အသဲကွဲတာကို ဘယ်လိုကုစားမလဲ ?

ကိုယ်ရဲ့ချစ်သူကောင်းလေးနဲ့ အဆင်ပြေနေတဲ့အချိန်က ကြည်နူးစရာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအတိုင်းရှေ့ဆက်မသွားနိုင်ကြဘဲ ပြတ်စဲသွားတာမျိုးတွေရှိပါတယ်။

အရမ်းကိုဝမ်းနည်းစရာကောင်းတဲ့အရာတွေကို သတိရနေတဲ့အခါ ဒီဝမ်းနည်းစရာကောင်းတဲ့အမှားတွေကို သင်ဘယ်လို ရင်ဆိုင်ဖြတ်သန်းမှာလဲ?

အစားတွေစားရင်း မေ့ပစ်မယ်!

စျေးဝယ်ထွက်ရင်း မေ့ပစ်မယ် !

ကာရာအိုကေမှာ သီချင်းတွေနဲ့ပေါက်ကွဲမယ် !

( ဟေး …. အသဲကွဲတာပျောက်တယ်ဆိုတဲ့ဆေး …..မင်းမရှိရင်ဖြစ်တယ်ဆိုတဲ့ဆေး…..)

ဆိုတဲ့သူတွေလည်းများပေမယ့် ဂျပန်နိုင်ငံမှာဆိုရင်တော့ ဆံပင်တိုတိုလေးတွေညှပ်ပစ်လိုက်တယ်ဆိုတာကို သိရပါတယ်။

http://www.pie-pla.net/?p=100

ဆံပင်ညှပ်ပြီးတော့ အခုထိရှိလာခဲ့တဲ့ကိုယ့်ရဲ့ပုံစံကိုပြောင်းလဲကြည့်မယ်ဆိုရင်ဘယ်လိုလဲ ?

ဒါက ဂျပန်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေလား?

ဒီလိုအသည်းကွဲတာတွေကိုကုစားပေးဖို့ စီးပွားရေးကိုလုပ်ကိုင်နေတဲ့ စိတ်ဝင်စားစရာ ကုမ္ပဏီတစ်ခုရှိပါတယ်။

https://nlab.itmedia.co.jp/nl/articles/1903/20/news131.html

အသဲကွဲဆံပင်ညှပ်ဆိုင်

အရင်ဦးဆုံးအစမ်းအနေနဲ့ ၃ လပိုင်း ၂၅ ရက်နေ့ကနေ ၁၀ ရက်အကြာ အချိန်အကန့်အသတ်နဲ့စတင်ခဲ့ပါတယ်။

https://nlab.itmedia.co.jp/nl/articles/1903/20/news131.html

ဆံပင်ညှပ်နေရင်းနဲ့ စကားမှားပြီးပြောမိရင် ဆံပင်ညှပ်ခပေးစရာမလိုပါဘူး။

တစ်ယောက်ယောက်နဲ့စကားပြောနေရုံနဲ့ စိတ်ကြည်လာပြီး ဆံပင်ပုံစံပြောင်းဖို့ဆံပင်ညှပ်ပြီးသွားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသလိုခံစားချက်ကို ခံစားရမှာဖြစ်ပါတယ်။

ဒီလိုလုပ်တာက ပြဿနာတစ်ခုခုမရှိနိုင်ဘူးလား?

ဘာလို့အလကားလုပ်ပေးရတာလဲ ? စေတနာနဲ့လုပ်ပေးတာလား ?

မဟုတ်သေးပါဘူး။ ဒါစေတနာတွေပိုပြီးလုပ်ပေးတာမျိုးမဟုတ်ဘဲ စီးပွားရေးလုပ်တာဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့ ထောက်ပံ့ပေးနေတာဟာ အလှပြင်ဆိုင်ကနေမဟုတ်ဘဲ ဆောင်းပါးတွေဖန်တီးနေတဲ့ ကုမ္ပဏီကနေဖြစ်ပါတယ်။

ဆောင်းပါးတွေကိုဖန်တီးတဲ့ကုမ္ပဏီက ဆံပင်ညှပ်ဆိုင်ကို တောင်းဆိုပြီး ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဆောင်းပါးတွေထုတ်တဲ့ကုမ္ပဏီက စကားမှားပြောမိတာကို နားထောင်ရင်းနဲ့ ဆောင်းပါးတွေဖန်တီးဖို့အတွက် ကုန်ကြမ်းတွေရယူနေတာဖြစ်ပါတယ်။

ဒီလိုမှားယွင်းသွားတဲ့အချက်တွေကိုဝယ်ယူတဲ့အနေနဲ့ ဆံပင်လာညှပ်တဲ့ဧည့်သည်တွေအစား ဆံပင်ညှပ်ခကိုပေးလိုက်တာဖြစ်ပါတယ်။

သူတို့တွေက ကျယ်ကျယ်ပြန့်ပြန့်နဲ့ အမျိုးမျိုးသောအချစ်ကိစ္စ၊ စကားအပြောအဆိုအမှားအယွင်းတွေကို စုဆောင်းချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

ဒါကြောင့် တစ်ဖက်လူကယောကျ်ားလေးမဟုတ်ဘဲ မိန်းကလေးအချင်းချင်းသာဆိုရင် သေချာပေါက်မှားပြောမိမှာဖြစ်ပြီး၊ အနုပညာရှင်နဲ့ ကာတွန်းဇာတ်ကောင်တွေကို စွဲလမ်းမိတဲ့သူမျိုးနဲ့တွေ့တဲ့အခါမှာ အမှားတွေရှိလိမ့်မယ်လို့ထင်ပါတယ်။

ဒီလိုအသဲကွဲနေတဲ့သူဘက်က တခြားသူတွေကို ထုတ်ဖော်ပြောဆိုတာကလည်း မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းတွဲရှည်ကြီးလိုဖြစ်နေမှာပဲနော်။

၁၀ ရက်တာစမ်းသပ်ပြီးတဲ့နောက်မှာ တခြားစက်ရုံတွေနဲ့လည်းပူးပေါင်းသွားမယ့် အစီအစဥ်တွေရှိပါသေးတယ်။

ဆံပင်ညှပ်ဆိုင်မှာပဲမဟုတ်ဘဲ Fitness gym တွေ Nail salon စတာတွေမှာလည်း ပြုလုပ်ဖို့အတွက် စဥ်စားထားပါတယ်။

ကိုယ့်ဆံပင်ကို ညှပ်ပေးခိုင်းပြီး ကိုယ်ပြောခဲ့တဲ့အကြောင်းအရာရဲ့ ဇာတ်လမ်းလေးက တီဗွီမှာလာနေတာကို ကြည့်ရင်းနဲ့ ဘယ်လိုခံစားချင်ဖြစ်နေမလဲနော်?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: