လောင်းကစားရောဂါမှာ ကျရှုံးနေတဲ့ လူငယ်တစ်ဦး

ဂျပန်နိုင်ငံမှာလောင်းကစားတွေ အများကြီးရှိပါတယ်။

စက်ဘီးပြိုင်ပွဲ၊ မြင်းပွဲ၊ မော်တော်ဘုတ်ပြိုင်ပွဲ၊ အော်တိုပြိုင်ပွဲ၊ ထီ၊ ဘောလုံးထီ၊ Pachinko ……..စတာတွေရှိပါတယ်။

အခု လက်ရှိဂျပန်နိုင်ငံမှာ ကာစီနို မရှိသေးပေမယ့် ကမ္ဘာ့အတိုင်းအတာနဲ့ နှိုင်းယှဥ်လိုက်မယ်ဆိုရင် လောင်းကစားတွေ အများကြီးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

နောက်ပြီးတော့ ဘဝကို ဆိုးယုတ်စေတဲ့ အထိ လောင်းကစားထဲမှာနှစ်မြှုပ်နေတဲ့ သူတွေလည်းတော်တော်များလာပါတယ်။

အဲ့ဒီဆိုးယုတ်စေတဲ့ အချက်ကတော့ လောင်းကစားအပေါ်စွဲလမ်းမှုပဲဖြစ်ပါတယ်။

 

လောင်းကစားစွဲလမ်းတဲ့ ရောဂါ ဆိုပြီးတော့ ရောဂါအနေနဲ့ တောင်ဖြစ်လာပါတယ်။

လောင်းကစားကို မရပ်နိုင်ဘူးလို့ ပြောတာက ကိုယ့်ကိုယ်ကို မနိုင်လို့ပဲ မဟုတ်ဘူးလား  ? လို့တွေးမိပါတယ်။

ဒါပေမယ့် ဒီလို အခြေအနေတွေ ဖြစ်လာခဲ့တယ်လို့ အသက် ၂၉ နှစ်အရွယ်

အမျိုးသားတစ်ဦးက ပြောခဲ့ပါတယ်။

 

https://www.excite.co.jp/News/column_g/20181027/Spa_20181027_01516697.html?utm_source=news_i&utm_campaign=fromapp&utm_medium=mail

 

သူကတော့ အခု ဆင်းရဲတဲ့ မြို့တစ်ခုမှာ အကြီးတန်းနိုင်ငံသားတစ်ယောက်အနေနဲ့ နေထိုင်လျက်ရှိပါတယ်။

Pachinko ကစားရင်း ယန်း သိန်း၃၀ ချေးယူ ခဲ့ပြီး အကြွေးတွေနဲ့ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

အချိန်အပိုင်းအလုပ်တွေလည်းရှိပေမယ့် ချေးငွေတွေလည်းပြန်မဆပ်နိုင်တဲ့ အပြင် နောက်ဆုံးလုံးဝမွဲတေသွားတာဖြစ်ပါတယ်။

အချိန်ပိုင်းလုပ်ရင်းနဲ့ ရတဲ့ ပိုက်ဆံကို လောင်းကစား ထပ်လုပ်လိုက်တာကြောင့် ဘာအကြွေးမှလည်းမဆပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

သူကလက်ရှိမှာ လစဥ် ယန်း ၁ သိန်း ၃သောင်းလောက် ထောက်ပံ့ကြေးတွေရရှိနေပေမယ့် တစ်ပတ်မှာ ၆ ရက်လောက်က လောင်းကစားရောဂါကို ကုဖို့ အတွက် ဆေးခန်းပြနေရပါတယ်။

ဒါပေမယ့် အဲ့ဒီ ယန်း ၁ သိန်း ၃သောင်း က သူလက်ထဲကို ရောက်မလာပါဘူး။

သူ့ရဲ့ မိဘတွေဆီကနေတဆင့် အဲ့ဒီထဲကနေ နေထိုင်မှုစရိတ်ကို ယူပြီးတော့ ၁ရက်ကို ယန်း ၁ထောင် တစ်ပတ် နှုန်းနဲ့ ရရှိတာဖြစ်ပါတယ်။

ဆေးခန်းပြခါစ မှာ ၂ရက်လောက် Pachinko ဆိုင်ကို သွားမိပြီးတော့ မိနစ် ၃၀ နဲ့ အကုန်ပြောင်အောင်သုံးခဲ့မိပါတယ်။

 

သူအိမ်မှာရှိတဲ့ ဖခင်ဖြစ်သူကပါ လောင်းကစားစွဲလမ်းတဲ့ ရောဂါဖြစ်နေပါတယ်။

 

လောင်းကစားထဲမှာ နှစ်မြှုပ်နေပြီးတော့ ရုန်းမထွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြောင်းလဲချင်ပေမယ့် ပြောင်းလဲလို့မရတဲ့ နစ်နာစရာ တစ်ခုပါပဲ။

နောက်ပြီတော့ ပတ်ဝန်းကျင်ကလူတွေလည်းဘယ်သူမှ နားမလည်ပေးကြပါဘူး။

ကြိုးစားထားနော်လို့ပြောရတာလွယ်ပေမယ့် ၂၉ နှစ်အရွယ် မှာ ဟိုးအောက်ဆုံးနေရာရဲ့ အစကနေ

ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာ လမ်းပျောက်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။

ကူညီထောက်ပံ့ပေးတဲ့ ပိုက်ဆံတွေလည်း ဒီလိုဖြစ်နေမှတော့ ဘယ်လိုကယ်တင်ပေးရမလဲဆိုတာကို ပတ်ဝန်းကျင်ကလည်း ခေါင်းစားနေပါတယ်။

ဒါကြောင့် နှစ်မြှုပ်ပြီးရင် ပြန်ရုန်းထွက်ရခက်တဲ့ လောင်းကစားလောကထဲကို မရောက်ဖို့အတွက် အပျင်းပြေပဲဖြစ်ဖြစ် ဆော့ဖူးချင်လို့ပဲဖြစ်ဖြစ် ဘာလိုပဲဖြစ်ဖြစ် ယောင်ပြီးတောင်မသွားလိုက်ပါနဲ့နော် !

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: