တိုကျိုလျှပ်စစ်ဓာတ်အားပေးကို ကန့်ကွက်ပါ

၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံအရှေ့ဘက်ပိုင်းမှာ ကြီးမားတဲ့ငလျင်လှုပ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီငလျင်လှုပ်ခတ်ခဲ့ပြီး ဘေးထွက်ဆိုးကျိုးတွေမရပ်တန့်နိုင်ခဲ့ဘဲ ကြပ်တည်းမှုတွေရှိခဲ့ပါတယ်။

ìåì˙ñ{ëÂêkç–Ç≈å¥î≠éñåÃÇãNDZǵÅAîpòFçÏã∆Ç™êiÇflÇÁÇÍǃǢÇÈìåãûìdóÕïüìáëÊÇPå¥éqóÕî≠ìdèäÅBç∂Ç©ÇÁÇPÅAÇQÅAÇRÅAÇSçÜã@ÇÃå¥éqòFåöâÆÅÅÇQÇSì˙ÅAïüìáåßÅméûéñí êMé–É`ÉÉÅ[É^Å[ã@ÇÊÇËÅn
http://news.livedoor.com/article/image_detail/16348769/?img_id=20810115

ရေဒီယိုသတ္ထုကြွရဲ့ဘေးအန္တရာယ်က အလွန်အန္တရာယ်များပြီး အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့လုပ်ငန်းတွေဟာ မရှိမဖြစ်လိုအပ်တာကြောင့်၊ တိုကျိုလျှပ်စစ်ဓာတ်အားပေးက နိုင်ငံခြားသားကျွမ်းကျင်အလုပ်သမားတွေကို အဲ့ဒီမှာထားဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။

သတ်မှတ်ချက်တွေအရလို့ သူတို့တွေကပြောပေမယ့် တကယ်ရောစိတ်ချရပါမလား……

၅ နှစ်အတွင်း 100 millisieverts ဒါမှမဟုတ် တစ်နှစ်ကို 50 mSv အထက်ရှိတဲ့ ဓါတ်ရောင်ခြည်တွေကို ထိတွေ့မိမယ်ဆိုရင် ပိုပြီးတော့အန္တရာယ်ရှိနိုင်ပြီး အလုပ်လုပ်နိုင်တော့မှာမဟုတ်ပါဘူး။

ဒါကြောင့် ငွေကြေးတွေအလုံအလောက်ပေးနေပေမယ့်လည်း အလုပ်လုပ်ပေးမယ့်သူနည်းပြီး အလုပ်သမားရှားပါးမှုပါဖြစ်ပွားလာခဲ့ပါတယ်။

ဂျပန်လူမျိုးတွေဒီအလုပ်ကိုလုပ်မယ်ဆိုရင် နောက်မှကြေငြာတဲ့အချက်တွေကို တိုကျိုလျှပ်စစ်ဓာတ်အားပေးကနေ ပြန်လည်ထိန်းသိမ်းနိုင်ပြီး၊ နိုင်ငံခြားသားတွေကို လုပ်ခိုင်းမယ်ဆိုရင် တိုင်းပြည်ပြန်သွားတဲ့အခါ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။

နောက်ပြီး ဂျပန်စကားမတတ်တဲ့ နိုင်ငံခြားသားတွေကို အန္တရာယ်ရှိတဲ့အလုပ်ကို လုပ်ကိုင်စေပြီး သတ်မှတ်ထားတာထက်ပိုတဲ့ ဓာတ်ရောင်ခြည်တွေကို ပိုပြီးထိတွေ့စေနိုင်တယ်လို့လည်း တွေးခဲ့ကြပါတယ်။

တကယ်တော့လက်တွေ့မှာလည်း ပြဿနာတစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဗိသုကာအနုပညာနဲ့ဆိုင်တဲ့ အလုပ်ကို နိုင်ငံခြားသားကို လာရောက်လုပ်ကိုင်စေခဲ့ပြီး အသေးစိတ်ကိုမရှင်းပြဘဲ အန္တရာယ်များတဲ့ အလုပ်တွေကို ဆက်ပြီးလုပ်ခိုင်းခဲ့ပါတယ်။

နောက်ပြီး အဲ့ဒီအန္တရာယ်များတဲ့နေရာကအလုပ်တွေကို တာဝန်ယူပြီးလုပ်ဆောင်နေတဲ့အယောက် ဝန်ထမ်း ၂၉၀ ရှိပြီး ၅၃.၁ ရာခိုင်နှုန်းဟာ တရားမဝင်ဓာတ်ရောင်ခြည်တွေရှိနေကြောင်းကို တွေ့ရှိခဲ့ရပါတယ်။

ဒီလိုတရားမျှမှုမရှိတဲ့နေရာမှာ နိုင်ငံခြားသားအလုပ်သမားတွေဝင်ရောက်လာတဲ့အခါ မှန်ကန်တဲ့လုပ်ဆောင်ချက်တွေမရှိတော့ပါဘူး။

ဒီလိုလုပ်မယ်ဆိုရင်တော့ တိုကျိုလျှပ်စစ်ဓာတ်အားပေးကို ခွင့်ပြုလို့မဖြစ်ပါဘူး။

တိုကျိုလျှပ်စစ်ဓာတ်အားပေးရဲ့ ဝန်ထမ်းအရေအတွက်က ၃၈၀၀၀ အထက်ရှိပါတယ်။

စိတ်ချရတယ်ဆိုရင် သူတို့ရဲ့ဝန်ထမ်းတွေကိုပဲ လုပ်ကိုင်စေမှာဖြစ်ပါတယ်။

အဲ့ဒီနေရာမှာ နိုင်ငံခြားသားတွေကိုအသုံးပြုနေတဲ့ ကိုယ်ကစိတ်ချရတဲ့နေရာမှာလား ဘာက ဘယ်လိုဆိုတာကို စဥ်စားမိပါသလား?

အားလုံးက အလုပ်သင်နဲ့ လုပ်ငန်းကျွမ်းကျင်လာဖို့ကိုပဲ စဥ်စားနေကြပါတယ်။

ကုမ္ပဏီအရွယ်အစားကိုပဲကြည့်ပြီး မဆုံးဖြတ်နိုင်တဲ့အတွက်ကြောင့် ဘာလုပ်ရမလဲဆိုတာကို သေချာမေးပြီးဆုံးဖြတ်ပြီးမှ ဂျပန်ကိုသွားဖို့ရည်ရွယ်တာကောင်းပါတယ်။

ရေဒီယိုသတ္တုကြွတွေဖြစ်ပွားနေတဲ့နေရာမှာ လစာများများပေးလို့ပျော်ပြီးတော့ အဲ့ဒီအလုပ်လုပ်ဖို့စိတ်ယိုင်သွားလို့တော့မဖြစ်ပါဘူး။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: