သေသွားရင်ဘယ်ကိုသွားကြမလဲ ? အလောင်းဟိုတယ်ဆိုတဲ့ စီးပွားရေးအသစ်

ဂျပန်လူမျိုးတွေသေဆုံးသွားပြီးနောက် မဖြစ်အနေ မီးသဂြိုလ်ရပါတယ်။

အဲ့ဒါက သဘာဝပဲ ဆိုပေမယ့် ကိုယ်ကိုတိုင် သဂြိုလ်ရမှာ မဟုတ်ပဲ မီးသဂြိုလ်တဲ့

နေရာကိုယူသွားရမှာပဲဖြစ်ပါတယ်။

http://www.urawa-saijo.com/kasou.php

 

ဆက်လက်ပြီး လျင်မြန်စွာတိုးတက်နေတဲ့ သက်ကြီးရွယ်အိုနှုန်းက ဂျပန်နိုင်ငံမှာ မကြာသေးခင်က တစ်နှစ်အတွင်းကို အယောက် ၁၃သိန်း သေဆုံးနေတယ်ဆိုတဲ့ ခေတ်ကို ရောက်ရှိလာပါတယ်။

အဲ့ဒီအခါမှာ မီးသဂြိုလ်တဲ့နေရာကို တိုးချဲ့ လို့မရတော့ပါဘူး။

အိမ်ရဲ့ ဘေးမှာ မီးသဂြိုလ် မယ်ဆိုရင် ဘယ်လိုလဲ?

သိပ်ပြီးအဆင်မပြေဘူးနော်။

အဲ့လို ပြဿနာကနေ ဒေသခံတွေနဲ့ အတိုက်အခံလုပ်ရပြီးတော့ မီးသဂြိုလ်တဲ့နေရာကိုတိုးချဲ့လို့ မရပါဘူး။

အခုချိန်မှာတော့ စနစ်တကျ အသုဘဝန်ဆောင်မှုကို လုပ်ဆောင်နေတဲ့အခါမှာ အလောင်းကိုထိန်းသိမ်းထားနိုင်ဖို့အတွက် အထူးအလုပ်သမားတွေက ရေခဲအစရှိတာတွေနဲ့ အလောင်းတွေကို ထိန်းသိမ်းထားပါတယ်။

နောက်ပြီးတော့မီးသဂြိုလ်ဖို့ အတွက်ပြင်ဆင်မှုကို စောင့်နိုင်တဲ့ အတွက် အဲ့ဒီအခြေအနေကိုလည်းပြောင်းလဲလို့ရပါတယ်။

  

အသုဘမလုပ်ဘူး

 

အဲ့လိုအိမ်တွေက တိုးပွားလာပါတယ်။

အသုဘက ဂျပန်မှာဆိုရင် ကုန်ကျစရိတ်က တော်တော်လေးကိုများပါတယ်။ ယန်း ၁၀သိန်း နဲ့ ၁၅သိန်းဝန်းကျင်လောက်ရှိတယ်လို့ ပြောကြပါတယ်။

ဆေးရုံမှာ မသေခင်အထိ ပိုက်ဆံတွေကုန်ခဲ့ရတဲ့အိမ်တွေတွေက အသုဘပွဲကို မကျင်းပနိုင်တဲ့

ဆေးဘက်ဆိုင်ရာနည်းပညာရဲ့ တိုးတက်မှုမရှိသေးတဲ့ အချိန် ကြာနေခဲ့တာက အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။

 

အသုဘမှာ ပွဲနေရာကို ငှားတာများပေမယ့် မိမိတို့ရဲ့ အိမ်မှာလည်း သေချာပေါက်ကျင်းပလို့ရပါတယ်။

အဲ့ဒီနည်းလမ်းက ကုန်ကျစရိတ် တွေ မကုန်ကျဘူးဆိုပေမယ့် တိုက်ခန်းတွေမှာနေတဲ့အခါ အလောင်းကို အိမ်ထိ ရွေ့ပြောင်းထားလို့မရပါဘူး။

အဲ့ဒါကလည်း အရင်ကတည်းက အခြေအနေမကောင်းတဲ့ ကြီးမားတဲ့ အချက်ပဲဖြစ်ပါတယ်။

 

အဲ့လိုဆိုရင်ဘယ်လိုလုပ်မလဲ?

မီးသဂြိုလ်ဖို့စောင့်နေတဲ့ အချိန်အတွင်းမှာ ထိန်းသိမ်းတဲ့နေရာမရှိတဲ့ အတွက် ထိန်းသိမ်းဖို့နေရာလိုအပ်ပါတယ်။

အဲ့ဒါကတော့

 

အလောင်း ဟိုတယ်

 

ဖြစ်ပါတယ်။

စျေးနှုန်းကတော့ တစ်ညကို ယန်း ၁၂၀၀၀ ကနေ ၂၂၀၀၀ ထိဖြစ်ပါတယ်။

အခန်းအပူချိန်က ၅ ဒီဂရီအောက်မှာ ထိန်းသိမ်းထားပြီးတော့ သေသွားတဲ့ သူကိုနှုတ်ဆက်စကားပြောဖို့လာတဲ့ ဧည့်သည်အတွက် ဝန်ဆောင်မှုတွေလည်းပေးပါတယ်။

http://news.livedoor.com/article/image_detail/15446131/?img_id=19059052

 

ဂျပန်မှာတော့ လူတွေရဲ့ အဆင့်တန်းမြင့်တဲ့ ပွဲဖြစ်တဲ့ အသုဘရဲ့ ပုံစံကို ကြီးကြီးမားမားပြောင်းလဲလျက်ရှိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: