အလိုအလျောက်ရောင်းစက်အဟောင်းကို ဆက်ထိန်းထားရတဲ့အကြောင်းအရင်း

ဂျပန်နိုင်ငံမှာဆိုရင် ဘာကိုပဲဖြစ်ဖြစ် အလိုအလျောက်ရောင်းစက်တွေကို အသုံးပြုကြပါတယ်။

စက်ပစ္စည်းတွေကို လူသားမဆန်တာက အေးတိအေးစက်နဲ့လို့ လူတွေကထင်ပေမယ့်

ဒီအလိုအလျောက်ရောင်းစက်ကို စာဖတ်သူတို့ရော ဘယ်လိုမြင်ကြပါသလဲ?

 

ဟောင်းနွမ်းနေတဲ့ စက်ကိုဆက်ပြီးထိန်းသိမ်းထားတယ်ဆိုတာမှာ “ သတိရမှု“ “ ချစ်ခြင်းမေတ္တာ” တွေနဲ့ပြည့်နက်နေခဲ့ပါတယ်။

 

အိဘရခိစီရင်စုရဲ့ လူပြတ်တဲ့နေရာလေးမှာ ဒီလိုဆိုင်လေးရှိပါတယ်။

http://jihanki.michikusa.jp/kanto/araiya/

 

ဖြတ်သွားဖြတ်လာလူတွေလည်းနည်းတဲ့နေရာဖြစ်တဲ့အတွက် အကယ်၍သင်က အဲ့ဒီဆိုင်ရှေ့ကဖြတ်သွားမယ်ဆိုရင် ဒီတိုင်းဖြတ်သွားတာမျိုးပဲဖြစ်မယ်ထင်တယ်။

အဲ့ဒီလောက်ထိ သတိမထားမိတဲ့နေရာမှာ ရှိပါတယ်။

ဆိုင်ထဲကို ဝင်သွားမယ်ဆိုရင် ဒီလိုဟောင်းနွမ်းနေတဲ့ အလိုအလျောက်ရောင်းစက်ကိုတွေ့ရပါလိမ့်မယ်။

http://jihanki.michikusa.jp/kanto/araiya/

 

နှစ်၄၀တိုင်တိုင် ဒီနေရာမှာ ဒီအတိုင်းလေး ဆက်ပြီးလှုပ်ရှားနေတဲ့ အလိုအလျောက်ရောင်းစက်ပဲဖြစ်ပါတယ်။

အခုပြောပြမှာကတော့ အလယ်မှာရှိတဲ့ အလိုအလျောက်ရောင်းစက်အကြောင်းဖြစ်ပါတယ်။

Hirekatsu နေ့လယ်စာထမင်းဘူး ၊ အသားကင် နေ့လယ်စာထမင်းဘူး ၊ ကြက်ကြော် နေ့လယ်စာထမင်းဘူး တွေကိုရရှိနိုင်ပါတယ်။

စျေးနှုန်းကတော့ ယန်း ၃၀၀ ဖြစ်ပါတယ်။

တော်တော့်ကို စျေးသက်သာပါတယ်။

ထွက်လာတဲ့ ထမင်းဘူးက သပ်သပ်ရပ်ရပ်လေးပြုလုပ်ထားတာကိုတွေ့ရပါတယ်။

အထဲမှာအပူပေးထားပြီးတော့ ထွက်လာတဲ့စားစရာကို အသင့်စားသုံးနိုင်ပါတယ်။

http://jihanki.michikusa.jp/kanto/araiya/

သူ့ရဲ့စျေးနှုန်းက အမြတ်အစွန်းကိုထည့်မစဥ်းစားဘူးလားလို့တောင်ထင်ရလောက်အောင်ပါပဲ။

ဟုတ်ပါတယ်။ စက်သန့်ရှင်းရေးလုပ်ဖို့ပိုက်ဆံတောင်မရပါဘူး။

ဒါနဲ့ ဘာလို့ အဲ့ဒီစက်ကို ဆက်ပြီးသုံးနေရတာပါလဲ?

 

စက်ပိုင်ရှင် စုဇူးကိစံက စက်ကိုဆက်ပြီးသုံးနေရတဲ့ အကြောင်းအရင်းက သူချစ်ရတဲ့ သူ့ရဲ့ဇနီးကြောင့်ဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့ ၄ နှစ်မတိုင်ခင်တုန်းက သူ့ရဲ့ဇနီးက ရုတ်တရက်နေမကောင်းဖြစ်ပြီးသေဆုံးသွားခဲ့ပါတယ်။

ဆေးရုံတင်ပြီးနောက်တစ်ရက်မှာသေသွားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ဇနီးက အလုပ်တွေလည်းအရမ်းလုပ်ခဲ့ပါတယ်။

သူကဇနီးသည် စစဥ်စားပြီးလုပ်ခဲ့တဲ့ ထမင်းဘူးကို ဆက်ပြီးထိန်းသိမ်းခဲ့တာပဲဖြစ်ပါတယ်။

ဇနီးသည်နဲ့ နှစ်ယောက်သား အသည်းအသန် အလုပ်တွေချည်းပဲလုပ်နေတဲ့အတွက် ဓာတ်ပုံလေးတစ်ပုံတောင်မှ မကျန်ခဲ့ပါဘူး။

သူတို့နှစ်ယောက်အတွက် အမှတ်တရအနေနဲ့ ကျန်ရစ်ခဲ့တာက ဒီထမင်းဘူးတွေပါပဲ။

ဇနီးသည် စဥ်းစားထားခဲ့တဲ့ ဟင်းလျာရဲ့အရသာပါဝင်မှုကို ဒီတိုင်းပဲဆက်သွားချင်ခဲ့ပါတယ်။

သေတဲ့ထိဆက်ပြီးတော့သွားချင်တယ်ဆိုတာက စုဇူးကိစံရဲ့ စိတ်ကူးအိမ်မက်တစ်ခုဖြစ်ပါတယ်။

 

တစ်နည်းပြောရမယ်ဆိုရင် ကြေကွဲစရာကောင်းတဲ့ စက်ပစ္စည်းအနေနဲ့ မြင်ရတဲ့ အလိုအလျောင်ရောင်းစက်ပဲဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ နွေးထွေးမှုနဲ့အချစ်တွေ လွှမ်းခြုံနေခဲ့ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: