ကာတွန်းဇာတ်ကောင် နိုင်ငံရေးသမားများ?

ကာတွန်းချစ်သူတွေများပြားလှတဲ့ ဂျပန်

 

ကာတွန်းဇာတ်ဆောင်ဝတ်စုံတွေ ရေပန်းစားတာက လူငယ်တွေကြားတင်မဟုတ်ပဲ နိုင်ငံရေးသမားတွေလည်း ကာတွန်းဇာတ်ဆောင်ဝတ်စုံတွေ ဝတ်လာကြပါတယ်။

 

တို့တိုရိခရိုင်မှာရှိတဲ့ Kurayoshi Figure Museum လို့ခေါ်တဲ့ အနုပညာပြခန်း ပြီးမြောက်ခြင်း အခမ်းအနားမှာ အဲဒီဒေရဲ့ နိုင်ငံရေးသမားတွေ လည်း တက်ရောက်ခဲ့ပါတယ်။

 

ဒီလိုပုံစံတွေနဲ့ တက်ရောက်ခဲ့တာပါ။

https://gigazine.net/news/20180404-politicians-always-cosplay-dragon-ball/

ဟယ်….Dragon Ball ထဲက Majin Buuများလား? ဟယ်….Dragon Ball ထဲက Majin Buuများလား?

ဒီနိုင်ငံရေးသမားကတော့ အိရှိဘရှိဂဲရု ပဲဖြစ်ပါတယ်။

 

ကာကွယ်ရေးဦးစီးချုပ်ရုံးမှာလည်း တာဝန်ထမ်းဆောင်နေသလို၊ တီဗွီမှာလည်း မကြာခဏတွေ့ရတဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပါတယ်။

 

ကိုယ့်ဒေသအတွက် ဒီလိုဝတ်ဆင်လာခဲ့တဲ့ပုံပါပဲ။

https://gigazine.net/news/20180404-politicians-always-cosplay-dragon-ball/

 

ရှက်နေတာလား၊ ပျော်နေတာလား မသဲကွဲပေမယ့်မျက်နှာကတော့ အတော်လေးပြုံးရွှင်နေပါတယ်။

 

 

ဒါပေမဲ့ထူးဆန်းတာက ဘာလို့ Majin Buuဝတ်စုံကို ရွေးဝတ်လာတာလဲ။

 

အဲဒါကဒီပုံကို ကြည့်ကြည့်ပါ။

https://gigazine.net/news/20180404-politicians-always-cosplay-dragon-ball/

 

ဒါက ဒီဒေသရဲ့ မြို့တော်ဝန်က Goku ဇာတ်ဆောင်အဖြစ်ဝတ်ဆင်လာတာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ မျက်မှန်တပ်ထားတဲ့ Gokuက ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။

 

ဒီမှာကတော့ Dragon Ballရဲ့ Bejitaပဲဖြစ်ပါတယ်။

https://gigazine.net/news/20180404-politicians-always-cosplay-dragon-ball/

 

သူလည်းအိရှိဘလိုပဲ တို့တိုရိဒေသဖွား နိုင်ငံရေးသမားတစ်ယောက်ပါ။ နာမည်ကတော့ မအိတချိဖြစ်ပါတယ်။

 

အာ…ကာတွန်းထဲကအတိုင်းဆိုရင်၊ အိရှိဘက မအိတချိ ကို သတ်ပစ်မှာပေါ့နော်။

 

Gundam ထဲက Amuroကိုလည်းရှာတွေ့ခဲ့ပါတယ်။

 

ဒါကတော့ ခရိုင်အစိုးရပဲဖြစ်ပါတယ်။

https://gigazine.net/news/20180404-politicians-always-cosplay-dragon-ball/

 

နိုင်ငံရေးသမားအားလုံး ဒီလိုမျိုးကာတွန်းဇာတ်ဆောင်ဝတ်စုံတွေ ဝတ်ဆင်လာတယ်ဆိုတာ ဂျပန်မှာလည်း ပြိုင်စံရှားထဲက အထူးခြားဆုံးပြိုင်စံရှားပါပဲ။

 

ဒီလောက်အထိကြိုးစားထားတဲ့ နိုင်ငံရေးသမားတွေအတွက် ရွေးကောက်ပွဲက အနိုင်မဲတွေနဲ့ စောင့်ကြိုနေမယ့်ပုံပါပဲ။

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: