ပြောင်းလဲသွားတဲ့ ဂျပန်အလုပ်အကိုင်စီမံခန့်ခွဲမှု
ဂျပန်နိုင်ငံဟာ စစ်ပွဲတွေကြောင့် ဆင်းရဲမွဲတေခဲ့ရဖူးပါတယ်။
ဂျပန်နိုင်ငံရဲ့စီးပွားရေးကို ကမ္ဘာပေါ်မှာ ရုတ်တရက်တစ်ရှိန်ထိုးတိုးတက်လာစေခဲ့တာက ဂျပန်ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲတဲ့စနစ်ကြောင့်ပဲဖြစ်ပါတယ်။
အဲ့ဒီအခြေခံစီမံခန့်ခွဲမှုတွေရှိနေရတာကတော့ ဘဝရဲ့နေထိုင်မှုစနစ်တွေကြောင့်ဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေမှာ ဒီလိုအတွေးတွေရှိကြပါတယ်။
ကျောင်းသားဘဝကုန်ဆုံးသွားလို့ အလုပ်အကိုင်ရှာဖွေတဲ့အခါ အသက်အရွယ်ကြီးလာတဲ့အထိ ဒီအလုပ်တစ်ခုထဲမှာပဲ လုပ်မယ်ဆိုတဲ့အတွေးနဲ့ ရွေးချယ်ကြပါတယ်။
စာရေးသူရဲ့ဖခင်ဖြစ်သူကတော့ စျေးထဲမှာငါးကိုင်တဲ့အလုပ်ကိုလုပ်ခဲ့တာကြောင့် ဘယ်လိုကောင်းတဲ့နေရာတွေပဲရှိခဲ့ရှိခဲ့ တခြားကုမ္ပဏီကိုမပြောင်းခဲ့ပါဘူး။
ဒီကုမ္ပဏီအတွက်တာဝန်ရှိတယ်။
နောက်ဆုံးချိန်ထိ ဒီကုမ္ပဏီမှာ အလုပ်လုပ်ကိုင်သွားဖို့က မှန်ကန်တဲ့လမ်းပဲ။
ဒါကြောင့် ကျောင်းသားတစ်ယောက်က အလုပ်လုပ်ကိုင်မယ့်နေရာကိုဆုံးဖြတ်တာဟာ တစ်ဘဝလုံးစာအတွက် ဆုံးဖြတ်ချက်တစ်ခုလိုပါပဲ။
အဲ့ဒီကုမ္ပဏီအတွက် ဝန်ထမ်းတွေအကုန်လုံးက အားကုန်သုံးပြီးအကောင်းဆုံးလုပ်ဆောင်ကြပါတယ်။
နောက်ပြီးကုမ္ပဏီရဲ့ရလဒ်တွေအတွက်ကြိုးစားပေးပြီး ပင်စင်လစာနဲ့အေးဆေးအနားယူတာက စနစ်တစ်ခုလိုဖြစ်နေပါတယ်။
ဒါပေမယ့် ဒါကတော်တော်လေးကိုကွာခြားနေပါတယ်။
http://news.livedoor.com/article/detail/16452977/
“ တစ်သက်လုံးအလုပ်ခန့်ထားဖို့ခက်ခဲလာပြီ “လို့တိုယိုတာကုမ္ပဏီပိုင်ရှင်က ဒီလိုပြောခဲ့ပါတယ်။
တိုယိုတာကုမ္ပဏီတစ်ခုတည်းတင်မဟုတ်ပါဘူး။ ကုမ္ပဏီတွေတော်တော်များများကနေလည်း ဒီလိုစကားသံတွေထွက်လာခဲ့ပါတယ်။
တစ်သက်လုံးအလုပ်ခန့်အပ်ထားဖို့ ပျက်ကွက်မှုတွေစတင်ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းတစ်ခုကတော့ 山一証券(やまいち しょうけん)Yamaichi shōken ဆိုတဲ့ အာမခံကုမ္ပဏီက ဆုံးရှုံးမှုတွေဖြစ်ခဲ့တာကြောင့်မဟုတ်ဘူးလားလို့တွေးမိပါတယ်။
အရင်တုန်းက ဂျပန်နိုင်ငံရဲ့ အာမခံကုမ္ပဏီကြီး ၄ ခုရှိပြီး အဲ့ဒီမှာစာရင်းဝင်ထားရင် အသက်ကြီးလာတဲ့ထိ စိတ်ချရတယ်လို့ အားလုံးကတွေးထားကြပါတယ်။
ဒါပေမယ့် ၁၉၉၇ ခုနှစ်မှာ ရုတ်တရက်ဒေဝါလီခံခဲ့ရပါတယ်။
ကုမ္ပဏီကြီးပျောက်ကွယ်သွားခဲ့ပြီး လုပ်ငန်းရှင်တွေသွေးပူခဲ့ရပါတယ်။
https://www.huffingtonpost.jp/2017/12/27/yamaichi-bankrupt-20th_a_23317507/
အသက်ကြီးလာတဲ့အချိန်ထိ စိတ်အေးလက်အေးနေရမယ်လို့တွေးထားတဲ့ကြားက ကုမ္ပဏီတွေအတွက်အကောင်းဆုံးလုပ်ပေးခဲ့တဲ့ရလဒ်ဟာ ကုမ္ပဏီကြီးပါပျောက်ကွယ်သွားတဲ့အပြင် အလုပ်အကိုင်ကိုပါဆုံးရှုံးရမှာဖြစ်ပါတယ်။
နောက်အလုပ်တစ်ခုထပ်ရှာဖို့ဆိုတာကလည်း မလွယ်တော့ပါဘူး။
နောက်ပြီး လူတွေတော်တော်များများဟာ လစာနှိမ့်တဲ့အလုပ်ကိုပြောင်းရပြီး ကုမ္ပဏီအသစ်မှာ လုပ်ကိုင်တဲ့သက်တမ်းနည်းတာကြောင့် ပင်စင်လစာလည်းနည်းတဲ့အခြေအနေဖြစ်ပါတယ်။
https://www.huffingtonpost.jp/2017/12/27/yamaichi-bankrupt-20th_a_23317507/
“ ကျွန်တော်မကောင်းလို့ပါ၊ ဝန်ထမ်းတွေမကောင်လို့မဟုတ်ပါဘူး “ လို့ငိုပြီးပြောခဲ့တဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်ပြီး အထိခိုက်အနှစ်နာဆုံးက လုပ်ငန်းရှင်တွေပါပဲ။
ဒီလိုနဲ့ကုမ္ပဏီကြီးတွေထဲ ဝင်ရောက်မယ်ဆိုရင် ဒေဝါလီခံဖို့မလိုတော့ဘဲ စိတ်အေးချပြီဆိုတဲ့ ယိုင်လဲနေတဲ့အခြေအနေကို ကြုံတွေ့ရပါတယ်။
လက်ရှိကုမ္ပဏီကြီးတွေမှာ စောစောစီးစီးအလုပ်ထွက်ခိုင်းပြီး အလုပ်သမားလျှော့ချတာတွေဖြစ်နေပါတယ်။
အားလုံးသိတဲ့ TOSHIBA ကုမ္ပဏီမှာ ပြီးခဲ့တဲ့နှစ်အကုန်ပိုင်းလောက်က အယောက် ၁၀၆၀ ကိုစောစောအနားယူဖို့အတွက် ထုတ်ပြန်ခဲ့ပါတယ်။
နောက် ၅ နှစ်မှာ အယောက် ၇၈၀၀ ကိုလျှော့ချသွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ကုမ္ပဏီရှိနေသေးတဲ့အချိန်အတောအတွင်းမှာတော့ ပုံမှန်အတိုင်း ပင်စင်လစာတွေရရှိမှာဖြစ်ပါတယ်။
စာရင်းသွင်းထားတဲ့နှစ်တွေကနည်းတာကြောင့် ရရှိတဲ့ပမာဏလည်းနည်းတာကြောင့် ကုမ္ပဏီရဲ့မဖြစ်နိုင်တဲ့တောင်းဆိုမှုဖြစ်တဲ့ ပင်စင်ယူတဲ့အချိန်ပေါ်မူတည်ပြီး ပင်စင်လစာအနည်းအများ ကွာခြားနေပါတယ်။
ဥပမာ ၅ နှစ်စောပြီးပင်စင်ယူမယ်ဆိုရင် အဲ့ဒီ ၅ နှစ်ရဲ့ပင်စင်လစာကိုတော့ရမှာမဟုတ်ပါဘူး။
ပင်စင်ကြေးများများယူပြီး တခြားနေရာမှာ အလုပ်လုပ်ရင်မကောင်းဘူးလား ?
လို့ထင်နေကြတဲ့သူတွေလည်းများပါတယ်။
ဒါပေမယ့် အသက် ၅၀ ကျော်သွားတဲ့သူက အလုပ်အသစ်တစ်ခုကို ပြန်လည်ရှာဖွေနိုင်ဖို့ဆိုတာ မျှော်လင့်ချက်တစ်ခုပါပဲ။
နောက်ပြီး အလုပ်ရှာနေတဲ့သူက အလုပ်အကိုင်ဘက်မှာကျွမ်းကျင်တာကြောင့် အလုပ်ထွက်ချင်တယ်လို့ ပြောပြီးထွက်ခဲ့လိုက်လို့ရတယ်နော်။
ဒီလိုလူတွေမဟုတ်တဲ့သူတွေကို ထုတ်ပယ်လိုက်တဲ့ခေတ်ကိုရောက်နေပါပြီ။
လူငယ်တွေက ဒါတွေကိုကြည့်ရင်း ကြီးပြင်းနေရတာဖြစ်ပါတယ်။
ဒါကြောင့် အခုလက်ရှိဂျပန်နိုင်ငံမှာ တစ်သက်တာအလုပ်ခန့်အပ်တဲ့ပုံစံနဲ့ အလုပ်လုပ်နေတဲ့လူငယ်တွေ သိပ်ပြီးမရှိတော့ပါဘူး။
ကုမ္ပဏီကိုယုံကြည်တယ်ဆိုရင်တောင် သစ္စာဖောက်သွားတာမျိုးလည်း ရှိကောင်းရှိနိုင်တယ်လို့ သိထားကြပါတယ်။
Kengo Abe