နောက်ဆုံးပေါ်နည်းပညာထက်ပိုပြီးအသုံးဝင်တဲ့ ပန်းချီပညာ

လူသတ်မှုတစ်ခုကိုတွေ့လိုက်တဲ့အချိန်မှာသင်က ရဲကို ချက်ချင်းဖုန်းဆက် အကြောင်းကြားမယ်မလား။

ရဲတွေကို တွေ့ခဲ့တဲ့ လူသတ်တရားခံ ရဲ့မျက်နှာပုံစံကိုပြောပြမှ လိုက်ဖမ်းခိုင်းလို့ရမယ်ထင်ပါတယ်။

ဒါကြောင့် အရင်တုန်းကတော့ တရားခံတွေရဲ့ ပုံတူကိုဆွဲခဲ့ကြပါတယ်။

http://b.hatena.ne.jp/type-100/歴史/

 

အဲ့ဒီခေတ်ကျော်လာပြီးတော့ ပုံတွေကိုစပ်ပြီး ပုံဖော်တဲ့ခေတ်ကိုရောက်လာပါတယ်။

https://matome.naver.jp/odai/2144343076288858801

 

မျက်လုံးနဲ့ နှာခေါင်းစတဲ့ အပိုင်းအပိုင်းတွေကို ဆက်ပြီးတော့  “ ဒီလိုပုံစံလား? “ လို့မေးပြီးတော့ တရားခံရဲ့ပုံကို ဖော်ကြပါတယ်။

တကယ်တော့ အဲ့လိုပုံဖော်တာက ဖမ်းဆီးနှုန်းတွေကျဆင်းစေပါတယ်။

တကယ့်ပုံနဲ့ တူလွန်းနေတာက ပြဿနာတစ်ခုပဲဖြစ်ပါတယ်။

 

တကယ်တော့ ပုံကိုကြည့်ပြီးတစ်ခါထဲရွေးလိုက်လို့ရပေမယ့် တရားခံရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုစီကို  မျက်မြင်သက်သေတွေက  တိတိကျကျ မမြင်လိုက်ကြပါဘူး။

ဒါကြောင့် ပုံဖော်ပြီးတရားခံရှာတဲ့ အခါမှာ သိပ်ပြီးတော့ မတူတဲ့ အစိတ်အပိုင်းတွေထွက်လာပြီးတော့ လူမှားသွားတဲ့အတွက် တရားခံကို လုံးဝမဖမ်းမိနိုင်ခဲ့ပါဘူး။

ပုံဖော်ခဲ့တဲ့ ဓာတ်ပုံတွေက တကယ့်လူတစ်ယောက်လိုပါပဲ။

https://www.jiji.com/jc/d4?p=soe924-jlp00570255&d=d4_oldnews

 

ဒါပေမယ့် အဲ့လောက်ထိပုံဖော်ထားခဲ့ပြီး အဲ့ဒီအတိုင်းချွတ်စွတ်တူနေတဲ့သူကို နည်းနည်းမှမလွဲအောင်ရှာခဲ့ပေမယ့် ရှာလို့မတွေ့ခဲ့ကြပါဘူး။

ပုံဖော်ပြီးတရားခံဖမ်းတဲ့ဓာတ်ပုံကို ၁၉၆၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ယန်း သိန်း၃၀၀ ခိုးယူမှုမှာ အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။

 

ပုံဖော်ထားတဲ့ ဓာတ်ပုံတွေနဲ့ပြစ်မှုတွေမြင့်မားနေတဲ့ ဂျပန်နိုင်ငံရဲ့ ရဲတပ်ဖွဲ့က ပြစ်မှုတွေလျော့ကျဖို့အတွက် ပုံတူတွေကိုပုံဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီရဲ့ ရလဒ်က ပြစ်မှုတွေပဲပိုပိုပြီး တိုးလာခဲ့ပါတယ်။

https://www.okinawatimes.co.jp/articles/-/336306

 

ပုံကိုကြည့်ပြီး ဘယ်လိုထင်ပါသလဲ?

ပုံဖော်ထားတဲ့ ဓာတ်ပုံအတိုင်းမဟုတ်ပေမယ့် ဒီပုံဆွဲထားတာနဲ့ ဆိုရင်သေချာပေါက်ဖမ်းမိနိုင်ပါတယ်။

ဦးခေါင်းပုံကို ဆွဲလိုက်တဲ့ အခါမှာ မျက်နှာပုံစံက လုံးဝချွတ်စွတ်မတူပေမယ့် ပုံတူဆွဲတာက ပိုပြီးတော့ အဆင်ပြေပါတယ်။

 

ပုံတူဆွဲတာက အခြေခံပဲ ဆိုပေမယ့် အဲ့ဒီပုံကိုဆွဲဖို့လူရှာနေတာနဲ့ ဆွဲတာနဲ့ ဆိုရင် အချိန်ကြာပါတယ်။

မျက်မြင်သက်သေကိုမြန်နိုင်သမျှမြန်အောင်မေးပြီး ပုံတူမဆွဲဘူးဆိုရင် မေ့သွားပါလိမ့်မယ်။

 

အဲ့ဒီအတွက်ကြောင့် ဂျပန်မှာဆိုရင်တော့ ပုံတူဆွဲတတ်တဲ့ ရဲတွေကို ခန့်ထားပါတယ်။

ရဲဌာနတွေမှာ မှန်ကန်တဲ့ စိတ်ထားနဲ့ ကျန်းမာသန်စွမ်းတဲ့ ရဲသားတွေကို လိုအပ်နေပါတယ်။

နောက်ထပ်အရေးကြီးတာက ပုံတူဆွဲတတ်တဲ့ အရည်အချင်းပဲဖြစ်ပါတယ်။

ရဲသားကြီးလုပ်ရတာလည်းမလွယ်ဘူးနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: