အထီးကျန်သေဆုံးခြင်းရဲ့ ဝမ်းနည်းစရာ အကြောင်း

ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုမြင့်မားတဲ့ နိုင်ငံဖြစ်ပါတယ်။

သက်ကြီးရွယ်အိုက တဖြည်းဖြည်းမြင့်တက်လျက်ရှိပါတယ်။

ပြီးတော့ သက်ကြီးရွယ်အိုတွေက တစ်ယောက်ထဲ အသက်ရှင်ရပါတယ်။

အဲ့ဒီအတိုင်းသေဆုံးသွားပြီးတော့ ဘယ်သူမှရှာမတွေတဲ့ အတိုင်းပုတ်ပွနေပါတော့တယ်။

 

အဲ့ဒါက သက်ကြီးရွယ်အို တွေရဲ့ ပြဿနာပဲ မဟုတ်ပါဘူး။

အလုပ်နဲ့ မကိုက်ညီတဲ့ လူငယ်တွေက အိမ်ကနေ ထွက်ခွာသွားပြီးတော့ စားသောက်ဖို့ ပိုက်ဆံ မရှိတဲ့ အတွက် ငတ်မွတ်ပြီးသေဆုံးသွားရတဲ့ အဲ့လို ပြဿနာတွေလည်းပေါ်ထွက်လျက်ရှိပါတယ်။

တစ်ယောက်ထဲဖြစ်သွားတဲ့ သူတွေရဲ့ပူံစံက ဘယ်လိုမျိုးပါလိမ့်?

ပုံစံငယ်လေးကို အသုံးပြုပြီး ဖော်ပြထားတဲ့ သူတွေလည်းရှိပါတယ်။

 

လက်တွေ့မှာ အထီးကျန်ပြီးသေဆုံးခဲ့တဲ့သူရဲ့ အခန်းကို သန့်ရှင်းရေးလုပ်နေတဲ့ သူတွေက မြင်ကွင်းပုံစံတစ်ခုနဲ့ ဖော်ပြထားပါတယ်။

http://nlab.itmedia.co.jp/nl/articles/1808/22/news118.html#l_ma_end14_w400.jpg

 

ဂျပန်စတိုင် အိမ်ခန်း ဖြစ်ပါတယ်။ ဒါက အဲ့ဒီလောက် မပျက်စီးပေမယ့် အထီကျန်ပြီး သေဆုံးခဲ့တဲ့သူရဲ့အခန်းပစ္စည်းတွေကိုဘယ်လိုလုပ်မလဲ? ဆိုတာက ကျန်ရစ်သူမိသားစုတွေရဲ့ကြားမှာ ဆွေးနွေးလာရတဲ့ အရာဖြစ်ပါတယ်။

သေဆုံးသွားတဲ့သူနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ အရာတွေက များတယ်လို့ထင်တဲ့ အတွက်ကြောင့် အသက်ရှင်နေစဥ်တုန်းက မိသားစုနဲ့ ဆက်ဆံရေးမကောင်းပဲ တစ်ဦးတည်းနေထိုင်တာများလာတဲ့အတွက် ကျန်ရစ်တဲ့ ပစ္စည်းတွေကို သိမ်းယူဖို့ကို ငြင်းတဲ့ ကျန်ရစ်သူမိသားစု ကလည်းများပါတယ်။

http://nlab.itmedia.co.jp/nl/articles/1808/22/news118.html#l_ma_end14_w400.jpg

 

နံရံပေါ်မှာရေးထားတဲ့ စာက တောင်းပန်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။

ပြီးတော့ အဲ့ဒီအောက်ရဲ့ စားပွဲပေါ်မှာက မိသားစုဆီကိုရေးထားတဲ့ စာကိုတင်ထားပါတယ်။

http://nlab.itmedia.co.jp/nl/articles/1808/22/news118.html#l_ma_end14_w400.jpg

အိမ်သာမှာသေနေတဲ့သူတွေလည်းအများကြီးပါပဲ။

အထူးသဖြင့်ဆောင်းရာသီမှာ အခန်းရဲ့ အပူ နဲ့ အိမ်သာရဲ့ အအေးက အပူအအေးကွာခြားမှုက ကြီးမားတဲ့ အတွက်နှလုံးရပ်ပြီးသေသွားရတဲ့သူလည်းများပါတယ်။

သေသွားပြီးတဲ့ နောက်မှာ ခန္ဓာကိုယ်က အရည်တွေထွက်လာပြီး အခြေနေကတော်တော်လေးကို ပြင်းထန်ပါတယ်။

http://nlab.itmedia.co.jp/nl/articles/1808/22/news118.html#l_ma_end14_w400.jpg

 

ရေချိုးကန်တွေမှာဆိုရင်လည်းထိုနည်းလည်းကောင်းပါပဲ။

ရေချိုးကန်ထဲမှာသေနေတဲ့ အလောင်းတွေကအဲ့ဒီအတိုင်း ပျက်စီးပြီး ခန္ဓာကိုယ်အရည်တွေထွက်လာပြီးအရည်တွေပျော်ကုန်ပါတယ်။

http://nlab.itmedia.co.jp/nl/articles/1808/22/news118.html#l_ma_end14_w400.jpg

 

ဆီးချိုရောဂါဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အခန်းဖြစ်ပါတယ်။

ကြောင်လေးကောင်ကို မွေးထားပြီးတော့ ၂ကောင်က အစာငတ်ပြီးသေဆုံးသွားပါတယ်။

ကျန်တဲ့နှစ်ကောင်ကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။

 

http://nlab.itmedia.co.jp/nl/articles/1808/22/news118.html#l_ma_end14_w400.jpg

 

အမှိုက်တွေပဲ ရှိတဲ့ အခန်းမှာ သေဆုံးခဲ့တယ်ဆိုတာမျိုးလည်း ရှိပါတယ်။

အဲ့ဒီလိုသေတာက ငယ်ရွယ်တဲ့ မိန်းကလေးတွေအများဆုံးပဲဖြစ်ပါတယ်။

ကုမ္ပဏီနဲ့ကိုက်ညီမှုမရှိတဲ့အတွက် အခန်းကနေမထွက်ပဲ ဘာမှလုပ်ချင်စိတ်မရှိတဲ့ အတွက်ကြောင့်သန့်ရှင်းရေးတောင်မလုပ်တော့ ပါဘူး။

ပြီးတော့အဲ့ဒီအတိုင်းငတ်မွတ်ပြီး သေဆုံးသွားပါတော့တယ်။

 

အောက်ထပ်ကတိုင်ကြားစာတွေကိုလည်း ဂရုမစိုက်တဲ့ အခြေနေတွေလည်းရှိပါတယ်။

ဥပမာ အဲ့လိုပုံစံ ဖြစ်ပါတယ်။

http://nlab.itmedia.co.jp/nl/articles/1808/22/news118.html#l_ma_end14_w400.jpg

 

သေသွားတဲ့သူရဲ့ အလောင်းတွေက ပုပ်လာပြီးတော့ ခန္ဓာကိုယ်ရဲ့ အရည်တွေက ယိုစိမ့်လာပါတယ်။

အဲ့ဒါတွေက ကြမ်းပြင်ကိုထိုးဖောက်ပြီးစီးဆင်းလာပါတယ်။

http://nlab.itmedia.co.jp/nl/articles/1808/22/news118.html#l_ma_end14_w400.jpg

 

အောက်ကကြမ်းပြင်ပေါ်ရောက်လာပါတယ်။

http://nlab.itmedia.co.jp/nl/articles/1808/22/news118.html#l_ma_end14_w400.jpg

 

 

အဲ့လောက်ထိမဖြစ်ခင် ဆိုးရွားတဲ့ အနံ့ ကို ပတ်ဝန်းကျင်က လူတွေသတိထားမယ်ဆိုတာ သေချာပါတယ်။

သို့ပေမယ့် စိတ်ပျက်ဖို့ကောင်းတဲ့ အကြောင်းရာနဲ့ မပက်သက်ချင်ဘူးဆိုပြီးတွေးတဲ့ သူက များပြီး ဂရုမစိုက်ဘဲနေတဲ့ ရလဒ်ကိုပဲရရှိပါတယ်။

 

 

အဲ့ဒီဒေသမှာဆိုရင်အခန်းရဲ့သန့်ရှင်းရေးလုပ်တာက တော်တော်လေးကို ငွေကြေးအကုန်ကျများပါတယ်။

ပြီးတော့လူသေထားခဲ့တဲ့ အခန်းမှာဆိုရင် ဘယ်သူမှမနေတော့ဘဲ တော်တော်လေး စျေးသက်သက်သာသာနဲ့ ဆိုရင်ငှားတဲ့ သူတွေများလာပါလိမ့်မယ်။

ဂျပန်ရဲ့ အခြေနေက သူတို့ဥပဒေနဲ့ဆုံးဖြတ်ထားတဲ့ အဲ့လိုအခန်းတွေက “စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိတယ်”လို့ မသတ်မှတ်ထားလို့မရပါဘူး။

အဲ့ဒီပျက်စီးဆုံးရှုံးမှုတန်ဖိုးက ကျန်ရစ်သူမိသားစုလည်း အခကြေးငွေမပေးတဲ့ အတွက် အခန်းရဲ့ ပိုင်ရှင်က ဝန်လေးရပါတော့တယ်။

အဲ့ဒါကို မကြိုက်တဲ့ အခန်းရဲ့ ပိုင်ရှင်က တစ်ယောက်ထဲနေထိုင်တဲ့သူတွေကိုမငှားရမ်းတဲ့ နေရာတွေက တိုးပွားလာခဲ့ပါတယ်။

ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေကလည်းဆက်လက်တိုးပွားလျက်ရှိပြီးတော့ သွားရမယ့်နေရာတွေကလည်းတဖြည်းဖြည်းနဲ့ နည်းလာပါတော့တယ်။

အဲ့ဒီလိုနဲ့ ဂျပန်က ဘယ်လိုမျိုးတွေဖြစ်လာဦးမလဲနော်………

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: