ဂျပန်တွေရဲ့ လုပ်ငန်းခွင်မှာ ဖုန်းအသုံးပြုပုံ

ဂျပန်လူမျိုးတွေရဲ့ဖုန်းအသုံးပြုပုံက နိုင်ငံခြားသားတွေအနေနဲ့ကြည့်မယ်ဆိုရင် ထူးဆန်းတယ်လို့

တော်တော်များများပြောကြပါတယ်။


 https://www.google.com/search?q=Japanese+phone+speaking+in+work&source=lnms&tbm

 

အရင်ဆုံးအောက်က ဗီဒီယိုကိုကြည့်လိုက်ပါ။

အမေရိကားလူမျိုးက သရုပ်ပြနေပေမယ့် တော်တော်တိကျမှန်ကန်ပါတယ်။

 

ဖုန်းမြည်တာနဲ့ ချက်ချင်းကိုင်ရပါမယ် !

သုံးကြိမ်ထက်ပိုပြီးတော့ ဖုန်းမြည်တဲ့အထိမစောင့်ရပါဘူး။ အဲဒါက ကုမ္ပဏီရဲ့စည်းမျဥ်းလို့လည်းပြောလို့ရပါတယ်။

နောက်ထူးဆန်းတာတစ်ခုက ဖုန်းပြောနေတဲ့အချိန်မှာ တဖက်လူကိုခေါင်းညိမ့်၊ ဦးညွတ်ပြီး ပြောကြတာပါဘဲ။

 

ဖုန်းနဲ့ပြောတာဆိုတော့ လူချင်းမတွေ့ရပေမယ့်၊ ခေါင်းညိမ့်ပြီးပြောကြတာပါ။ တမင်တကာလုပ်တာမျိုးမဟုတ်ဘဲ တဖက်လူကိုလေးစားမှုနဲ့ ယှဥ်ယှဥ်ကျေးကျေးပြောမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ပြောလိုက်တာကနေ

ကိုယ်ခန္ဓာက အလိုအလျောက်ဖြစ်သွားတယ်လို့ ပြောကြပါတယ်။

 

ဖုန်းချတဲ့အချိန်မှာလည်း တစ်ဖက်လူထက်အရင်ဦးပြီးမချကြပါဘူး။

အဲလိုမှမဟုတ် ဖုန်းချတယ်ဆိုရင်လည်း ဖုန်းကိုချလိုက်တဲ့အသံမမြည်အောင် ဖုန်းကိုအသာအယာချရပါမယ်။

 

အောက်က ဗီဒီယိုကိုကြည့်လိုက်ပါအုံး။

 

ဂျပန်လူမျိုးတွေက ဧည့်သည်တွေအပေါ်မှာ သေချာဧည့်၀တ်ကျေပွေရမယ်ဆိုတဲ့ အတွေးရှိကြပါတယ်။

ဧည့်သည်တွေရဲ့အဆင်ပြေမှုကို နံပါတ်တစ်ဦးစားပေးစဥ်းစားတဲ့အတွက် လုပ်ငန်းခွင်အတွင်းမှာ အလုပ်သေချာမလုပ်တာတို့၊ အလုပ်နှေးကွေးတဲ့၀န်ထမ်းတွေဆိုရင်

တော်တော်ပြင်းပြင်းထန်ထတ်ပြောတာကိုတွေ့ရမှာပါ။

 

ဗီဒီယိုထဲမှာ အမေရိကားနဲ့ဂျပန်ကိုယှဥ်ပြထားတဲ့အထဲမှာ

သေချာကြည့်မယ်ဆိုရင် ဂျပန်တွေက ရုံးခန်းစားပွဲပေါ်မှာ အလုပ်နဲ့ဆိုင်တဲ့အရာကလွဲလို့ တခြားအရာတွေမတင်ထားပါဘူး။

အလုပ်နဲ့မဆိုင်တဲ့အရာ၀တ္ထုကို တင်ထားခဲ့ရင်တောင်မှ သေးငယ်တဲ့အရာတစ်ခုလောက်ပါဘဲ။

ဒီလိုအရာလေးတွေကိုလည်း ဂရုပြုကြတာကိုတွေ့ရပါတယ်။။

 

ဂျပန်တွေနဲ့အလုပ်လုပ်တဲ့အခါ အကျိုးရှိမယ့်အရာလေးတွေမလို့

သေချာမှတ်ထားကြရအောင်နော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: