မူလတန်းပထမနှစ်အရွယ်ကလေးရဲ့ အိမ်တွင်းစီးပွားရေး

မူလတန်းပထမအရွယ်လောက်မှာ ကလေးတွေဟာ မုန့်ဖိုးလေးတွေရကြပါတယ်။

သေချာတာက အများကြီးမဟုတ်လို့ ကိုယ်လိုချင်တာတွေကို ဝယ်ဖို့မလောက်ပါဘူး။

ဘာမှမဝယ်ဘဲ သိမ်းထားမလား ?

လိုချင်တာကိုပဲ ထိန်းချုပ်လိုက်ရမလား ?

ဒီလိုကလေးလေးရဲ့နေထိုင်မှုဘဝလေးမှာ ဘာကိုရွေးချယ်မလဲဆိုတာ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး သူက တတိယရွေးချယ်မှုကို ဖန်တီးခဲ့ပါတယ်။

https://note.mu/sato_nezi/n/n7b911aadd691

 

မုန့်ဖိုးလေးတွေပိုများလာအောင် အိမ်တွင်းစီးပွားရေးတစ်ခုအနေနဲ့ စီးပွားရေးတစ်ခုလုပ်ခဲ့ပါတယ်။

သူလိုချင်နေတာက Pokémon  ကဒ်ပါ။

သူ့ရဲ့တစ်လမုန့်ဖိုးက ယန်း ၁၀၀ ဖြစ်ပါတယ်။

Pokemon ကဒ်တွေက ယန်း ၁၅၀ ဖြစ်ပြီး လူကြီးတွေအတွက်တော့ သက်သာပေမယ့် သူ့အတွက် စျေးကြီးနေပြီး လွယ်လွယ်နဲ့မဝယ်နိုင်ဘဲဖြစ်ခဲ့ပါတယ်။

အဲ့ဒီမှာ ဖခင်ဖြစ်သူက စိတ်ဝင်စားစရာကောင်းတဲ့အစီအစဥ်တစ်ခုလုပ်ဖို့ အကြံပေးခဲ့ပါတယ်။

ယန်း ၁၀၀ နဲ့ “ မုန့်ဖိုးတွေများလာအောင် သင်တန်းပေးမယ်လေ“ လို့ပြောခဲ့ပါတယ်။

ယန်း ၁၀၀ ပဲရှိတာကြောင့် ဒီ ၁၀၀ ကိုသုံးလိုက်ရင် တစ်လလုံးရတဲ့မုန့်ဖိုးတွေ ပြောင်သွားမှာပေါ့နော်…

တခြားကလေးတွေသာဆိုရင် ဒီလိုလုပ်မယ်လို့မထင်ပါဘူး။

ဒါပေမယ့် သူကတော့ ဖခင်ဖြစ်သူကိုအကူအညီတောင်းပြီး ရှိတဲ့မုန့်ဖိုးနဲ့ ဖခင်ဆီမှာသင်ကြားခဲ့ပါတယ်။

ကလေးတွေအတွက်တော့ ယန်း ၁၀၀ က တော်တော်များတဲ့ငွေပမာဏဖြစ်ပါတယ်။

အရဲစွန့်ပြီးပေးလိုက်တဲ့ကလေးလေးကို လေးစားမိပြီး အလုပ်လုပ်တဲ့နေရာမှာရှိတဲ့ အစည်းအဝေးမှာ အစီအစဥ်ကိုသေချာဆွဲပါတယ်။

https://note.mu/sato_nezi/n/n7b911aadd691

 

ဖခင်သင်ပေးတာတွေကို လွယ်လွယ်ကူကူနဲ့သင်ယူနိုင်ခဲ့ပါတယ်။

ပိုက်ဆံနဲ့အချိန်တွေကို သုံးတဲ့နည်းလမ်းတစ်ခုတည်းမဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှု၊ စားသုံးသူ၊ ကြီးမားတဲ့လုပ်ဆောင်မှုတွေလည်းပါပါတယ်။

အဲ့ဒီအစီအစဥ်မှာ ယန်း ၁၀၀ သုံးပြီးစိတ်လှုပ်ရှားနေရမှာသေချာပါတယ်။ ရင်းနှီးမြှုပ်နှံထားရလို့လည်း ပါပါတယ်။

ပိုက်ဆံတွေကို ပြန်ရဖို့ဆိုရင် အဓိကနေရာဖြစ်တဲ့ မိဘတွေရဲ့အခက်အခဲကို ဖြေရှင်းပေးရမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် အဖေနဲ့အမေတို့ရဲ့အခြေအနေကို လေ့လာပြီးမေးမြန်းထားရပါတယ်။

ဒီနေ့တော့ အမေကိုပစ်မှတ်ထားပြီး စီးပွားရေးနဲ့ပတ်သက်ပြီး အတူတူဆွေးနွေးကြပါတယ်။

မိဘတွေက ပိုက်ဆံတွေထုတ်ပေးဖို့ ကိုယ်တတ်နိုင်တာက နှိပ်ပေးတာနဲ့ ကော်ဖီဖျော်ပေးနိုင်တာလောက် ပါပဲ။

ညီလေးရဲ့ diaper လဲပေးတာ၊ အမှိုက်ပစ်ပေးတာ၊ အိမ်အလုပ်လုပ်တွေလုပ်ရတာက တော်တော်ခက်ခဲပါတယ်။

ဒါတွေလုပ်နိုင်ဖို့ မူလတန်းအရွယ်ဆိုတာက အရမ်းကိုငယ်ပါသေးတယ်။

ဒါကြောင့် နှိပ်ပေးတာ၊ ကော်ဖီဖျော်ပေးတာတွေကို တဖက်ကနေကူညီပေးတဲ့အနေနဲ့ အိမ်တွင်းစီးပွားရေးတွေကို လုပ်ခဲ့တာဖြစ်ပါတယ်။

အဖေရဲ့အကူအညီကိုယူပြီး စီးပွားရေးလုပ်မယ့် အစီအစဥ်ကို စတင်ခဲ့ပါတယ်။

အဖေနဲ့အမေအတွက် အပြင်သွားစရာမလိုဘဲ ကော်ဖီကောင်းကောင်းကို အိမ်မှာဖျော်ပေးရင် ကော်ဖီဖိုးအနေနဲ့ မုန့်ဖိုးပေးတဲ့နည်းလမ်းကလည်းကောင်းတာပဲနော်။

တကယ်တော့လည်း ကော်ဖီစေ့က ယန်း ၁၀၀ တည်းနဲ့ဝယ်လို့မရတာကို သိလိုက်တဲ့အခါ ထိတ်လန့်သွားခဲ့ပါတယ်။

ဒါကြောင့် စီးပွားရေးအစီအစဥ်ကိုဆွဲခဲ့တာဖြစ်ပါတယ်။

ကော်ဖီစေ့ ၂၀၀ ဂရမ်ကို ယန်း ၁၉၀၀ ပေးရပြီး တစ်ခွက်ကို ၁၈ ဂရမ်ထည့်ရင် ၁၁ ခွက်ရပါမယ်။

တစ်ခွက်ကို ယန်း ၂၀၀ နဲ့ပြန်ရောင်းမယ်။

၁၁ ခွက်ကို ဆိုရင် ၂၂၀၀ ပြန်ရမှာဖြစ်လို့ ၃၀၀ တောင်မှအမြတ်ရမှာဖြစ်ပါတယ်။

နှစ်သစ်ကူးမုန့်ဖိုးအားလုံးပေါင်းရင် ယန်း ၁၀၀၀ မို့လို့ အဲ့ဒီပိုက်ဆံနဲ့ဝယ်မယ်ဆိုရင်လည်းမလောက်ပါဘူး။

လိုနေတဲ့ ယန်း ၉၀၀ ကို ဖခင်ဆီကနေ ခဏချေးလိုက်ပါတယ်။

https://note.mu/sato_nezi/n/n7b911aadd691

ကော်ဖီဖျော်တဲ့နည်းကိုလည်း ဖခင်ဆီကနေသင်ယူခဲ့ပါတယ်။

အမြတ်ကျန်ဖို့အတွက် ကော်ဖီတွေကို လုံးဝဖြုန်းတီးလို့မရပါဘူး။

သေသေချာချာ ချင့်ချိန်ပြီးတော့ သုံးရပါတယ်။

ပြီးရင် ကိုယ်တိုင်ဆိုင်းဘုတ်ဒီဇိုင်းတွေဆွဲပါတယ်။ Menu လည်းရေးထားပါတယ်။

https://note.mu/sato_nezi/n/n7b911aadd691

 

မုန့်ချိုတွေကိုလည်း အတွဲလိုက်ရောင်းရင်လည်း လျှော့ပေးဖို့လည်းမမေ့ပါဘူး။

စာရင်းကိုင်အလုပ်ကိုလည်းကိုယ်တိုင်လုပ်ပါတယ်။

https://note.mu/sato_nezi/n/n7b911aadd691

 

ကော်ဖီရောင်းရလို့ ကော်ဖီစေ့တွေ ကုန်သွားရင်လည်း နောက်ထပ်ကော်ဖီစေ့တွေကို ထပ်ဝယ်ရပါတယ်။

https://note.mu/sato_nezi/n/n7b911aadd691

 

မုန့်နဲ့အတွဲလိုက်ရောင်းရတာကြောင့် ကော်ဖီကုန်သွားတဲ့ ၂ ကြိမ်မြောက်လောက်မှာ ဖခင်ဆီကချေးထားတဲ့ ၉၀၀ လုံးကျေအောင်ဆပ်လိုက်နိုင်ပါတယ်။

အဲ့ဒီနောက် ၂ လောက်ကြာတဲ့အခါမှာတော့ ကိုယ်ရဲ့ရင်းနှီးထားတဲ့ ယန်း ၁၀၀၀ ကိုပြန်ရခဲ့တာကြောင့် အရင်းတွေအကုန်လုံးကျေသွားပါတယ်။

လူ့ဘဝအစမှာ ရင်းနှီးမြှုပ်နှံပြီးစီးပွားရေးတွေလုပ်ခဲ့တဲ့ မူလတန်းပထမနှစ်အရွယ်ကျောင်းသားလေးဟာ ထက်မြတ်တဲ့မန်နေဂျာပေါက်စလေးဖြစ်ပါတယ်။

https://www.youtube.com/watch?v=LRd1q2K7f7ghttps://www.youtube.com/watch?v=LRd1q2K7f7g

ဒီလိုကလေးလေးလေးက စီးပွားရေးနဲ့ဆိုင်တဲ့အရာတွေအကုန်လုံးကို ကိုယ်တိုင်ရှင်းလင်းနိုင်ခဲ့ပါတယ်။

ဒီလိုအရည်အချင်းရှိတဲ့ကလေးတွေကြီးပြင်းလာတဲ့အခါ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်လာရင် ဂျပန်နိုင်ငံရဲ့အနာဂတ်ဟာ တိုးတက်ပြီးရင်တိုးတက်လာမှာပဲနော်….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: