နတ်ဆိုးရဲ့ဓား၊ Murasame။ ကြောက်စရာကောင်းတဲ့ ဒဏ္ဍာရီတွေက အတုအယောင်များလား?

ဆာမူရိုင်းတွေကိုင်တဲ့ဓား ဂျပန်ဓား (Nihontō) လို့ခေါ်ပါတယ်

ဂျပန်ဓားမှာ ဆာမူရိုင်းဝိဉာဉ် ရှိတယ်လို့ဆိုကြပြီး ဒီလိုဓားမျိုးကို ကိုင်ရင်းလမ်းလျှောက်ရတာ ဆာမူရိုင်းတွေရဲ့ ဂုဏ်ယူမှုတစ်ခုပါပဲ

အလှဆင်ထားတဲ့ ဓားဟာ ဆာမူရိုင်းတွေရဲ့ အသွင်အပြင်တွေထဲက တစ်ခုဖြစ်ပါတယ်

ဓားတစ်ချောင်းရဲ့ အနှစ်သာရဖြစ်တဲ့ တိကနဲပြတ်အောင်ခုတ်နိုင်တဲ့ ထက်မြက်ပုံကိုတော့  အလွယ်တကူ ပြန်မထုတ်နိုင်ပါဘူး။

ဒီလိုဒဏ္ဍာရီလာ လက်မှုပညာသည်တွေ သမိုင်းမှာ ပေါ်ထွက်ခဲ့ပါတယ်။

ဒီလိုဒဏ္ဍာရီလာ လက်မှုပညာသည်တစ်ယောက် ဖန်တီးထားတဲ့လက်ရာကတော့ Murasame ဓားပဲဖြစ်ပါတယ်

ဓားကိုဆွဲထုတ်လိုက်တဲ့အခါ နှင်းစက်တွေ ထွက်လာတယ်

ချမ်းတုန်ခြင်းကို ဖြစ်စေတဲ့ ရူးသွပ်သောဓားတစ်လက်

အသုံးပြုသူက လူသတ်ချင်စိတ် တိုးလာရင် အစိုဓာတ်က ပိုတိုးလာမယ်၊

လှုပ်လိုက်တဲ့အခါ ထိပ်ဖျားကထွက်တဲ့ ရေက မိုးရွာသလိုပဲ။

ဂိမ်းတွေထဲမှာ Murasamemaru နဲ့ MURASAME ဆိုတဲ့ ကြောက်စရာ  ဓားနာမည်တွေကို ကြားဖူးကြမယ်ထင်ပါတယ်။

ဒါပေမယ့် ဒီဓားဟာ တကယ်မရှိပါဘူး

 Nanso Satomi Hakkenden ဆိုတဲ့ ဝတ္ထုမှာပါတဲ့ Murasamemaru အမည်ရှိတဲ့ဓားက ဒီဒဏ္ဍာရီရဲ့ မူလအစပဲဖြစ်ပါတယ်

Murasame ဆိုတဲ့နာမည်ကို ဒီလောက်အထိကြောက်ရတာ၊ လူသိများသွားတာက အကြောင်းရှိပါတယ်

Murasame လို့အမည်ရတဲ့ ဓားတစ်ချောင်းဟာ တကယ်ရှိခဲ့ပါတယ်

ဒါပေမယ့် အများကြီးထုတ်လုပ်ထားတဲ့ ထုတ်ကုန်တစ်ခုပါပဲ

ဆာမူရိုင်းခေတ်က ပေါ်ထွက်လာတဲ့ Murasame ဓားဟာ ကြည့်ရတာလက်ရာမြောက်လှပြီး ခုတ်ရတာလည်းကောင်းပါတယ်

တစ်ပုံစံတည်းအများကြီးထုတ်ရောင်းခဲ့ပေမယ့် ဈေးသက်သာတာကြောင့် လူကြိုက်များခဲ့ပုံပါပဲ

ဒါဆိုဘာလို့ဒီဓားကို သွေးဆာတဲ့ဓားဆိုပြီး ပြောကြလဲဆိုတာကတော့…

နာမည်မှားနေတာမဟုတ်ဘူးလား? လို့လည်းပြောကြပါတယ်

Murasame နဲ့နည်းနည်းပဲလွဲတဲ့ Muramasa ဆိုတဲ့ ဓားတစ်ချောင်းရှိပါသေးတယ်

ဒီဓားဟာ ဂျပန်ကို ပေါင်းစည်းပြီး ဆာမူရိုင်းခေတ်ကို အဆုံးသတ်စေခဲ့တဲ့ Tokugawa Ieyasu မျိုးနွယ်ကို ကျိန်စာတိုက်ထားတယ်လို့ ပြောကြပါတယ်

Ieyasu ရဲ့အဖိုးကို Muramasa ဓားနဲ့ သတ်ပစ်ခဲ့တယ်။

Ieyasu ရဲ့ဖခင်ပိုင်ဆိုင်တဲ့ Wakizashi လို့ခေါ်တဲ့ ဓားငယ်တစ်ချောင်းကြောင့် Ieyasu ကိုယ်တိုင် ဒဏ်ရာရခဲ့တယ်။

Ieyasu ရဲ့အကြီးဆုံးသား၏ဦးခေါင်းကို seppuku လုပ်တဲ့အချိန် ဖြတ်ခဲ့တာကလည်း Muramasa ဓားပါပဲ

Tokugawa မျိုးနွယ်စုတစ်ခုလုံးရဲ့ အသက်ကို ယူငင်သွားခဲ့တဲ့ ဓားတစ်ချောင်းဆိုတာကတော့ မမှားပါဘူး

ဒါကတော့ ဒဏ္ဍာရီလာ Muramasa ဓားကိုယ်ထည်ပဲဖြစ်ပါတယ်

နာမည်နည်းနည်းဆင်တူတာကြောင့် ရောပြီး ကျိန်စာသင့်ဓားလိုလို ဖြစ်သွားပုံပါပဲ

ဒါပေမယ့် Muramasa ဟာလည်း ထိပ်တန်း လက်မှုပညာသည်တွေက ဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခုဖြစ်ပါတယ်

အလွန်ကောင်းမွန်စွာ ပြုလုပ်ထားတာကြောင့် နတ်ဆိုးဓားလို့ ခေါ်ခံရတာကတော့ သနားစရာကောင်းလှပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: