Convenience store တွေကို၂၄ နာရီဖွင့်လှစ်ဖို့လိုပါ့မလား ?

ဂျပန်နိုင်ငံမှာ Convenience store၊ စားသောက်ဆိုင် နောက်ပြီးတော့ ドンキホーテ Don Quijote လို့ခေါ်တဲ့ဆိုင်တွေကို ၂၄ နာရီလုံးဖွင့်လှစ်ပေးထားပါတယ်။
စာရေးသူ ငယ်ငယ်တုန်းကပုံစံနဲ့ အကြီးကြီးကိုကွာခြားသွားခဲ့ပါတယ်။
Abc , City Express စတဲ့ Convenience store တွေက ရန်ကုန်မှာလည်းအများကြီးရှိလာပြီး စာရေးသူတို့ငယ်ငယ်တုန်းကဆိုင်တွေလိုမျိုး မနက် ၇ နာရီကနေ ညနေ ၁၁ နာရီ အထိ ရောင်းချတာမျိုးမဟုတ်ဘဲ ၂၄ နာရီဖွင့်လှစ်ရောင်းချပေးနေတဲ့ဆိုင်တွေဖြစ်ပါတယ်။
http://netgeek.biz/archives/136686
ပုံထဲမှာပါတဲ့ဆိုင်ကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ၂၄ နာရီလုံးဖွင့်လှစ်ရောင်းချပေးတဲ့ဆိုင်ဖြစ်ပါတယ်။
မြို့ထဲမှာဆိုရင် လျှပ်စစ်မီးအသုံးပြုလို့ရတဲ့ဆိုင်တွေက ညသန်းခေါင်မှာလည်း လင်းနေတဲ့အတွက်ကြောင့် အန္တရာယ်တစ်ခုခုဖြစ်လာတဲ့အခါမှာ မြန်မြန်သွားပြီးကူညီပေးလို့ရပါတယ်။
ဒါပေမယ့် ညသန်းခေါင်မှာအလုပ်လုပ်ချင်တဲ့သူတွေလည်းနည်းပြီးတော့ လာရောက်ဝယ်ယူတဲ့သူတွေလည်း နည်းကိုနည်းလိမ့်မယ်ထင်ပါတယ်။
Seven-Eleven လို့ခေါ်တဲ့ Convenience Store ကို ညသန်းခေါင်ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ပွားခဲ့ပါတယ်။
Convenience Store တွေကို ဂျပန်နိုင်ငံမှာ ဆိုင်ခွဲဖွင့်လှစ်ဖို့အတွက် ပင်ရင်းဆိုင်တွေဆီကနေ ခွင့်ပြုချက်ယူထားရပါတယ်။
ဆိုင်တိုင်းမှာ ပိုင်ရှင်တစ်ယောက်စီရှိပြီး Seven-Eleven ဆိုတဲ့ဆိုင်းဘုတ်ကိုတပ်ပြီးရောင်းချရပါတယ်။
Seven-Eleven ဆိုတဲ့နာမည်ကို အသုံးပြုတဲ့အခါမှာ Seven-Eleven ပင်ရင်းဆိုင်ကို ကိုယ်စားလှယ်ဆိုင်ခွဲယူလို့ရပြီး ပင်ရင်းဆိုင်ကချမှတ်ထားတဲ့ စည်းကမ်းနဲ့ ဖွင့်လှစ်ရောင်းချရမယ်ဆိုတာက အခြေခံသဘောတရားဖြစ်ပါတယ်။
၂၄ နာရီဖွင့်လှစ်ရောင်းချဖို့အတွက် ချမှတ်ထားပေမယ့် ညသန်းခေါင်မှာဖွင့်ဖို့မဖြစ်နိုင်လို့ ဆိုင်ပိတ်လိုက်တဲ့ဆိုင်ခွဲတွေရှိပါတယ်။
ပင်ရင်းဆိုင်ရဲ့စည်းကမ်းကို မလိုက်နာတဲ့အခါမှာ ဒဏ်ကြေး ယန်း 17,000,000 ကောက်ခံခဲ့ပါတယ်။
http://netgeek.biz/archives/136686
ညသန်းခေါင်မှာ အချိန်ပိုင်းအလုပ်လုပ်ကိုင်ချင်တဲ့သူတွေကိုလည်းစုရမှာဖြစ်ပေမယ့် ဆိုင်ကိုလည်းပိတ်ထားလို့မရပါဘူး ။
ပိုင်ရှင်မိသားစုက အိပ်ပျော်နေတဲ့အချိန်မှာ ခိုးဖို့ကြိုးစားမှာကိုလည်း ကာကွယ်ရပါမယ်။
စည်းကမ်းက စည်းကမ်းဆိုပေမယ့် မဖြစ်နိုင်ဘူးဆိုတာ ဘယ်သူမဆိုသိပါတယ်။
ညသန်းခေါင်အထိအလုပ်လုပ်ဖို့ ဘယ်လောက်ထိလိုအပ်မယ်လို့ထင်ပါသလဲ ?
၂၄ နာရီဖွင့်လှစ်တဲ့ စားသောက်ဆိုင်တွေက တစ်ခုပြီးတစ်ခု ညသန်းခေါင်ဆိုပိတ်လာကြပါပြီ။
ဂျပန်နိုင်ငံရဲ့ ညသန်းခေါင်ကလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲမှုတွေဖြစ်လာခဲ့ပါပြီ။