အရမ်းပင်ပန်းတဲ့ ဂဏန်းဖမ်းလုပ်သားများ
ဟိုကိုင်းဒိုးကိုကျော်ပြီးတော့ မြောက်ဘက်မှာရှိတဲ့ ဘီရင်းပင်လယ်မှာ အရသာရှိတဲ့ဂဏန်းတွေကို ဖမ်းယူနိုင်ပါတယ်။
နောက်ပြီးတော့ စျေးကြီးကြီးနဲ့ရောင်းချကြပါတယ်။ သတ်မှတ်ထားတဲ့ကာလအတောအတွင်းမှာပဲ တံငါငါးဖမ်းတာကို လုပ်ကိုင်ကြတာကြောင့် စျေးနှုန်းတွေကို မြင့်မားစေတာနဲ့ အလုပ်သဘောအရ ခက်ခက်ခဲခဲလုပ်ကိုင်နေကြရပါတယ်။
အမေရိက ၊ ရှရှား ပြီးတော့ဂျပန်နိုင်ငံမှာ သင်္ဘောတွေက သတ်မှတ်ထားတဲ့ရာသီအတွင်းမှာပဲ ဂဏန်းဖမ်းရတာကြောင့် တော်တော်ဒုက္ခရောက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ TV အစီအစဥ်တစ်ခုမှာ တင်ဆက်ခဲ့တဲ့ ဂဏန်းဖမ်းယာဥ်ရဲ့ ကြမ်းကြမ်းတမ်းတမ်းလုပ်ကိုင်နေရတာကို ကြည့်လိုက်ကြပါဦး။
ဆောင်းတွင်းရဲ့ မြောက်ဘက်ပင်လယ်မှာ ချမ်းအေးနေရုံတစ်ခုထဲမဟုတ်ပါဘူး။
ဒီလိုပုံစံနဲ့ သင်္ဘောစီးရပါတယ်။
https://sekach.com/bering-sea/
ဘာစီးစီးမူးတတ်တဲ့သူတွေမှမဟုတ်ပဲ လူ ၁၀၀% နီးပါးဟာ ကြမ်းကြမ်းတမ်းတမ်းစီးရတဲ့အတွက် အစမှာဆိုရင်မူးကြပါတယ်။
နောက်ပြီးတော့ လှုပ်ရမ်းနေတဲ့ သင်္ဘောမှာတင် ပြဿနာရှိနေပါပြီ။
သင်္ဘောပေါ်ကိုပက်လာတဲ့ရေတွေက ခဏလေးအတွင်းမှာပဲ အေးခဲသွားပါတယ်။
https://sekach.com/bering-sea/
ဒီအတိုင်းထားလိုက်မယ်ဆိုရင် သင်္ဘောက အလေးချိန်မညီမျှပဲ ဆောင်းတွင်းရဲ့ ပင်လယ်ပြင်မှာ တိမ်းမှောက်သွားနိုင်ပါတယ်။
တိမ်းမှောက်သွားခဲ့မယ်ဆိုရင် ကူညီမယ့်သူတွေကို အစလေးတောင်ရှာတွေ့မှာမဟုတ်ပါဘူး။
ဂဏန်းတွေကို ခြင်းထဲကနေပြောင်းထည့်လိုက်တဲ့အခါမှာ 500kg အလေးချိန်ရှိပါတယ်။
https://sekach.com/bering-sea/
ပင်လယ်ပြင်မှာ စိုးရိမ်ပူပန်နေရတဲ့အပြင် လှုပ်ရမ်းနေပြီးတော့ ဂဏန်းတွေက ပြန်တိုက်ခိုက်တာမျိုးလည်း ရှိပါတယ်။
တိုက်ခိုက်ခံရရင် ဒဏ်ရာအနာတရဖြစ်တဲ့အပြင် အသက်ဆုံးရှုံးရတာမျိုးလည်းရှိပါတယ်။
နောက်တစ်ခုအံ့သြဖို့ကောင်းတာက အလုပ်ချိန်ဖြစ်ပါတယ်။
http://news4wide.livedoor.biz/archives/2211273.html
အိပ်ချိန် ၃ ကြိမ်မှာမှ တစ်ကြိမ်ကို တစ်နာရီထဲ ခဏလေးအိပ်ရတာဖြစ်ပါတယ်။
အပေါ်မှာပြခဲ့တဲ့နာရီရဲ့ အနီရောင်အစိတ်အပိုင်းတွေက အလုပ်လုပ်ရတဲ့အချိန်ပဲဖြစ်ပါတယ်။
တစ်ချိန်လုံး ဂဏန်းဖမ်းနေရတာဖြစ်ပါတယ်။
မအိပ်မနေအလုပ်လုပ်ခဲ့တာကြောင့် သတိလက်လွတ်ပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိပါတယ်။
ဆရာဝန်ဆိုတာလည်းမရှိတာကြောင့် ကိုယ်တိုင်ပဲ ခက်ခက်ခဲခဲနဲ့ ခွဲတာတွေ၊ ချုပ်တာတွေလုပ်ရပါတယ်။
https://sekach.com/bering-sea/
သွားကိုက်ရင်ရော?
ဒါဆိုလဲ ကိုယ်တိုင်ပဲသွားနှုတ်ရမှာပါ။
https://sekach.com/bering-sea/
စိတ်ရောဂါဖြစ်သွားတဲ့သူတွေလည်းရှိပါတယ်။
ကြိုးတွေနဲ့ အန္တရာယ်ရှိရှိကစားတာတို့၊
https://sekach.com/bering-sea/
မီးနဲ့ကစားတာကို လုပ်ကြပါတယ်။
https://sekach.com/bering-sea/
ဘာလို့ ဒီလိုအန္တရာယ်များတဲ့အလုပ်ကို လုပ်ကြတာလဲဆိုရင် ဝင်ငွေတွေအများကြီးရလို့ပါ။
သင်္ဘောပေါ်မှာ ၂ လအလုပ်လုပ်ရင် ယန်း သိန်း ၁၅၀ ရရှိမှာဖြစ်ပါတယ်။
၂ လ အလုပ်လုပ်ရုံနဲ့ ပုံမှန်ရုံးဝန်ထမ်းရဲ့ ၂ နှစ် ၃ နှစ်လောက်လုပ်ရတဲ့လစာ ရရှိမှာဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ အင်အားနဲ့ ဇွဲလုံ့လ ရှိဖို့တော့လိုအပ်ပါတယ်။
စာဖတ်သူတို့ရော အဲ့ဒီငါးဖမ်းသင်္ဘောကြီးကို စီးဖူးချင်ကြလားရှင့် ?
တစ်ဖက်ကတွေးရင် ငရဲပြည်ကြီးနဲ့တူသလို တစ်ဖက်ကကြည့်ရင်လည်း ဝင်ငွေကောင်းတဲ့ ကောင်းကင်ဘုံကြီးနဲ့လည်းတူတယ်နော် ?