သတိထားရမယ့် ဂျပန်နိုင်ငံက အလုပ်အကိုင် !

京都府福知山市(きょうとふ ふくちやまし)ကျိုတိုခရိုင် ဖုခုချိယမမြို့မှာရှိတဲ့ အထည်ချုပ် ကုမ္ပဏီမှာ အလုပ်သင်အနေနဲ့အလုပ်လုပ်နေတဲ့ အသက် ၃၉ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီးတစ်ဦး ရှိပါတယ်။

ကုမ္ပဏီဘက်က မတရားမှုနဲ့ အမှုစစ်ဆေးခဲ့ပါတယ်။

https://web.smartnews.com/articles/fTpeVSWRfUV

သူမရဲ့အခြေခံလစာက ယန်း ၆ သောင်းဖြစ်ပါတယ်။

နေ့စဥ်ပုံမှန် ၅ နာရီ အချိန်ပိုလုပ်ခိုင်းပြီး အဲ့ဒီအချိန်ပိုကြေးက တစ်နာရီကိုယန်း ၄၀၀ ဖြစ်ပါတယ်။

ကုမ္ပဏီက သူမအတွက် ဝန်ငွေခွန်နဲ့ လစာမှာ အခြေခံလစာ ယန်း ၁၅ သောင်းလို့ရေးထားတာဖြစ်ပါတယ်။

နောက်ပြီး ကုမ္ပဏီဘက်က သူမရဲ့နိုင်ငံကူးလက်မှတ်ကိုသိမ်းထားပြီး သူမရဲ့လစာတွေကိုလည်း အတင်းစုစောင်းခိုင်းထားပါတယ်။

ဂျပန်နိုင်ငံရဲ့ဘဏ်တွေမှာ ငွေစုမယ်ဆိုရင် သူမရဲ့လက်ထဲမှာ ဘဏ်စာအုပ်ရှိနေရမှာဖြစ်ပါတယ်။

အဲ့ဒီစာအုပ်ထဲမှာ ရထားသမျှကိုလည်း ရိုက်ထားပေးမှာဖြစ်ပြီး ငွေထုတ်တဲ့အခါမှာလည်း လိုအပ်တာကို ကုမ္ပဏီဘက်ကသိမ်းဆည်းထားတာဖြစ်ပါတယ်။

အမှုစစ်ဆေးလိုက်တဲ့အခါမှာ မရရှိလိုက်တဲ့လစာ ယန်းသောင်းပေါင်း ၂၅၀ ( ယန်း ၂၅ သိန်း ) နဲ့ အချိန်ပိုကြေး ယန်းသောင်းပေါင်း ၁၁၀ ( ယန်း ၁၁ သိန်း ) ကိုပြန်လည်တောင်းဆိုခဲ့ပြီး အမှုလည်း အနိုင်ရရှိခဲ့ပါတယ်။

ကုမ္ပဏီဘက်ကနေ ငွေညစ်ထားခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီတွေကလည်း တကယ့်ကိုမယုံနိုင်စရာပါပဲ။

ကုမ္ပဏီတွေမှမဟုတ်ဘဲ ပို့ပေးတဲ့တချို့သောအေဂျင်စီတွေကိုလည်း ယုံကြည်လို့မရတဲ့အခြေအနေမျိုးသာ ဆိုရင် သင်ဘယ်လိုဆက်လုပ်မလဲ ?

သူမကတော့ အောက်ကလင့်ခ်ထဲမှာပါတဲ့ “きょうとユニオン” Tokyo Union ဆိုတဲ့နေရာကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။

http://web.kyoto-inet.or.jp/people/kyotama/

 

ကုမ္ပဏီဟာ အဖွဲ့အစည်းတွေနဲ့ကွဲထွက်မှုရှိလာရင် ကူညီပေးမယ့် အလုပ်သမားသမဂ္ဂဖြစ်ပါတယ်။

Training company တွေရဲ့အလုပ်တွေဟာ အန္တရာယ်ရှိတာမို့ ထွက်ပြေးမယ်ဆိုရင် ရာဇဝတ်သားဖြစ်သွားမှာ ဖြစ်ပါတယ်။

နောက်ပြီး ထွက်ပြေးတာကို ကူညီပေးတဲ့ မြန်မာနိုင်ငံသားရှိနေပေမယ့် ထွက်ပြေးပြီးတဲ့နောက်မှာ စောင့်ကြိုနေတာက တရားမဝင်တဲ့အလုပ်တွေပါ။

ကောင်းတဲ့အလုပ်အကိုင်၊ ပတ်ဝန်းကျင်တွေ စောင့်နေမှာမဟုတ်ပါဘူး။

တစ်ယောက်တည်းဒုက္ခတွေနဲ့ ထွက်မပြေးခင်မှာ ဒီလိုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လိုက်ပါ။

ဂျပန်တစ်နိုင်ငံလုံးမှာ ဒီလိုအဖွဲ့အစည်းတွေရှိပါတယ်။

တကယ်လို့ ဒုက္ခရောက်နေတဲ့သူတွေရှိမယ်ဆိုရင် အလုပ်သမားအဖွဲ့အစည်းနဲ့ မဖြစ်မနေ သွားရောက်ဆွေးနွေးလိုက်ပါ။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: