အလုပ်သင်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ပြဿနာ

လတ်တလောမှာ အလုပ်သင်အလုပ်သမားတွေ လျင်မြန်စွာ တိုးပွားလျက်ရှိပါတယ်။

သတ်မှတ်ကာလအတွင်း အလုပ်အမျိုးမျိုး လုပ်ပြီးတော့ သတိရရင်အိမ်ပြန်ချင်တယ်ဆိုပေမယ့်  ပြဿနာတွေအများကြီးရှိမယ်ဆိုတာကို အားလုံးသိကြမယ်ထင်ပါတယ်။

လုပ်ငန်းကျွမ်းကျင်ဖို့ဆိုတာကို နာမည်ခံပြီးတော့ ပြောထားတဲ့ လုပ်ငန်းတာဝန်သတ်မှတ်ချက်တွေနဲ့   လုပ်ရတာတွေကတော့ တခြားစီပါပဲ။

ဒါကြောင့် မကျေနပ်မှုတွေနဲ့ ထွက်ပြေးတဲ့သူတွေများလာပြီးတော့ ထွက်ပြေးတဲ့သူတွေက ပုံမှန်လိုအလုပ်မလုပ်နိုင်တော့တဲ့အပြင် တရားခံဆိုတဲ့ အရောင်တွေစွန်းနေသူတွေများနေပါတယ်။

 

ဂျပန်နိုင်ငံမှာ ဒီကြီးမားတဲ့ ပြဿနာကိုရင်ဆိုင်ကြုံတွေ့နေရပြီး အလုပ်သင်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အဓိက ပြဿနာလည်းဖြစ်ပွားလျက်ရှိပါတယ်။

 

ကလေးဖျက်ချတာနဲ့ တိုင်းပြည်ပြန်တာ နှစ်ခုထဲကတစ်ခုကို ရွေးပါ။

 

ဆိုပြီးတော့ အပြောခံရတဲ့ အလုပ်သင်တွေတောင် ရှိလာပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတယ်ဆိုရင် အများအားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အားလပ်ရက်ခွင့်ပေးလာတာမျိုး ရှိပါတယ်။

အဲ့ဒီလိုဆိုပေမယ့်လည်း အလုပ်သင်အမျိုးသမီးတွေအတွက်ကတော့ အချိန်အကန့်အသတ်နဲ့ပဲဖြစ်ပါတယ်။

လုံဝအနားယူပြီး ဘာမှမလုပ်ဘဲ တိုင်းပြည်ကို ပြန်လာတာလည်းရှိပါတယ်။

ကုမ္ပဏီဖက်က အကြောင်းအရင်းကိုနားလည်ပေမယ့်  ဖျက်ချမလား တိုင်းပြည်ပြန်မလား ဆိုတာကို ရွေးချယ်ခိုင်းတယ်ဆိုပြီး လူမှုရေးဆောင်ရွက်မှုမှာ ပြဿနာကြီးတစ်ခုအနေနဲ့ ဖြစ်လာခဲ့ပါတယ်။

 

အလုပ်သင်ဖို့အတွက် ဆွေမျိုးတွေဆီကနေ ချေးငှားပြီးတော့ ဂျပန်ကိုသွားတဲ့သူတွေကများလာပြီးတော့ ဒီလိုဖြစ်လာတဲ့အခါမှာ ဒုက္ခရောက်ရတဲ့သူတွေလည်းများတာ အသေအချာပါပဲ။

ဒီလိုပြဿနာကို ကာကွယ်ဖို့အတွက် ဂျပန်ကုမ္ပဏီကလည်း ဂျပန်မှာလာရောက်နေထိုင်တဲ့သူတွေ ယောကျ်ားလေးနဲ့ ချိန်းတွေ့တာတွေကို တားမြစ်ထားပါတယ်။

 

လာလည်တာ မဟုတ်တဲ့အတွက်ကြောင့် ဆိုတာကိုလည်းနားလည်ပေမယ့် မတင်းကြပ်လွန်းဘူးလား …….

 

ဒါပေမယ့် အကြီးမားဆုံးပြဿနာက ဂျပန်ကိုမသွားခင်မှာ အနေအထိုင်ဆင်ခြင်ဖို့ အရေးကြီးတယ်ဆိုတဲ့ ဆက်စပ်မှုတစ်ခုဖြစ်ပါတယ်။

ဂျပန်ရောက်ပြီးတော့မှ ကိုယ်ဝန်ရှိတယ်ဆိုတာကို သိရတာမျိုးကတော့ ရှားမယ်ထင်ပါတယ်။

ဘယ်အရာတွေက ကောင်းတယ်မကောင်းဘူးဆိုတာမျိုးမဟုတ်ပဲ ကိုယ်ပဲဒုက္ခရောက်ရမယ်ဆိုတာကို သိထားသင့်ပါတယ်။

အလုပ်သင်အနေနဲ့ နိုင်ငံခြားထွက်ဖို့ရှိတယ်ဆိုရင် အဲ့ဒီကာလအတောအတွင်းပဲမဟုတ်ပဲနဲ့ မသွားခင်ကတည်းကနေ စဥ်စားဆင်ခြင်ပြီး အပြုအမူတွေကို ဆင်ခြင်ရမယ်လို့ထင်ပါတယ်။

အလုပ်သင်ဆိုတဲ့စနစ်က အရမ်းကိုကောင်းမွန်ပေမယ့် တကယ့်လက်တွေ့မှာ ပြဿနာအမျိုးမျိုးရှိတဲ့ပုံပါပဲ။

တစ်ယောက်ချင်းစီရဲ့ လျှောက်လှမ်းတဲ့လမ်းကြောင်းတွေအလိုက် ပိုကောင်းတဲ့ စနစ်တွေကိုလိုချင်ကြမယ်လို့ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: