လက် ချောင်း ၇ ချောင်းနဲ့ တီးနိုင်တဲ့ စန္ဒယားတီးသူ

နိရှိဂဝ ဂေါ်ဟဲ 西川悟平(にしかわ ごへい)

ဆိုတဲ့ သူက ကမ္ဘာပေါ်မှာ စန္ဒယားတီးသူ တစ်ယောက် အနေနဲ့ နာမည်ကြီးပါတယ်။

https://withnews.jp/article/f0160305000qq000000000000000W0290701qq000013084A

 

သူက piano ကို ၁၅ နှစ်ကနေ စပြီးတီးခဲ့ပါတယ်။

ပရောဖက်ရှင်နယ်စန္ဒယားတီးသူ တစ်ယောက်အနေနဲ့ ဆိုရင် စတီးတာ တော်တော်ကိုနောက်ကျနေပါပြီ။

သူ့လို စန္ဒယားတီးသူတစ်ယောက်က သေစေလောက်တဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Dystonia လို့ခေါ်တဲ့ ရောဂါဖြစ်ပါတယ်။

အာရုံကြောနဲ့ ဆက်စပ်တဲ့ ရောဂါဖြစ်ပြီးတော့ ခန္ဓာကိုယ် အကြောစွဲတာကို ခုထိကုသလို့ရတယ်ဆိုတာကိုမတွေ့ဖူးသေးပါဘူး။

တစ်ချိန်မှာတော့ နိရှိဂဝက လှုပ်ရှားလို့မရတော့တဲ့ အထိဖြစ်လာခဲ့ပါတယ်။

အဲ့ဒီ အတွက်ကြောင့် စန္ဒယားကိုလုံးဝမတီးနိုင်တော့ပါဘူး။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပီယာနို တီးဖို့ စိတ်အားထက်သန်တဲ့  သူက နလန်ပြန်ထနိုင်ဖို့ သေမင်းကိုတောင် အံတုခဲ့ပါတယ်။

အဲ့ဒီနောက်မှာ လက်ချောင်းလေးတွေကို အရင်ဦးဆုံးလှုပ်ရှားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လက် ၇ ချောင်းပဲ လှုပ်လို့ ရတဲ့ အခြေအနေဖြစ်ပါတယ်။

အဲ့ဒီအခြေအနေအတွက် ဆရာဝန်ဆီကနေ..

 

တစ်သက်လုံး စန္ဒယား တီးလို့မရတော့ဘူး

 

ဆိုတဲ့ အဖြေကိုကြားခဲ့ရပါတယ်။

စန္ဒယားက လက်ချောင်း ၁၀ချောင်းသုံးပြီးတော့ တီးရတဲ့တူရိယာဖြစ်တဲ့ အတွက်

နိရှိဂဝ အသုံးပြုလို့ ရတဲ့ လက်ချောင်းနဲ့ ဆို တီးဖို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အဲ့လိုဆိုပေမယ့် ဘယ်လိုမှ အရှုံးမပေးခဲ့တဲ့ သူက သူများတီးနေကျပုံစံနဲ့မတူပဲ သူရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ ဆက်ပြီးသွားခဲ့ပါတယ်။

အချိန်တိုအတွင်းမှာ လက်တစ်ဖက်ကို အမြန်ဆုံးလှုပ်ရှားတာပဲဖြစ်ပါတယ်။

အဲ့ဒီလိုနဲ့ သူရဲ့ ဒီလိုတင်ဆက်နိုင်မှုက အနောက်တိုင်းစတိုင်တောင်မှ ဖြစ်လာပါတယ်။

 

 

စန္ဒယားတီး တတ်တဲ့ သူဆိုရင် သူတင်ဆက်တဲ့ပုံကို ကြည့်ပြီးဘယ်လောက်ထိခက်ခဲ လဲဆိုတာကို သိလိမ့်မယ် ထင်ပါတယ်။

 

အားလုံးက ၅ နာရီလောက်လေ့ကျင့်ရင် သူက ၁၀နာရီ လောက်လေ့ကျင့်မှာ တော်ရုံကျပါတယ်။

 

သူက သာမာန်အားဖြင့် ၁၀ချောင်း လှုပ်ရှားနိုင်တဲ့ အချိန်တုန်းက  နည်းပညာနဲ့ လူတွေကိုဆွဲဆောင်နိုင်ဖို့  စဥ်းစားထားပါတယ်။

ဒါပေမယ့် ၇ ချောင်းပဲ လှုပ်ရှားနိုင်တော့တဲ့ အချိန်မှာ စဥ်းစားထားတာတွေ ပြောင်းလဲသွားပါတယ်။

 

ဘယ်လိုလုပ်မှ လူတွေရဲ့ စိတ်ထဲကိုရောက်နိုင်မလဲ ?

 

အဲ့ဒါကို အသဲအသန်စဥ်းစားခဲ့တဲ့ပုံပဲ။

 

ဘယ်လိုပြဿနာပဲ ဖြစ်ဖြစ် အရှုံးမပေးဘူးဆိုရင် လမ်းတွေ ပွင့်လာပြီး သူ့ကို သူ့ရဲ့ ဘဝက သင်ကြားပေးတယ်လို့ ခံစားမိပါတယ်။

ဒါကြောင့် လောကမှာ ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: