ခနဇ၀မြို့(金沢)ရဲ့ ဆောင်းရာသီနဲ့ နှင်းကြိုးဆိုင်း !!

ဂျပန်မှာ ဟိုကိုင်းဒိုးပြည်နယ်ရော၊ အရှေ့မြောက်ဘက်အခြမ်းရော နှင်းတွေဖုန်းအုပ်တဲ့ဒေသဖြစ်ပေမယ့် ဟိုခုရိခုပြည်နယ်(北陸地方)ဘက်မှာတော့

ဂျပန်ပင်လယ်ဘက်ကလာတဲ့နှင်းတွေက အများအပြားကျရောက်ပါတယ်။

 

ဒီလိုနှင်းတွေက တခြားဒေသထက်ပိုပြီးတော့များတဲ့အတွက် သစ်ပင်အပေါ်မှာ ကျနေတဲ့နှင်းရဲ့အလေးချိန်နဲ့  သစ်ပင်ကလဲကျသွားတာမျိုးလည်းရှိပါတယ်။

 

အဲဒီ ဟိုခုရိခုပြည်နယ်(北陸地方)မှာ ရှိတဲ့နံမည်ကြီးတဲ့ ဂျပန်ဥယျာဉ်တော်(日本庭園)၊ ခဲရိုခုအန်းပန်းခြံ(兼六園(けんろくえん))မှာဆိုရင် ကြီးမားတဲ့သစ်ပင်တွေအများအပြားရှိပါတယ်။

https://www.hot-ishikawa.jp/spot/5286

 

ဒီလိုသစ်ပင်ကြီတွေအများကြီးနဲ့ အရမ်းကိုလှတဲ့ပန်းခြံဖြစ်ပေမယ့် ဆောင်းတွင်းကျရင် နှင်းတွေအရမ်းကျပြီးတော့ သစ်ပင်တွေက လဲကျကုန်ပါတယ်။

 

အဲလိုဖြစ်လာပြီဆိုရင် နှင်းကြိုးဆွဲလို့ခေါ်တဲ့ အောက်ကပုံလိမျိုး အဲဒေသမှာဘဲလုပ်လေ့ရှိတာမျိုးကိုပါ။

https://www.excite.co.jp/news/article/Mainichi_20181103k0000e040311000c/ ?utm_source=news_i&utm_campaign=fromapp&utm_medium=mail

 

သစ်ပင်ကြီးရဲ့ ထူတဲ့ပင်စည်တို့၊ အကိုင်းအခက်တွေရဲ့ဘေးကို အပေါ်ကနေကြိုးကြီးတွေနဲ့ ဆွဲချပြီးတော့ ကြိုးတွေအများကြီးနဲ့ထိန်းထားပါတယ်။

သစ်ပင်ကြီးတစ်ပင်မှာ ကြိုးအရေအတွက်အားဖြင့် ကြိုးပေါင်း၁၀၀လောက်ကို အသုံးပြုတာပါ။

ခဲရိုခုအန်းပန်းခြံ(兼六園)မှာဆိုရင် ၁၂၀ကီလိုမီတာကျော် အသုံးပြုကြပါတယ်။

 

ဓာတ်ပုံထဲကအတိုင်းပါဘဲ သစ်ပင်ရဲ့ထိပ်ကနေလုပ်ရတဲ့အတွက် အန္တရာယ်များပါတယ်။

https://kanazawamachigation.com/wp-content/uploads/2018/02/20180114_0049.jpg

ကျွမ်းကျင်ပညာရှင်ကလုပ်တဲ့အတွက် မတော်တဆထိခိုက်မှုတွေမရှိကြပါဘူး။

ဒီလိုမျိုးကို  ခဲရိုခုအန်းပန်းခြံ(兼六園)ရဲ့ အလုပ်တစ်ခုအနေနဲ့မြင်တွေ့ရတာပါ။

 

 

ပြီးသွားပြီဆိုရင်တော့ အောက်ကပုံထဲကအတိုင်းတွေ့ရမှာပါ။

  https://blog.goo.ne.jp/kanazawa-uechan/e/bea84b35c183bd2f5981423af3c2df68

 

နှစ်စဥ်နှစ်တိုင်း လှပတဲ့ပန်းချီကားလိုမျိုးရှုခင်းမျိုးကိုတွေ့ရမှာပါ။

ဒီလိုရှုခင်းကို ကြည့်ရှုဖို့အတွက် တကူးတကလာရောက်ကြတဲ့ခရီးသွားဧည့်သည်တွေလည်း

ရှိတယ်လို့သိရပါတယ်။

ဆောင်းတွင်းဘက်မှာ ဂျပန်ရောက်ဖြစ်ရင် သွားကြည့်လိုက်ပါအုံးနော်….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: