ဂျပန်နိုင်ငံရဲ့ကျောင်းသွားချိန်ကရတဲ့ အကျိုးကျေးဇူး

စာဖတ်သူတို့ရေ မူလတန်းကျောင်းသားဘဝကို ဘယ်လိုဖြတ်သန်းလာခဲ့ကြပါသလဲ ?

မြန်မာနိုင်ငံမှာဆိုရင် ဖေဖေ၊ မေမေတို့က လိုက်ပို့ကြတာများတယ်နော် ?

ဂျပန်နိုင်ငံမှာ မိဘတွေဟာ မကြိုမဖြစ်အခြေအနေမျိုးကလွဲပြီး ကျောင်းပို့ကျောင်းကြိုမလုပ်ကြပါဘူး။

တစ်ရပ်ကွက်ထဲမှာအတူတူနေကြတဲ့ ကလေးတွေအားလုံးစုပြီး အုပ်စုလိုက် ကျောင်းသွားကြရတာ ဖြစ်ပါတယ်။

https://www.secom.co.jp/kodomo/p/20171026.html

 

လမ်းဘယ်လိုကူးရမလဲဆိုတာကိုလည်း သေသေချာချာသင်ပေးထားပါတယ်။

 

https://cms.miyazaki-c.ed.jp/1726/htdocs/index.php?page_id=0&block_id=61&active_action=journal_view_main_detail&key=jorf0vx1m-61&post_id=391&comment_flag=1

မီးပွိုင့်တွေလည်းရှိတယ်ဆိုပေမယ့် ကားတွေကိုသေချာကြည့်ပြီး ကားသမားတွေ သူတို့ကိုမြင်အောင် လမ်းကူးတဲ့အခါမှာ လက်ထောင်ပြတာတို့ အလံထောင်တာတို့ကို လုပ်လေ့ရှိကြပါတယ်။

ကားတွေများတဲ့မီးပွိုင့်တွေမှာ အနီးအနားက လူကြီးတွေက အလှည့်ကျ volunteer အနေနဲ့ ကလေးတွေ ဘေးကင်းအောင် ကာကွယ်ပေးတာမို့ အရာရာတိုင်းကို ကလေးတွေကိုယ်တိုင်လုပ်ရမယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။

http://www.chikuma-ngn.ed.jp/~togurael/program.html

ဂျပန်နိုင်ငံရဲ့မူလတန်းကျောင်းကတော့ မြန်မာနိုင်ငံထက်အသက်တစ်နှစ်ပိုကြီးပြီး ၆ နှစ်မှတက်ရမှာ ဖြစ်ပါတယ်။

ပုံထဲကလို ကလေးတွေအရွယ်စုံ ကျောင်းကိုအတူတူသွားတက်ကြရတာဖြစ်ပါတယ်။

ကားတွေကလည်း ယာဥ်စည်းကမ်းကို သေသေချာချာလိုက်နာတာကြောင့် ဒီလိုသွားလာနိုင်တာ ဖြစ်ပါတယ်။

မိဘတွေက လိုက်မပို့တော့ပျော်စရာကောင်းပါ့မလားဆိုတာလည်းရှိပေမယ့် တကယ်တော့ ပိုပြီးကောင်းတဲ့ ရလဒ်ကို ဖြစ်ထွန်းစေခဲ့ပါတယ်။

ကျောင်းကိုသွားနိုင်ပြီဆိုရင် အတန်းထဲကလုပ်ဆောင်မှုတွေကိုလည်း နားလည်နိုင်လာပြီး အသက်အရွယ်မတူတဲ့ကလေးတွေနဲ့ ပြောဆိုဆက်ဆံနိုင်မှာဖြစ်ပါတယ်။ တကယ်တော့ ပိုပြီးကောင်းတဲ့ရလဒ်ကို ဖြစ်ထွန်းစေခဲ့ပါတယ်။

ကျောင်းပြီးတော့ လုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါ အသက်အရွယ်မတူတဲ့သူတွေနဲ့အတူတူ သွားလာလှုပ်ရှားရတော့မှာဖြစ်ပါတယ်။

အသက်ကြီးတဲ့သူကို အကြီးအကဲအနေနဲ့တွေ့ရပြီး အောက်ကလူတွေကိုတော့ လက်အောက်ငယ်သားတွေ အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။

အကြီးအကဲပြောသမျှအကုန်လုံး နားကိုနားထောင်ရမှာဖြစ်ပြီး ဘာမှနားမလည်သေးတဲ့လူသစ်တွေ ဝင်လာတဲ့အခါ အရာအားလုံးကို သင်ပေးရတော့မှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အုပ်စုလိုက်စုပေါင်းပြီး ကျောင်းကိုသွားကြတယ်ဆိုတာ စိတ်ချရရုံတင်မဟုတ်ဘဲ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ အချင်းချင်းဘယ်လိုဆက်ဆံရမလဲဆိုတာကို သင်ယူပြီးသားဖြစ်သွားပါတယ်။

စာရေးသူငယ်စဥ်ဘဝ လွန်ခဲ့တဲ့နှစ် ၄၀ လောက်ကတည်းက ဒီလိုအုပ်စုလိုက်စုဝေးပြီး ကျောင်းကို သွားခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီတုန်းက ကိုယ်ထက်ခန္ဓာကိုယ်လည်းကြီး စဥ်းစားတွေခေါ်ဉာဏ်တွေလည်းမြင့်တဲ့ အစ်ကိုကြီးတွေနဲ့ အတူတူကျောင်းသွားတက်ရတာဖြစ်ပါတယ်။

ကြောက်စရာကောင်းလောက်အောင် စိတ်ဆိုးခံရတာတွေလည်းရှိပေမယ့် အားကျတာမျိုးတွေတော့ မရှိခဲ့ဖူးပါဘူး။

ကလေးတွေကိုပဲ ဒီလိုကျောင်းသွားခိုင်းတာက ကမ္ဘာ့အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ထူးဆန်းနေလိမ့်မယ်လို့ထင်ပြီး ဘယ်နိုင်ငံကနေပဲကြည့်ကြည့် အံ့သြကြလိမ့်မယ်လို့ထင်ပါတယ်။

ဂျပန်နိုင်ငံဟာ အခုလက်ရှိမှာ နည်းနည်းတော့အန္တရာယ်များတဲ့အခြေအနေကို ရောက်ရှိနေပါတယ်။

ကလေးလေး အပြုံးကိုယ်စီနဲ့ ကျောင်းကိုအတူတူအုပ်စုလိုက်သွားတာကိုတော့ အေးအေးချမ်းချမ်းနဲ့ စိတ်ချရတဲ့အခြေအနေမျိုးမှာ ဆက်ရှိနေစေချင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: