ကျောင်းမသွားဘဲ လွတ်လွတ်လပ်လပ်နေလို့ရလား ?

အိုကီနာဝါခရိုင် ဂိနိုဝမ်းရှိမှာနေထိုင်တဲ့ အိုဆာကာဖွား ကလေးလေးတစ်ယောက်ရှိပါတယ်။

သူရဲ့နာမည်ကတော့ 中村逞珂(なかむら ゆたか)さん နကမူရ ယုတက ဖြစ်ပါတယ်။

https://ryukyushimpo.jp/news/entry-913377.html

 

တကယ်ဆိုရင် သူက အသက် ၁၀ နှစ်ရှိပြီမို့ မူလတန်းကျောင်းတက်ကို တက်ရတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် သူက ကျောင်းမတက်ဘဲ Youtube လောကမှာ ကျင်လည်နေပါတယ်။

 

ကျွန်တော်က ကိုယ်ပိုင်ကမ္ဘာကြီးကိုတည်ဆောက်မယ် !

ကျောင်းမသွားချင်ရင်လည်း လွတ်လွတ်လပ်လပ်ပဲ

ကျောင်းမသွားတာ မသွားချင်လို့ပါ။

ကျောင်းပြေးတာက မပျော်လို့မဟုတ်ဘူး !

 

ဒီလိုပြောပြီး ကိုယ့်သဘောနဲ့ကိုယ်ဆန့်ကျင်ပြီး လုပ်ချင်တာလုပ်နေတာဖြစ်ပါတယ်။

သူကျောင်းသွားမတက်တော့တာ မူလတန်း တတိယနှစ်ကတည်းကဖြစ်ပါတယ်။

အိမ်စာမလုပ်လာတဲ့အခါ ကျောင်းဆင်းချိန်နဲ့ နားချိန်တွေမှာ အိမ်စာကိုအတင်းလုပ်ခိုင်းခဲ့တဲ့အပေါ်မှာ မကျေမနပ်တွေဖြစ်ခဲ့ပါတယ်။

အိမ်မှာလာသင်တဲ့ဆရာပြောတာကိုနားထောင်ပြီး ကျန်တဲ့အတန်းဖော်တွေကို စက်ရုပ်လို့မြင်မိတာကြောင့် ကျောင်းဆက်သွားနေရင်စက်ရုပ်တစ်ရုပ်ပဲ ဖြစ်လာလိမ့်မယ်ဆိုတဲ့ အတွေးတွေစဝင်လာခဲ့ပါတယ်။

လက်တွေ့မှာလည်း ” ကျောင်းသွားချင်မှသွားမယ် “ ဆိုတဲ့စတိုင်အချိုးမျိုးချိုးနေခဲ့တာဖြစ်ပါတယ်။

နာမည်ကြီးစာရေးဆရာနဲ့တည်းဖြတ်တဲ့သူ ၊ လူရွှင်တော်တွေကလည်း တီဗီအစီအစဥ်တွေမှာ သရုပ်ဆောင်တဲ့အခါ ” မှတ်စုစာအုပ်ထဲမှာရေးမှတ်ထားတာတွေကပဲ ပညာသင်ကြားတာမဟုတ်ဘဲ၊ လူတွေနဲ့ပြောဆိုဆက်ဆံတာကလည်း ပညာပဲ “ လို့တွေးသလိုပဲ တွေးနေတာဖြစ်ပါတယ်။

သူ့ရဲ့အိမ်မက်ကတော့ ကလေးတွေပဲပါတဲ့ ငြိမ်းချမ်းရေးလှေပေါ်မှာ စီးနှင်းလိုက်ပါပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့သူတွေနဲ့ မိတ်ဖွဲ့ကာ၊ စစ်ပွဲတွေကို ရပ်တန့်စေချင်တာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံမှာ ကျောင်းပြေးတဲ့ကလေးတွေများလာတဲ့အလျောက် ကျန်းမာရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေပါတယ်။

ဂျပန်နိုင်ငံမှာ ကျောင်းတက်ရတဲ့စနစ်က ပြဿနာအမျိုးမျိုးရှိနေပါတယ်။

နောက်ပြီး ကျောင်းစာတွေချည်းပဲလုပ်နေရတာမဟုတ်ဘူးလို့ထင်လို့ သူဒီတိုင်းဆက်သွားနေရင် အဆင်ပြေပါ့မလား?

ပတ်ဝန်းကျင်ကလူကြီးတွေကလည်း စိတ်ဝင်စားလာအောင် တီဗီနဲ့ ရေဒီယိုအစီအစဥ်တွေမှာ ထုတ်လွှင့်ကြပေမယ့် ဘယ်သူမှဂရုမစိုက်ကြတာက ပြဿနာတစ်ခုဖြစ်ပါတယ်။

ဒီလိုဖြစ်နေတာဟာ လူ့ဘဝရဲ့တိုက်ပွဲလို့ထင်ပေမယ့် ကျောင်းတွေဖွင့်ထားတာကောင်းပါတယ်လို့ စာရေးသူတွေးမိပေမယ့် ဒီကလေးတွေရဲ့ပြဿနာကို လူကြီးတွေပိုပြီးအာရုံစိုက်သင့်တယ်လို့ထင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: