ဂျပန်လူမျိုးတွေ ရထားစီးရင်းနဲ့ ဘာလုပ်ကြလဲ ?

ဂျပန်နိုင်ငံမှာ ဘယ်ကိုသွားသွား ရထားလမ်းကို အသုံးပြုကြပါတယ်။

ဒါကြောင့် လူတွေတော်တော်များများအတွက် အဆင်ပြေဆုံးက ရထားလမ်းတွေပါပဲ။

မြေပေါ်ရထားတွေကနေ မြေအောက်ရထားတွေအထိ အမျိုးမျိုးသောရထားတွေကိုအသုံးပြုပြီး အားလုံးက ရုံးတွေကျောင်းတွေ သွားကြပါတယ်။

https://www.tukishiro01.com/entry/densya_himatubushi

သွားလာတဲ့အချိန်က ၁ နာရီကျော်လောက်ကြာတဲ့သူတွေတော်တော်များပြီး ၂ နာရီကျော် ကြာတဲ့သူတွေလည်း ရှိကြပါတယ်။

ဒီလိုသွားလာနေရတာကလည်း ခရီးစဥ်တစ်ခုလိုပါပဲ။

တစ်ပတ် ၅ ရက်လောက်သွားနေရတာကိုကြည့်ရမယ်ဆိုရင် အချိန်တွေအများကြီးကုန်တာကိုတွေ့ရပါလိမ့်မယ်။

အိပ်ပျော်နေတဲ့သူတွေများတယ်ဆိုပေမယ့် ဒီလိုအချိန်မျိုးကို တန်ဖိုးရှိရှိအသုံးချနေတဲ့သူတွေနဲ့ မိတ်ဆက်ပေးပါမယ်။

 

 

ဂိမ်းဆော့ခြင်း

https://seniorguide.jp/article/1006492.html

 

အရင်တုန်းကတော့ ဂိမ်းစက်တွေနဲ့ဆော့မှရမယ်ဆိုပေမယ့် အခုတော့ Smart Phone နဲ့အလွယ်တကူ ဆော့လို့ရပါတယ်။

Smart Phone နဲ့ဆော့တဲ့ဂိမ်းတွေက တစ်ယောက်တည်းဆော့လို့ရတာတွေများပြီး လူကြပ်တဲ့ရထားပေါ်မှာ ထိုင်ခုံမရရင်တောင် ဆော့လို့ရတယ်ဆိုတာ ဝမ်းသာစရာပဲနော်…

ဂျပန်နိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေတော်တော်များများက အချိန်ပိုလုပ်ရတာများပါတယ်။ အိမ်မှာအေးဆေး ဂိမ်းဆော့နေလို့မရတာကြောင့် အပြန်လမ်းရဲ့ရထားပေါ်မှာဂိမ်းဆော့ပြီး အပန်းဖြေကြတာဖြစ်ပါတယ်။

သတင်းစာဖတ်ခြင်း

https://twitter.com/youkeyota/status/985656873834577922

လက်ရှိကမ္ဘာကြီးရဲ့အဖြစ်အပျက်တွေကို သိထားတာကလည်း စီးပွားရေးမှာအသုံးဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အိမ်မှာတီဗီ၊ သတင်းစာတွေကို အေးဆေးကြည့်ဖို့အချိန်မရတာကြောင့် ရထားပေါ်မှာပဲ သတင်းစာဖတ်ကြတာဖြစ်ပါတယ်။

သတင်းစာတွေကကြီးလို့ အကျယ်ကြီးဖြန့်လိုက်ရင်လည်း သူများကိုအနှောင့်အယှက်ဖြစ်စေလို့ သေးသေးလေးခေါက်ပြီးဖတ်ကြပါတယ်။

 

လက်တလောမှာတော့ ဖုန်းနဲ့လည်းသတင်းတွေဖတ်လို့ရတာကြောင့် ဖုန်းနဲ့ပဲဖတ်ကြပါတော့တယ်။

ဒီလိုပဲ စာအုပ်တွေကိုဖတ်တဲ့သူတွေလည်းရှိပါတယ်။

 

မိတ်ကပ်လိမ်းခြယ်ခြင်း

https://toyokeizai.net/articles/-/227286

 

ရထားပေါ်မှာလှုပ်စိလှုပ်စိဖြစ်နေတာတောင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ မိတ်ကပ်လိမ်းခြယ်နိုင်တဲ့သူတွေ တော်တော်များပါတယ်။

အချိန်ပိုတွေဆင်းပြီးပြန်တဲ့အချိန်ဆိုရင် နောက်ကျနေပါပြီ။

မနက်ဆိုရင်လည်း စောစောထပြီးသွားရတာကြောင့် မိတ်ကပ်လိမ်းဖို့တောင်အချိန်မရှိပါဘူး။

 

အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်တယ်လို့မြင်ပေမယ့် မျက်နှာအမှန်ကိုမပြချင်လို့ မိတ်ကပ်လိမ်းတယ်ဆိုတဲ့ ဂျပန်မိန်းကလေးတွေအလှပြင်နေတာကိုကြည့်ရင်း ရထားပေါ်ကလူတွေကိုကျတော့ ရုပ်မှန်ကိုပြတယ်ပေါ့ လို့တွေးမိပါတယ်။

 

ဦးနှောက်လေ့ကျင့်ခန်း

ဒါကတော့ ကျွန်တော်လည်းလုပ်နေကျပါပဲ။ ဒီလိုလုပ်ရတာလည်း ပျော်ဖို့ကောင်းပါတယ်။

ရထားပေါ်မှာလည်း ကြော်ငြာတွေအများကြီးရှိပါတယ်။

အများကြီးရှိတဲ့ထဲမှာမှ ဘယ်တစ်ခုကအအောင်မြင်ဆုံးလဲဆိုတာကိုရှာပြီး ဘာကြောင့်အောင်မြင်ရလဲဆိုတဲ့ အကြောင်းအရင်းကို ကိုယ်တိုင်စဥ်းစားကြည့်ပါတယ်။

ဒီဇိုင်းမှာကြည့်မကောင်းတဲ့ အကြောင်းအရင်းကိုစဥ်းစားနိုင်မယ်ဆိုရင် ကိုယ့်ရဲ့အလုပ်မှာလည်း ဘယ်လိုပုံစံနဲ့စီမံရမလဲဆိုတာ သိလာပါလိမ့်မယ်။

ဒီဇိုင်းနာမဟုတ်လို့ ကိုယ်ရဲ့အလုပ်နဲ့မသက်ဆိုင်တာကြောင့် အဓိပ္ပာယ်မရှိဘူးလို့ထင်နေတဲ့သူတွေ များပေမယ့် ဒါက ဦးနှောက်လေ့ကျင့်ခန်းတစ်ခုပါ။

အလုပ်တွေအားလုံးရဲ့တွေးခေါ်မှုပုံစံကို အထောက်အကူပြုစေမယ်ဆိုရင် ဘယ်လိုအလုပ်မှာပဲဖြစ်ဖြစ် သေချာပေါက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။

နောက်ပြီး ဦးနှောက်လေ့ကျင့်ခန်းကို ရထားထဲမှာမှ မဟုတ်ပါဘူး။

ဥပမာ စားသောက်ဆိုင်တွေမှာ မှာထားတာတွေမရောက်သေးတဲ့အချိန်မှာလည်းလုပ်လို့ရပါတယ်။

အဲ့ဒီဆိုင်နာမည်ကြီးတာ ဘာကြောင့်လဲဆိုတာကိုကြည့်ပြီး ကိုယ့်ဆိုင်ကိုနာမည်ကြီးအောင်လည်း လုပ်လို့ရပါတယ်။

ဘေးဝိုင်းကနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပတ်သက်လဲဆိုတာကို ခန့်မှန်းကြည့်တာမျိုးလည်း လုပ်လို့ရပါတယ်။

ကိုယ်က ဒီဆိုင်ပိုင်ရှင်လည်းမဟုတ်ပေမယ့် ဒီဆိုင်အောင်မြင်ဖို့အကြံပြုချင်တယ်ဆိုတာကလည်း ဦးနှောက်လေ့ကျင့်ခန်းတစ်ခုပဲနော်…

ဒီလိုမျိုးလေးတွေနဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချမယ်ဆိုရင် ပျော်စရာလည်းကောင်းပြီး ဘဝကိုအကျိုးရှိစေတာကြောင့် အခုပဲလုပ်ကြည့်လိုက်ကြပါနော်….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: