ဆောက်လုပ်ရေးလုပ်ငန်းခွင်က ခွေးစက်ရုပ်

ဂျပန်မှာ အသက်အရွယ်အိုမင်းတဲ့သူတွေများလာပြီး အလုပ်လုပ်နိုင်တဲ့သူတွေနည်းပါးလာပါတယ်။

စက်ရုံ၊အလုပ်ရုံတွေမှာဆိုရင် နိုင်ငံခြားသားအလုပ်သမားတွေ တဖြည်းဖြည်းနဲ့များလာတဲ့အနေအထားပါ။

 

အခုနောက်ပိုင်း ဘယ်အလုပ်မဆို စက်ရုပ်အစားထိုးဖို့ ကြိုးစားလာကြတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ စက်ရုပ်ခွေးတွေကို အစားထိုးလာကြပါတယ်။

 

အောက်ကပုံကတော့ ခွေးစက်ရုပ်ပါ။

https://wired.jp/2018/10/13/boston-dynamics-robot-dog/

 

စတင်တီထွင်ထုတ်လုပ်ခဲ့တာကတော့ ဂျပန်ကုမ္ပဏီမဟုတ်ဘဲ အမေရိကားက Boston Dynamicsဆိုတဲ့ ကုမ္ပဏီပါ။

 

SpotMiniလို့ခေါ်တဲ့ ဒီခွေးစက်ရုပ်က ဂျပန်ရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အစမ်းသုံးဖို့အတွက် မိတ်ဆက်လိုက်တာပါ။

https://www.youtube.com/watch?v=wND9goxDVrY&feature=youtu.be

ခြေထောက်လေးချောင်းလုံး အကုန်လှုပ်ရှားလို့ရပြီး ကြမ်းတမ်းတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ‌ရွေ့လျားလုပ်ဆောင်နေတာပါ။

လှေကားလည်းတက်လို့ရတယ်လေ။

လူလိုဘဲ ခြေနှစ်ချောင်းနဲ့လှုပ်ရှားတဲ့စက်ရုပ်တွေလည်း များလာပေမယ့် သိပ်တော့ စိတ်မချရသေးပါဘူး။

အခုလောလောဆယ်တော့ ခြေ‌ထောက်နှစ်ချောင်းနဲ့စက်ရုပ်ထက် ဒီလိုခြေလေးချောင်းစက်ရုပ်က ပိုပြီး အသုံးတဲ့မယ်ထင်ပါတယ်။

 

စက်ရုပ်တွေကစျေးကြီးတယ်လို့ထင်ရပေမယ့် လစာပေးဖို့လည်းမလိုသလို ဘက်ထရီရှိတဲ့အတွက် တစ်ညလုံးအလုပ်လုပ်ခိုင်းလို့လည်းရသလို

အလုပ်လုပ်ချိန်များလို့ဆိုပြီး တုန့်ပြန်ပြောတာမျိုးလည်းမရှိဘူးလေ။

ထိခိုက်အနာတရဖြစ်မှာလည်း မစိုးရိမ်ရသလို ပျက်စီးသွားခဲ့ရင်လည်း နောက်အသစ်တစ်ခု၀ယ်လို့ရတော့ တော်တော်အဆင်ပြေပါတယ်။

 

နောက်ဆိုရင် လူတွေနေရာမှာ စက်ရုပ်တွေကဘဲ အစားထိုး၀င်လာရင်

လုပ်ငန်းခွင်မှာ ဘယ်လိုတွေဖြစ်လာမလဲနော်???

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: