲ့ဒီကောင်မလေးဟာ ရာဇဝတ်မှုကိုကျူးလွန်ခဲ့တာကြောင့် ဖုခုအိုက လေ့ကျင့်ရေးကျောင်းကို ပို့ခံလိုက်ရပေမယ့် သူမနဲ့အမြဲတမ်းအဆက်အသွယ်ရှိခဲ့ပြီး သူမကိုမွေးစားလိုက်တယ်လို့ ပို့လိုက်တဲ့စာထဲမှာ ရေးထားခဲ့ပါတယ်။

သူမလိုမျိုးကလေးတွေ နောက်ထပ်မရှိစေချင်တော့တဲ့ အတွေးနဲ့ ဒီမဂ္ဂဇင်းထုတ်လုပ်တာကိုစတင်ခဲ့ပြီး အခက်အခဲတွေတော်တော်များများကို ကျော်ဖြတ်ခဲ့ရပါတယ်။

အကျဥ်းထောင်ကို အုပ်ချုပ်နေတဲ့သူဆီကို သွားရောက်ဆွေးနွေးခဲ့ပြီး အကျဥ်းသားတွေအတွက်အလုပ်အကိုင်အခွင့်အရေးအတွက် စတင်ခြင်တယ်လို့ဆွေးနွေးခဲ့တဲ့အခါမှာ အမြတ်အစွန်းရဖို့ရည်ရွယ်တဲ့ ကုမ္ပဏီတွေအတွက် အောင်မြင်မှာမဟုတ်ဘူးလို့ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် အလျော့မပေးခဲ့တဲ့ မိယခဲစံဟာ မဂ္ဂဇင်းတွေကိုထုတ်လုပ်ပြီး အကျဥ်းသားတွေဆီကို ရောက်အောင်ပို့ပေးခဲ့ပါတယ်။

https://ddnavi.com/interview/520365/a/

 

တစ်နိုင်ငံလုံးမှာ ၂၃၉ နေရာတောင်ရှိတဲ့ အကျဥ်းထောင်တွေထဲမှာ လက်ရှိအကြိုက်တွေနေပြီး ဒီမဂ္ဂဇင်းတွေကို ဖြန့်ချိပေးနေတဲ့ နေရာ ၁၀ နေရာရှိပါတယ်။

ဒါကိုရှေ့ဆက်တဲ့အခါမှာ ၃ ကြိမ်မြောက် မဂ္ဂဇင်းတွေထွက်ရှိလာခဲ့ပြီး လူအယောက် ၂၀၀ ကျော်ဆီက စာကိုလက်ခံရရှိခဲ့ပါတယ်။

ရာဇဝတ်မှုကျူးလွန်တယ်ဆိုတာ မကောင်းတဲ့အလုပ်ပါ။

အဲဒီမကောင်းတဲ့ အပြစ်တွေကို ပေးဆပ်ဖို့အတွက် အကျဥ်းထောင်ထဲမှာ ရှိနေကြရတာဖြစ်ပါတယ်။

ဒါပေမယ့် အကျဥ်းကျရမယ့်သက်တမ်းကုန်ဆုံးသွားလို့ အပြင်ကိုထွက်လာတဲ့အခါ အလုပ်အကိုင်မရှိ၊ နေစရာနေရာမရှိဘူးဆိုတာဟာ ဟိုးအရင်ကတည်းကနေ စိုးရိမ်ရတဲ့အရာတစ်ခုဖြစ်ပါတယ်။

ထောင်သားဟောင်းလို့ပြောရင်တောင် ဒီစကားလေးတစ်ခွန်းနဲ့တင် သေလို့ရတယ်မဟုတ်ဘူးလား ?

ဒီလိုလူတွေကို ကယ်တင်နိုင်ဖို့အတွက်နဲ့ ရာဇဝတ်မှုတွေကို ကာကွယ်တားဆီးနိုင်ပြီး ဂျပန်နိုင်ငံရဲ့ ရာဇဝတ်မှုနှုန်းလည်း လျော့နည်းသွားမှာသေချာပါတယ်။

နောက်ထပ်နောက်ထပ် ဂျပန်နိုင်ငံရဲ့အေဂျင်စီတွေဆီ ဝင်ရောက်နိုင်မလားဆိုတာ မသိနိုင်သေးတဲ့ အခြေအနေဆိုပေမယ့် မိယခဲစံ ရဲ့လုပ်ဆောင်မှုဟာ ဂျပန်နိုင်ငံအတွက် ကောင်းမွန်တဲ့အရာတွေကို ဖြစ်ထွန်းစေတဲ့ အရေးကြီးတဲ့လှုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့ထင်ပါတယ်။

မိယခဲစံလိုမျိုးလုပ်ဆောင်မှုမျိုးဟာ ဒီနိုင်ငံမှာလည်းရှိလာမယ်ဆိုရင် တကယ်ကို ကောင်းမွန်တဲ့အရာတွေဖြစ်လာမယ်ဆိုတာကို ယုံကြည်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: