ငယ်ရွယ်စဉ်မှာတွေ့ကြုံခဲ့ရတဲ့ ဘဝရဲ့မှောင်မိုက်မှု

ဘာလို့အဲ့လိုလုပျတာလဲ !

 

ဒီလိုစကားတွေနဲ့ ကလေးကိုအပြစ်တင်တဲ့မိဘတွေ တော်တော့်ကိုများမယ်လို့ထင်ပါတယ်။

ပြီးတော့ ရှင်းပြလို့မရတာတွေလည်းရှိပါသေးတယ်။

လက်ရှိ အသက် ၂၃ နှစ် ရှိတဲ့ အိုကဓစံဆိုတဲ့သူမက ဆင်းရဲတဲ့နေထိုင်မှုဘဝနဲ့ ပြင်းထန်တဲ့ရောဂါကနေလွတ်မြောက်ဖို့အတွက် သက်ငယ်ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ မိန်းကလေးဖြစ်ပါတယ်။

လက်တလော ပတ်ဝန်းကျင်ရှုပ်ထွေးမှုတွေကြားမှာ ဆင်းရဲတဲ့ကလေးတွေအတွက် စိုးရိမ်နေတာနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးမှုတွေကို ပြုလုပ်နေပါတယ်။

သူ့ကို တိုကျို မိနတိုခုမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

မိဘနှစ်ပါးနဲ့ အမတစ်ယောက် စုစုပေါင်း မိသားစု ၄ ယောက်ရှိခဲ့ပါတယ်။

အခုတွေးကြည့်မယ်ဆိုရင် ဖခင်ဖြစ်သူက ယာကူဇာအဖွဲ့ဝင်တစ်ယောက်ဖြစ်မယ်ထင်ပါတယ်။

မှတ်ဥာဏ်တွေပျောက်ဆုံးသွားတယ်ဆိုတာက သူ့အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက အကြွေးတွေနဲ့အတူ ပျောက်ဆုံးသွားခဲ့လို့ပဲ ဖြစ်ပါတယ်။

အမေဖြစ်သူဟာ ဝရံတာကိုဆွဲခေါ်သွားပြီးတော့ နားထဲကိုရေနွေးလောင်းချခံရတာကို တွေ့ခဲ့ရပါတယ်။ ဝရံတာကိုဆွဲခေါ်သွားပြီးတော့ နားထဲကိုရေနွေးလောင်းချခံရတဲ့ ကြောက်စရာကောင်းတဲ့အကြမ်းဖက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဲ့ဒီအဖြစ်အပျက်ကြောင့် သူမရဲ့ ဘယ်ဘက်နားက ဘာကိုမှမကြားရပါဘူး။

ဖခင်ဖြစ်သူက ပျောက်ဆုံးနေပြီးတော့ မိခင်ဖြစ်သူကလည်း တဖြည်းဖြည်းနဲ့ ဆိုးဝါးတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။

လူမှုဖူလုံရေးထောက်ပံ့ကြေးတွေရနေပေမယ့် အဲ့ဒီပိုက်ဆံတွေကို မိခင်ဖြစ်သူက အရက်နဲ့ မူးယစ်ဆေးဝါးအတွက်ပဲ အသုံးပြုပါတယ်။

ကျောင်းမှာဆိုရင်လည်း သူငယ်ချင်းတွေက စကားကောင်းကောင်းမွန်မွန်မပြောကြပါဘူး။

ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်ချင်း အရမ်းကွာခြားတာကြောင့် တခြားကလေးတွေက သူနဲ့စကားလုံးဝမပြောပါဘူး။

နောက်ဆုံးမှာတော့ သူ့အိမ်ရဲ့ဆိုးရွားတဲ့အိမ်တွင်းရေးကြောင့် စိတ်ထိခိုက်ခဲ့ရပုံပါပဲ။

သူငယ်ချင်းရဲ့အိမ်ကိုသွားလည်ရင် သကြားလုံးလေးတွေပေးပါတယ်။

သူ့အိမ်မှာတော့ ထမင်းတောင်မရှိဘဲ ဆေးနဲ့အရက်ပုလင်းအလွတ်တွေကိုလဲပြီးတော့….

 

မူလတန်း ၆ နှစ်မြောက်မှာ ဗိုက်ဆာတယ်လို့ အမေဖြစ်သူကပြောပြီး မူးယစ်ဆေးဝါးကို ဆက်သုံးနေပါတယ်။

 

ဒါကိုရှူလိုက်ရင် ဗိုက်မဆာတော့ဘူး

 

အမေက အဲ့လိုပြောတော့ မူးယစ်ဆေးကို လက်တဲ့စမ်းခဲ့ပါတယ်။

မကောင်းတဲ့အရာတွေကို လုပ်နေတာတစ်ခုထဲမဟုတ်ဘဲ အသက်ရှင်စိတ်တောင်မရှိတော့ဘူးဆိုတဲ့ ခံစားချက်ဖြစ်ခဲ့တယ်လို့ပြောပါတယ်။

 

မူလတန်း ၆ နှစ်မြောက်ကစပြီးတော့ သူအိမ်မကပ်တော့ပါဘူး။ သူ့ချစ်သူအိမ်မှာသွားပြီးတော့ နေထိုင်ခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်တဲ့ကိစ္စကိုလည်းအလေးမထားပဲ အိမ်သာထဲမှာ ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်။

အဲဒီ့နောက်ပိုင်းမှာ စိတ်ကယောက်ကယက်ဖြစ်သွားတာကြောင့် တခြားသူတွေက သူ့ကို သူ့အမေဆီပြန်ပို့ခဲ့ပါတယ်။

 

နေအိမ်မှာလည်း မီးဖိုချောင်သုံးဓားကိုရမ်းပြီး ပြဿနာရှာတာ ခဏခဏပါပဲ။

အဲ့လိုအခြေအနေကိုမြင်တဲ့ အစ်မဖြစ်သူက ရဲတွေကိုဆက်သွယ်ခဲ့တဲ့အတွက် တခြားမှာ သွားနေခဲ့ရပါတယ်။

သူတခြားနေရာမှာသွားနေတဲ့အချိန် အမေဖြစ်သူက အသည်းရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။

ဒီလောက်တောင်မုန်းတာကို ဘာကြောင့်အရမ်းကိုဝမ်းနည်းခဲ့ရတာပါလဲ။

ဒါပေမယ့်လည်း အလောင်းကိုကြည့်ပြီးတော့ ဒေါသတွေထွက်လာခဲ့ပါတယ်။

မိခင်ဖြစ်သူရဲ့ အလောင်းကိုပြောခဲ့တာက….

 

ကျွန်မပြောတာကိုနားထောင် !!

ဒါတွေအကုန်လုံးက ရှင့်ကြောင့်ဖြစ်ရတာ အရူးလိုပဲ !!

 

အဲ့ဒီလို အော်ဟစ်ခဲ့ပါတယ်။

အဲ့ဒီကနေ သူဟာ အထက်တန်းကျောင်းကနေထွက်လိုက်ပြီးတော့ ခန္ဓာကိုယ်ရောင်းစားတဲ့အလုပ်နဲ့ ဘဝကိုရှေ့ဆက်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးကိုလည်း မရပ်နိုင်ခဲ့ပါဘူး။

 

အဲ့လိုအချိန်မှာ group home လို့ခေါ်တဲ့နေရာမှာရှိတဲ့ အမျိုးသမီးနဲ့ ဆွေးနွေးတိုင်ပင်ဖို့အတွက် တွေ့ခဲ့ပါတယ်။

အဲ့ဒီအမျိုးသမီးက စိတ်ကျန်းမာရေးထိခိုက်နေတဲ့ လူငယ်လူရွယ်တွေကို ကူညီချင်တဲ့စိတ်နဲ့ ထောက်ပံ့ပေးတဲ့သူဖြစ်ပါတယ်။

အဲ့ဒီကျေးဇူးနဲ့ပဲ သူဟာ ပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ်။

နောက်ပြီးတော့ သူကြုံတွေ့ခဲ့သလိုမျိုး ဘဝကိုဖြတ်သန်းနေရတဲ့ ငယ်ရွယ်တဲ့ကလေးငယ်တွေကိုကူညီသွားချင်တယ်ဆိုပြီးတော့ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

 

ဂျပန်နိုင်ငံက ချမ်းသာတဲ့နိုင်ငံလို့ ထင်နေတဲ့သူတွေများမယ်ထင်ပါတယ်။

အကုန်လုံးချမ်းသာတယ်လို့တော့ ပြောလို့မရပါဘူး။

ဒီလိုအမှောင်ထုထဲက ငယ်ရွယ်တဲ့ကလေးတွေတစ်ယောက်လေးတောင် မရှိပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: