အလိမ်ခံခဲ့ရတဲ့ ဂျပန်လူမျိုးတွေက အဆင်ပြေရဲ့လား ? ?
ဂျပန်မှာ ကြီးမားတဲ့လိမ်လည်မှုတွေရှိခဲ့ပါတယ်။
SNS ကနေတဆင့် ကြေငြာခဲ့တာပဲ ဖြစ်ပါတယ်။
http://blog.livedoor.jp/dqnplus/archives/1984079.html
တစ်မိနစ်ထဲနဲ့ ငွေသား ယန်း ၁ ထောင် ပျော်ပျော်ကြီးရမယ် !
အဖွဲ့ဝင်တွေရဲ့ ပျမ်းမျှနှစ်စဥ်ဝင်ငွေက ယန်း သိန်း ၄၀ !
အဲ့ဒီလို မက်လုံးတွေပေးပြီးတော့ အသင်းဝင်ဖြစ်ဖို့အတွက် မှတ်ပုံတင်ခိုင်းပါတယ်။
အရင်ဦးဆုံး ယာယီမှတ်ပုံတင်ကို အခမဲ့လုပ်ပေးပြီးတော့ ဖောင်တွေကို ဖြေခိုင်းပါတယ်။
ပြီးတော့ ယန်း ၁ သောင်း လက်ဆောင်ပေးပြီးတော့ အဲ့ဒီလိုနဲ့ ဆက်သွားကြပါတယ်။
ဒီလိုပုံစံနဲ့ အသင်းဝင်မှတ်ပုံတင်ဖို့အတွက် လူတွေကို ဆွဲဆောင်ပါတယ်။
ဝန်ခံချက် အခကြေးငွေက ယန်း ၂၄၉၈၀၀ ကျသင့်ပါတယ်။
အဲ့ဒါကိုပေးပြီးမှ မှတ်ပုံတင်မယ်ဆိုရင် ယန်း ၁ သောင်း လက်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒီအချက်ကို သတိမထားမိကြဘူးလား ? ?
ယန်း ၁ သောင်းပြန်ရဖို့အတွက် ယန်း ၂၄၉၈၀၀ ကို ပေးရမှာလား ? ?
အဲ့လို အလိမ်ခံခဲ့ရတဲ့ လူတွေက အယောက် ၂၃၀၀ တောင်မှ ရှိပါတယ်။
စုစုပေါင်းဆိုရင် ယန်း သိန်း ၉၀၀ ရှိပါတယ်။
မှတ်ပုံတင်ကြေး ပေးခဲ့ရပေမယ့် ယန်း ၁ သောင်းကို ပြန်မရခဲ့တဲ့ ပုံပါပဲ။
လိမ်လည်ဖို့ ဂွင်ဆင်ခဲ့တဲ့ သူက အပြစ်အရှိဆုံးဆိုပေမယ့်
အဲ့လောက်ထိ အလိမ်ခံခဲ့ရတဲ့ သူတွေကရော အဆင်ပြေရဲ့လား ? ? လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒါပေမယ့်လည်းလူတွေက အပြင်လူကိစ္စပါဆိုပြီးတော့ ဂရုမစိုက်ကြပါဘူး။
အလိမ်ခံရတဲ့သူတွေကလည်း ဒီတိုင်းစကားချိုချိုလေးတွေကို ယုံမိလိုက်ကြပါတယ်။
အားလုံးပဲ အင်တာနက်ပေါ်က အလိမ်အညာတွေကို သတိထားကြပါနော်။