အဲဒိုခေတ်ရဲ့ မီးငြိမ်းသတ်ပုံ
ဟိုးအရင်တုန်းက ဂျပန်နိုင်ငံဟာ သစ်သားအိမ်တွေချည်းပဲ ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
နောက်ပြီးတော့ ဆောင်းတွင်းရဲ့ လေက တိုက်ခတ်နေတဲ့ အတွက်ကြောင့် မီးလောင်ရင် တော်တော်နဲ့ ငြိမ်းလို့မရပါဘူး။
ဆာမူရိုင်းခေတ်တုန်းက တိုကျိုမြို့ကို အဲဒိုလို့ ခေါ်ကြပါတယ်။
အဲ့ဒီတုန်းက မြေပုံက ဒီလိုပုံစံ ဖြစ်ပါတယ်။
http://www.d-laboweb.jp/special/sp517/
သပ်သပ်ရပ်ရပ်စီထားတာ နဲ့ ရေမြောင်း ကျဥ်းကျဥ်းလေးတွေကို သတိထားမိမယ်လို့ ထင်ပါတယ်။
အဲ့ဒီရေလမ်းက ပစ္စည်းတွေသယ်ယူပို့ဆောင်ဖို့နဲ့ မီးလောင်မှုကို ကာကွယ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်မယ်ထင်တယ်နော် …..?
အစိမ်းရောင်အကွက်တွေမြင်နေရတဲ့ နေရာလည်းပဲ မီးလောင်မှုကိုကာကွယ်ဖို့ အတွက် အရေးကြီးဆုံးနေရာလည်းဖြစ်ပါတယ်။
မီးလောင်မှု ဖြစ်လာတဲ့ အခါမှာ သူတို့ ဘာလုပ်ကြလဲ ?
ဟိခဲရှိ (火消し) လို့ခေါ်တဲ့ မီးသတ်သမား တွေ ရှိပါတယ်။
http://bosai-girl.com/2017/05/03/hikeshispirits_kyoto/
အဲဒိုခေတ်မှာ အဲဒိုမြို့ရဲ့ မီးသတ်တပ်ဖွဲ့ က အမြဲတမ်းထိပ်တန်းမှာရှိတဲ့ မီးသတ်သမားတွေပဲဖြစ်ပါတယ်။
အခု ခေတ်မှာတော့ မီးသတ်သမားတွေက ရေ ကို အသုံးပြုပြီး မီးငြိမ်းကြပါတယ်။
ဒါပေမယ့် ဟိုးအရင်တုန်းကတော့ အဲ့လိုမဟုတ်ပါဘူး။
လောင်နေတဲ့ မီးကိုငြိမ်းလို့ မရတာကြောင့် ဘေးမှာရှိတဲ့ အိမ်တွေကို မီးကူးသွားပြီးတော့ မီးပိုပြီး မကြီးလာအောင်လုပ်ကြတာပဲ ဖြစ်ပါတယ်။
https://mag.japaaan.com/archives/61255
ဒေသတစ်ခုစီ အဖွဲ့တွေခွဲပြီးတော့ အဖွဲ့တိုင်းမှာ အမှတ်အသားတစ်ခုစီနဲ့ မတိုအိ (まとい) ဆိုတဲ့ ခေါင်းဆောင်တစ်ဦးစီက ဦးဆောင်ကြပါတယ်။
အဲ့ဒီခေါင်းဆောင်တွေက ဦးတည်ချက်ထားထားတဲ့ အိမ်ရဲ့ အပေါ် ၊ မြင့်တဲ့နေရာမှာနေပြီးတော့ အိမ်ကိုဖျက်ဆီးဖို့အတွက် အောက်ကလူတွေကို ညွှန်ကြားရပါတယ်။
အဲ့ဒီလို အခုခေတ် မီးသတ်သမားတွေနဲ့ မတူဘဲ အရင်ခေတ်ကမီးသတ်သမားတွေက
အိမ်ကိုဖျက်ဆီးရတဲ့ အလုပ်ကို လုပ်ကြရပါတယ်။
မီးမလောင်ပဲနဲ့ ဖျက်ဆီးခံရတဲ့ အိမ်ပိုင်ရှင်က သနားစရာကောင်းတယ်ဆိုပေမယ့် အဲဒိုတစ်မြို့လုံးပြာကျ သွားတာထက်စာရင် တော်ပါသေးတယ်ဆိုပြီးတော့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
မီးသတ်သမားတွေရဲ့ ယဥ်ကျေးမှုတစ်ခု အနေနဲ့ ဒဲဇိုမဲရှိခိ (出初め式) ဆိုတာရှိပါတယ်။
https://ja.wikipedia.org/wiki/出初式
လှေကားအမြင့်ကြီးတွေနဲ့ တက်ပြီးတော့ အပေါ်မှာ စတန့်တွေပြတယ်ဆိုတဲ့ အတွက်ကြောင့် မီးသတ်သမားတွေက အမြင့်ကြောက်နေလို့မရပါဘူး။
နောက်ပြီးတော့ နှစ်သစ်ကူးမှာ ဒဲဇိုမဲရှိခိ (出初め式) ဆိုတဲ့ ပွဲကိုကျင်းက ကြပါတယ်။
အဲ့ဒီပွဲကိုကျင်းပပြီးတဲ့ အခါမှာ မီးသတ်သမားတွေက အလုပ်ကိုစလုပ်ကြစို့ ဆိုပြီးတော့ နှစ်သစ်ရဲ့ အစ အနေနဲ့ ကျင်းပကြတာဖြစ်ပါတယ်။
စာရေးသူက ငယ်ငယ်ကတည်းကနေ အသက်၄၀ ရောက်တဲ့ အထိ တိုကျိုမှာ ဒဲဇိုမဲရှိခိ (出初め式) ပွဲကို အမြဲတမ်းတွေ့ခဲ့ရပါတယ်။
အခုခေတ်မှာတော့ နှစ်သစ်မှာ ပွဲတော်ကိုကျင်းပကြပေမယ့် ၂နှစ် ၃နှစ်မှ တစ်ကြိမ် ကျင်းပကြပါတယ်။
မီးလောင်မှုတွေထဲမှာ အကြီးဆုံးမီးလောင်မှုရဲ့ သေဆုံးသူဦးရေက အယောက် ၁၀သိန်း၇ထောင်ရှိပါတယ်။
ဂျပန်နိုင်ငံက အဲ့လောက်ထိ ပျက်စီးဆုံးရှုံမှုကို တိုင်းတာလို့မရခဲ့ပါဘူး။
မီးလောင်မှုနဲ့ရန်ဖြစ်တာက အဲဒိုရဲ့ ဂုဏ်ယူစရာတစ်ခု
ဆိုတဲ့ စကားပုံလည်းရှိပါတယ်။
မီးလောင်တာနဲ့ရန်ဖြစ်တာကို ရေးကြီးခွင်ကျယ်လုပ်ကြပါတယ်။
အဲ့ဒါက အဲဒိုမြို့ကို ကြံ့ခိုင်စေတဲ့ အရာလို့ပြောပါတယ်။
ဂျပန်လူမျိုးတွေက အခုထက် ရန်ဖြစ်တာတွေနည်းတဲ့ အတွက် ဂုဏ်ယူစရာတစ်ခု အနေနဲ့ မြင်ကြတာပဲဖြစ်ပါတယ်။
အဲဒိုခေတ်တုန်းက မီးလောင်မှုဖြစ်တဲ့ အခါ ရေမလိုပဲ မီးသတ်သမားတွေရဲ့ အင်အားက အရေးကြီးဆုံးပါပဲ………….