ထမင်းဘူးပြင်ပေးမယ့်စက်ရုပ်

အရင်က ဂျပန်မှာ Convenience စတိုးဆိုင်တွေသိပ်မရှိသေးတဲ့အချိန်ကဆို ထမင်းဘူးကို အမေတွေကဘဲ ထမင်းဘူးပြင်ပေးနေကျပါ။

အဲဒါကြောင့် ထမင်းဘူးပါလာတယ်ဆိုရင် အမေပြင်ပေးလိုက်တယ်လို့မှတ်ယူပြီးသားပေါ့နော်။

နောက်ပိုင်းအိမ်ထောင်ပြုပြီးတဲ့အခါ မိန်းမဖြစ်သူက ထမင်းဘူးပြင်ပေးပါတယ်။

 

အခုဆိုရင်တော့ ထမင်းဘူးတွေကို စတိုးဆိုင်တွေမှာ အလွယ်တကူဘဲ၀ယ်လို့ရပါပြီ။

စားရင်လည်း အရသာရှိတဲ့ထမင်းဘူးတွေကို စက်ရုံတွေမှာ လူတွေက ထုပ်ပိုးပြင်ပေးခဲ့ကြပါတယ်။

အဲလိုလူတွေကနေပြီး အခုဆိုရင်တော့ စက်ရုပ်တွေကလုပ်တဲ့ခေတ်ကို

ရောက်ပါတော့မယ်!!!

 https://headlines.yahoo.co.jp/videonews/nnn?a=20181031-00000051-nnn-soci

 

အပေါ်ကပုံထဲမှာဆိုရင် ညာဘက်အခြမ်းက စက်ရုပ်ပါ။

သူလုပ်နေတာကတော့ ထမင်းဘူးတွေထဲမှာ လူကြိုက်အများဆုံး ကြက်သားကြော်ထမင်းဘူးပါ။

 https://rocketnews24.com/2016/08/22/786710/

ထမင်းကို စက်နဲ့ထည့်ပြီးတော့ ကြက်ကြော်ကိုလည်း အလိုအလျှောက်စက်ကဘဲလုပ်သွားတာပါ။

 

ဒါပေမယ့် အခုလက်ရှိမှာတော့ စက်ရုပ်ကလူကို မမှီသေးပါဘူး။

တစ်နာရီမှာ လူကပြင်ပေးတဲ့ထမင်းဘူးအရေအတွက်က ဘူးပေါင်း၈၀၀လောက်ပြီးပေးမယ့်

စက်ရုပ်က ဘူးပေါင်း၆၀၀အထိဘဲ လုပ်နိုင်သေးတယ်လို့သိရပါတယ်။

နောက်နည်းနည်းနည်းပညာမြင့်ရင်တော့ လူထက်တောင် မြန်သွားမယ်ထင်တယ်နော်. 

ဒီကြက်ကြော်ထမင်ဘူးပြင်ပေးတဲ့ စက်ရုပ်ရဲ့ စျေးနှုန်းကတော့ သာမန်၀န်ထမ်းတစ်ဦး၏ ၂နှစ်စာလစာလောက်ရှိပါတယ်။ 

ငါးနှစ်ကနေ ဆယ်နှစ်အထိအသုံးခံနိုင်တာနဲ့ယှဥ်ကြည့်ရင်တော့ လျှပ်စစ်ခ၊ ပြုပြင်တဲ့စရိတ်တွေပေါင်းလိုက်ရင်တောင်မှ လူထက်စာရင်ကုန်ကျစရိတ်သက်သာတယ်လို့ပြောရမှာပါ။

 

စာဖတ်သူတို့ရော ဒီလိုစက်ရုပ်တစ်ရုပ်လောက်

အိမ်မှာ မ၀ယ်ထားချင်ဘူးလား ??

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: