ဂျပန်နိုင်ငံကို မြတ်နိုးတဲ့ Donald Lawrence Keene

၂၀၁၉ ခုနှစ် ၂ လပိုင်း ၂၄ ရက်နေ့မှာ ဂျပန်နိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုကို ချစ်မြတ်နိုးတဲ့ (Donald Lawrence Keene) သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံခြားမှာ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုကို ကျယ်ပြန့်စေမှုက အရမ်းကိုအောင်မြင်ခဲ့ပြီး သူရေးခဲ့တဲ့စာအုပ်တွေက အခုချိန်ထိ ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုကို နိုင်ငံခြားကို ဆက်လက်ပြီးပျံ့နှံ့စေပါတယ်။

ဒီလိုဂျပန်နိုင်ငံကိုစိတ်ဝင်စားတဲ့သူဟာ ၁၉၄၀ ခုနှစ်ကတည်းကနေစတင်ပြီး နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံနဲ့ အမေရိကနိုင်ငံတို့ စစ်ပွဲတွေမဖြစ်ပွားခင်ကတည်းက ဖြစ်ပါတယ်။

သူဟာ New York မြို့ရဲ့ စာအုပ်ဆိုင်မှာ 源氏物語(げんじものがたり)ဆိုတဲ့ Genji ရဲ့ပုံပြင်တွေကို ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းပုံပြင်တွေကို အင်္ဂလိပ်ဘာသာပြန်ပေးခဲ့ပါတယ်။

http://www.genji-monogatari.net

အဲ့ဒီပုံပြင်ကို ၁၀၀၈ ခုနှစ်မှာ ရေးသားခဲ့ပြီး အဲ့ဒီအချိန်တုန်းကအထက်တန်းလွှာတွေကြားထဲက ပုံပြင်လေးဖြစ်ပါတယ်။

အဲ့ဒီတုန်းက ၁၈ နှစ်ပဲရှိသေးတဲ့သူဟာ လက်တွေ့ဘဝကိုမကြိုက်တာက အားသန်နေတဲ့အချိန်ဖြစ်ပြီး အဲ့ဒီပုံပြင်ရဲ့အလှတရားတွေက သူ့ကိုဆွဲဆောင်နေပါတယ်။

အဲ့ဒီတုန်းက ၁၉၅၈ ခုနှစ် စစ်ပွဲပြီးဆုံးပြီး ၁၃ နှစ်လောက်မှာ ၂ နှစ်လောက် တိုကျိုတက္ကသိုလ်မှာ ကျောင်းသွားတက်ခဲ့ပါတယ်။

စစ်ပွဲပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေတဲ့အခြေအနေကြားမှာ နိုင်ငံခြားသား ပညာတော်သင်တွေ နည်းသေးတဲ့ခေတ်ဖြစ်ပါတယ်။

သူ့ကို ဂျပန်နိုင်ငံရဲ့စာရေးဆရာတစ်ယောက်အနေနဲ့ သိလာကြပါတယ်။

နောက်ပြီး အဲ့ဒီအချိန်မှာလည်း ဂျပန်နိုင်ငံရဲ့ယဥ်ကျေးမှုထဲမှာ နစ်မြှုပ်ထားပြီး ဂျပန်ဘာသာနဲ့ အုပ် ၃၀ ၊ အင်္ဂလိပ်ဘာသာနဲ့  ၂၅ အုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ မေ့လျော့နေခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းယဥ်ကျေးမှုတွေကို သူက နောက်တစ်ကြိမ်ပြန်လည် ထုတ်ဖော်တဲ့သူဖြစ်ပါတယ်။

နောက်ပြီး ၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံရဲ့ငလျင်ကြောင့် ဂျပန်နိုင်ငံကို သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အလုပ်လုပ်နေတဲ့တက္ကသိုလ်ကနေထွက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ၉ လပိုင်းမှာ ဂျပန်နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။

“ အိမ်ထောင်ပရိဘောဂတွေအားလုံးကို စွန့်ပစ်ခဲ့ပြီး ဂျပန်နိုင်ငံကိုသွားနိုင်ခဲ့လို့ပျော်ခဲ့ပါတယ်။

အဲဒီနေ့က မိုးအုပ်နေပေမယ့် လေယာဥ်ပေါ်ကနေ တိမ်တွေကြားထဲကနေ ဂျပန်နိုင်ငံရဲ့လယ်ကွင်းတွေရဲ့ အလှကို မြင်ရရုံနေပျော်နေခဲ့ပါတယ်”

ဆိုတဲ့ စကားလေးတစ်ခွန်းကျန်ရှိနေခဲ့ပါတယ်။

နောက်ပြီး ဂျပန်နိုင်ငံမှာ ရိုးရိုးရှင်းရှင်းနဲ့ ဂျပန်လူမျိုးတစ်ယောက်လိုနေထိုင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ နိုင်ငံခြားသားတွေ နေထိုင်မှုကို ပိတ်ပင်ထားတဲ့အတွက်ကြောင့် သူဟာအမေရိကန်နိုင်ငံသား အဖြစ်ကနေ စွန့်လွတ်ခဲ့ပြီး ဂျပန်နိုင်ငံသားခံယူခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုကို ကမ္ဘာပေါ်မှာဖြန့်ဝေရာမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး ဆုတံဆိပ်တွေလည်း ချီးမြင့်ခံခဲ့ရပါတယ်။

ဂျပန်စာလေ့လာနေတဲ့သူတွေက ဒါကိုကြည့်လိုက်ကြပါနော်။ ခင်းစံလည်းပါတဲ့ရေဒီယိုအစီအစဥ် ဖြစ်ပါတယ်။

https://www.youtube.com/watch?v=MoHRQ4xXRxs&feature=youtu.be

ဘဝကို ဂျပန်လူမျိုးတစ်ယောက်လိုဖြတ်သန်းခဲ့ပြီး ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုတွေကို ဖော်ထုတ်ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကို ချစ်ခင်မြတ်နိုးပေးလို့ ကျေးဇူးအထူးတင်ပါတယ်နော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: