အသက်ရှင်ရတာပင်ပန်းတယ်လို့ဆိုတဲ့ ဂျပန်လူမျိုး 60%

ဂျပန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုသတ်သေတဲ့သူတွေများတယ်ဆိုတာကို သိကြလိမ့်မယ်ထင်ပါတယ်။

အိမ်နဲ့အလုပ်က ပြဿနာတွေရင်ဆိုင်နေရတာတဲ့ ဘဝကခက်ခဲလွန်းတာကြောင့် ကိုယ့်ကိုယ်ကို သတ်သေချင်ကြပါတယ်။

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒီလိုပဲရှိလိမ့်မယ်လို့ထင်ပေမယ့် “အသက်ရှင်ရတာပင်ပန်းတယ် ”လို့ပြောတဲ့ဂျပန်လူမျိုး ၆၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။

https://nikkan-spa.jp/1572293?cx_clicks_sldbox=1_slidemdl

 

ဘာကကြောက်စရာအကောင်းဆုံးလဲလို့ စမ်းစစ်ကြည့်လိုက်တဲ့အခါ PTSD လို့ခေါ်တဲ့ စိတ်ဖိစီးမှုရောဂါလက္ခဏာ ဆိုတာပေါ်ထွက်လာပါတယ်။

ယာဥ်တိုက်မှုကြောင့် ကိုယ့်ရဲ့သူငယ်ချင်းက မျက်စိရှေ့မှာသေသွားလို့ ကားစီးရင်ကြောက်တတ်တာတဲ့ စိတ်ရောဂါလိုပါပဲ။

ကားမတူဘူးဆိုတာသိပေမယ့်လည်း ကြောက်လန့်နေတတ်ပါတယ်။

နောက်ပြီး ဒီထက်ပိုပြီးရှုပ်ထွေးနေတာက လက်ရှိဂျပန်နိုင်ငံမှာ အဖြစ်များနေတဲ့ PTSD ဆိုတဲ့ ရောဂါကြောင့်ဖြစ်ပါတယ်။

အလွယ်ပြောရမယ်ဆိုရင် “ အသက်မရှင်ချင်တောတဲ့စိတ်ဒဏ်ရာ ” ကလေးဘဝတုန်းကကြုံတွေ့ခဲ့ရတာနဲ့ ဆက်နွယ်နေပါတယ်။ ဥပမာ ဒီလိုကိစ္စမျိုးပါ။

ကလေးဘဝတုန်းက မိဘတွေဟာ တစ်ချိန်လုံးရန်ဖြစ်ကြပါတယ်။

ဒါတွေကိုမုန်းတဲ့ကြားက ငယ်စဥ်ကတည်းကနေ မိဘတွေရဲ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ အသက်ရှင်နေကြရပါတယ်။

အမေဖြစ်သူက “စာသေချာလုပ်၊ နင်အဖေလိုမဖြစ်စေနဲ့ ” လို့အမြဲပြောပါတယ်။

စာမေးပွဲမှာ အမှတ်မကောင်းရင် ဒေါသထွက်ပြီးဆူခံရပါသေးတယ်။

“ လူကောင်းနဲ့ပဲပေါင်း ” လို့အရင်ကတည်းကဆုံးမပြီး ဒီလိုဘဝမျိုးနဲ့ကြီးပြင်းလာခဲ့ရပါတယ်။

ဒီလိုပတ်ဝန်းကျင်နဲ့ကြီးပြင်းလာခဲ့ရတဲ့ကလေးတွေဟာ အမြဲတမ်းတစ်ဖက်လူရဲ့ခံစားချက်ကိုထည့်သွင်းစဥ်းစားနေရပြီး စိတ်ဆိုးသွားမလားဆိုတာကို တွေးပူတတ်ကြပါတယ်။

ဒီလိုအရင်ကတည်းကနေ ခက်ခက်ခဲခဲအသက်ရှင်နေရတာဖြစ်ပါတယ်။

ဘယ်နေရာပဲရောက်ရောက် ကိုယ့်ကိုယ်ကိုနှိမ့်ချအသက်ရှင်နေရပြီး အလုပ်မှာမှာဆိုရင်လည်း အထက်လူကြီးတွေရဲ့ ဆူငေါက်တာကိုခံရတာကြောင့် ဆက်ပြီးသည်းမခံနိုင်ရင်တော့ အလုပ်ကိုဆက်မသွားချင်တော့ပါဘူး။

နောက်တော့ အလုပ်တွေမလုပ်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပျောက်ဆုံးလာပြီး နောက်ဆုံးမှာသတ်သေတာတွေလုပ်ကြတာဖြစ်ပါတယ်။

ကလေးဘဝကတည်းကနေ စိတ်ဒဏ်ရာတွေစုပုံနေခဲ့တာကြောင့် ကိုယ်ကဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး။

ဒီလိုပုံစံမျိုးနဲ့ “ အသက်ရှင်ရတာခက်ခဲတယ် ” လို့ပြောနေတဲ့သူက ဂျပန်မှာ ၆၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။

ကိုယ့်ကိုယ်ကိုသတ်သေရတဲ့အကြောင်းအရင်းက တော်တော်လေးကိုနက်နဲလွန်းတယ်နော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: